💸Bitcoin အပါအဝင် Cryptocurrency ဈေးကွက်အပေါ် ကမ္ဘာ့ဗဟိုဘဏ်ကြီးများ၏ ၂၀၁၈ ခုနှစ်အတွက် သဘောထား 💸

မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၁၇ ခုနှစ် ဟာ Cryptocurrency ( Digital ငွေကြေး ) တွေအင်မတန်မှ လှုပ်ခတ်ခဲ့တဲ့ သမိုင်းဝင်နှစ်တစ်နှစ်ပါပဲ။ ကမ္ဘာ့ဗဟိုဘဏ်များရဲ့ Cryptocurrency ဈေးကွက်အပေါ် သဘောထားတွေကို မပြောခင်မှာ အရင်ဦးဆုံး ကျွန်တော်ဘာကြောင့် ဒီဈေးကွက်အပေါ် မျက်ခြေမပြတ်လေ့လာပြီး မျှဝေနေတာလဲဆိုတာလေး စပြောချင်ပါတယ်။

၂၀၁၇ တစ်နှစ်လုံးမှာ ကျွန်တော် Bitcoin ဝယ်ယူမှုကို ဘယ်သူ့ကိုမဆို လုံးဝအားမပေးဘဲ အပြတ်ကို တားမြစ်ခဲ့ပါတယ်။ အရင်က ပြောခဲ့ပြီးဖြစ်သလို Market History မရှိသေးတာ၊ တကယ်ခိုင်မာတဲ့ Huge Investor Source ကြီးမားစွာရင်းနှီးမြှုပ်နှံသူ မရှိသေးတာ၊ Speculations ဈေးကစားလှုံ့ဆော်မှုကြောင့် ဝယ်သူများပြီး ထိုးတက်လာတဲ့ ဈေးကွက်ဖြစ်နေတာ တို့အပါအဝင် အကြောင်းအရင်းများစွာအတွက် BitCoin အပါအဝင် Cryptocurrency တွေကို ဒီအနေအထားမှာ မဝယ်သင့်ကြောင်း လုံးဝ တားမြစ်ခဲ့တာပါ။

ဒါပေမယ့် ပြောင်းလဲလာတဲ့ ကမ္ဘာကြီးရဲ့ စီးပွားရေး ပုံစံတွေ၊ ငွေပေးချေမှု စနစ်တွေ၊ ဗဟိုဘဏ်များနဲ့ ကမ္ဘာ့နိုင်ငံတကာသုံးငွေကြေးတွေရဲ့ အရှိန်အဝါကနေ ရုန်းထွက်ချင်လာတာတွေကြောင့် Cryptocurrency ( Digital ငွေကြေး ) တွေဟာ ကျွန်တော်တို့ နည်းနည်းလေးမှ မျက်ခြေပြတ်ခံထားလို့ ရတဲ့အရာတွေ မဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်။

ဘာကြောင့်လဲဆိုတော့ ~

ကျွန်တော့်တစ်ဦးတည်း အမြင်အရ ဒီ Cryptocurrency တွေဟာ တစ်နေ့မှာ US dollar, EUR ယူရို, GBP ပေါင်စတာလင် နဲ့ အချို့သော နိုင်ငံတကာသုံးငွေကြေးတွေနေရာမှာ ငွေပေးချေမှုအတွက် အစားထိုးဝင်လာနေတာ အခုထက် ပိုကြီးမားလာနိုင်ချေရှိပါတယ်။

နောက်ပြီး ဗဟိုဘဏ်တွေရဲ့ ” ရွှေ ” အပေါ်ထားတဲ့သဘောထား၊ ငွေကြေးဈေးကွက် အပေါ်၊ စတော့ရှယ်ယာ လောကအပေါ်ထားတဲ့ Investor နဲ့ Trader တွေရဲ့ သဘောထားအရ Foreign Currency Exchange ( Forex ) နဲ့ Stock လောကမှာရှိတဲ့ ဝယ်ရောင်းပမာဏ Volume တစ်ချို့ဟာလည်း ခေတ်အလိုက် ရွေ့လျားမှုရှိနေတယ်လို့ မြင်ပါတယ်။

💥 အဲဒီအတွက် သိပ်အရေးကြီးတာတစ်ချက်က အခုဖြစ်နေတဲ့ ရွေ့လျားပြောင်းလဲမှု ဖြစ်စဉ်ကြီး ပါရာဒိုင်း Paradigm ဟာ SafeHaven လို့ခေါ်တဲ့ တန်ဖိုးထိန်း၊ စီးပွားရေး ကပ်ကျော်ပစ္စည်း ” ရွှေ ” အပေါ် အကျိုးသက်ရောက်မှု များမယ်လို့ ယူဆပါတယ်။

အဲဒီအတွက် BitCoin အပါအဝင် CryptoCurrency ဈေးကွက်ကြီးရဲ့ အနာဂတ်ဟာ ၂၀၁၈ မှာ အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်။ သူတို့ရဲ့ အနာဂတ်ကို ဘယ်သူတွေက ချယ်လှယ်ကြမလဲ ? ရှင်းပါတယ် ကမ္ဘာပေါ်က သြဇာအာဏာအရှိဆုံး ဗဟိုဘဏ်တွေက ဆုံးဖြတ်ကြပါလိမ့်မယ်။

အဲဒီတော့ ကျွန်တော်တို့ ကမ္ဘာ့ဗဟိုဘဏ်များရဲ့ Cryptocurrency ဈေးကွက်အပေါ် သဘောထား၊ အကျိုးအပြစ် ယူဆပုံ၊ထိန်းချုပ်ကိုင်တွယ်ဖို့ တွေးဆပုံ၊ ကိုယ်ပိုင် crytocurrency တွေထုတ်/မထုတ် စတဲ့ အဓိကသဘောထားတွေကို လေ့လာကြရအောင်ပါ —>

💰၁။ US FED ( အမေရိကန်ဗဟိုဘဏ် )

၂၀၁၈ ခုနှစ်မှာအသစ်တက်လာမယ့် US FED အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌသစ်ဟာ ဒီကိစ္စကို ကိုယ်တွယ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် FED Chair Nominee ဖြစ်တဲ့ FED Governor ” JAY POWELL ” ကိုပဲ အဓိကထားကြရအောင်ပါ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး US FED ဟာ cryptocurrency တွေအပေါ်ကို စုံစမ်းစစ်ဆေး သုတေသနလုပ်နေတာ ကြာခဲ့ပါပြီ။

Jay Powell ကတော့ US FED ဟာ ဒီ cryptocurrency တွေအပေါ် 1. ထိန်းချုပ်ကွပ်ကဲမှု 2. လုံခြုံစိတ်ချရမှု 3. အန္တရာယ်ကျရောက်နိုင်ခြင်းကို စီမံမှု တို့အပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမယ်လို့ ပြောထားပါတယ်။

လောလောဆယ် Bitcoin ရဲ့ ဝယ်ရောင်းပမာဏဟာ စိုးရိမ်စရာသိပ်ကောင်းတယ်လို့ ပြောခဲ့ပြီး အမေရိကန်ကတော့ ဒီပြဿနာကို နည်းလမ်းတစ်ချို့နဲ့ အကောင်းဆုံးကိုင်တွယ်ပြီးအမေရိကရဲ့ ” Private Cryptocurrency ” အတွက် ဒီဈေးကွက်ဟာ အခွင့်အလမ်းကောင်းတဲ့နေရာတစ်ခုလို့ သူက ယူဆထားပါတယ်။

Powell တို့ရဲ့စကားအသွားအလာ အရ အမေရိကန်ဟာ ဒီ cryptocurrency ဈေးကွက်ထဲကို သူတို့ရဲ့ သီးသန့်ကိုယ်ပိုင် coin တစ်မျိုးနဲ့ ဝင်လာတော့မယ့် သဘောပါပဲ။

💷 ၂။ The European Central Bank ဥရောပဗဟိုဘဏ်

ဥရောပဗဟိုဘဏ် ဒုဥက္ကဋ္ဌ Constancio ကတော့ Cryptocurrencies တွေဟာ ဥရောပဇုန်ရဲ့ စီးပွားရေးကို ဘာအန္တရာယ်မှ မပေးနိုင်ဘူးလို့ ရှုမြင်ထားပါတယ်။ Crytocurrencies တွေဟာ ငွေကြေးအနေနဲ့ ရပ်တည်နိုင်မှာမဟုတ်ဘဲ အချိန်တန်ရင် Tulip Mania ( ကျူးလစ်ဖြစ်စဉ် ) ဖြစ်သွားမယ်လို့ သူကဆိုပါတယ်။

( Tulip Mania ဆိုတာ တစ်ချိန်က ကျူးလစ်ပန်းတွေကို စတင်စိုက်ပျိုးကြစဉ်က ကျူးလစ်ပန်းတွေဟာ အင်မတန်ဈေးကြီးခဲ့ပါတယ်။ သာမန်လူတွေ ဝယ်ဖို့ မတတ်နိုင်တဲ့ပမာဏပါ။ ဒါပေမယ့် နောက်ပိုင်းသူစိုက်ကိုယ်စိုက်နဲ့ ကျူးလစ်ဈေးဟာ ပုံမှန် ဖြစ်သွားခဲ့ပါတယ်။ ကျူးလစ်ကို အကြီးအကျယ်ရင်းနှီးပြီး ဝင်စိုက်တဲ့သူတွေ ဒေဝါလီခံလိုက်ရပါတယ်။ ဒါကြောင့် ခဏတာခေတ်စား၊ ဈေးတအားတက်၊ လူတိုင်းဝင်လုပ်၊ ပြီးရင်ပြိုလဲသွားတဲ့ အရာတွေကို ဥရောပမှာ It’s a Tulip ” လို့ ပြောပါတယ်။ )

အဲဒီတော့ ဥရောပဗဟိုဘဏ်ကတော့ သူတို့ဥရောပဇုန်အတွက် Cryptoငွေကြေးတွေကို သိပ်ဂရုစိုက်ပုံမပေါ်ဘဲ အချိန်တန်ရင် သူ့ဘာသာဇာတ်သိမ်းသွားမယ်လို့ ယူဆထားပုံရပါတယ်။

💶 ၃။ Bank of England BoE ( အင်္ဂလန်ဗဟိုဘဏ် )

ဗြိတိန်တွေကတော့ ဥရောပနဲ့မတူပါဘူး။ သူတို့ 2018 နှစ်ကုန်လောက်ဆို Crypto ငွေကြေး တွေကို ထိန်းဖို့ ဥပဒေပြဌာန်းတော့မှာဖြစ်ပါတယ်။ အထူးသဖြင့် တဟုန်ထိုးဈေးအတက်မှာ သူတို့နိုင်ငံမှာလည်း ဝယ်ယူသူများလာတဲ့ Bitcoin ကိုစည်းမျဉ်းပြဌာန်း ထိန်းချုပ်တော့မှာဖြစ်ပါတယ်။ ဥပဒေပြင်ပလုပ်ငန်းတွေမှာ Bitcoin သုံးလာမှာကို Bank of England ဟာ အရမ်းစိုးရိမ်နေပါတယ်။

BoE အင်္ဂလန်က ထုတ်ပြန်မယ့် ဥပဒေ ကို ဥရောပတစ်ခုလုံးမှာပါ သက်ရောက်အောင် ကြိုးစားဆွေးနွေးမယ်လို့ လည်းဆိုထားပါတယ်။ အောင်မြင်ခဲ့ရင် အင်္ဂလန် ဒီထက်ပိုရင် ဥရောပတိုက်တစ်ခုလုံးမှာ CryptoCurrency ဟာ ဥပဒေ နဲ့ ကန့်သတ်ခံရမှာကျိန်းသေပါတယ်။

The Daily Telegraph ရဲ့ သတင်းအရတော့ BoE အင်္ဂလန်ဗဟိုဘဏ်ဟာ ၂၀၁၈ အတွင်းမှာ Cryptocurrencies တွေကို ငွေကြေးခဝါချခြင်း၊ ဒုစရိုက်မှုများမှာ အသုံးပြုခြင်းတို့ မဖြစ်အောင် စည်းမျဉ်းဥပဒေ ထုတ်မှာဖြစ်ပေမယ့် Cryptocurrency တွေရဲ့ ” Blockchain technology ” ကိုတော့ နည်းပညာပိုင်းအရ အလားအလာသိပ်ကောင်းတဲ့ ငွေပေးချေမှုအဖြစ် လက်ခံတာကြောင့် Britain Official Crypto ” RScoin ” ကို ထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

💎 ၄။ Central bank of China

တရုတ်ဗဟိုဘဏ်ကတော့ ၂၀၁၄ ကတည်းက ပြတ်ပြတ်သားသားပါပဲ။ ” နိုင်ငံတော်အမိန့် ” ထုတ်ပြီးကို BitCoin အပါအဝင် Cryptocurrency အားလုံးကို ပိတ်ပင်ထားခဲ့ပါတယ်။ တရုတ်မှာ ဘယ် Digital ငွေကြေးမှ တရားမဝင်ပါဘူး။

💴 ၅။ The Bank of Japan ( BoJ )

BOJ ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ Kuroda နဲ့ အဖွဲ့ကတော့ အခုမှ အသည်းအသန် သုတေသနလုပ်နေကြတုန်းပါ။ အမေရိကန် လို တရားဝင် crypto ငွေကြေး ထုတ်ဖို့လည်း မရှိသလို၊ လောလောဆယ် Crypto တွေကြောင့် စိတ်ဖိစီးမှုလည်း ဖြစ်နေပါတယ်။
Crypto တွေကို တရားဝင်လက်ခံလိုက်ရင် လူတိုင်းကိုဘဏ်ဖွင့်ခွင့် ပေးလိုက်တာနဲ့ တူသွားပြီး ထိန်းချုပ်ဖို့ သိပ်ခက်သွားမယ်လို့တော့ ညည်းညူပြီးပြောထားပါတယ်။

❄️ ၆။ The Bank of International Settlements ( BIS )

နိုင်ငံတော်ဗဟိုဘဏ်များရဲ့ ဗဟိုဘဏ် BIS လည်း Bitcoin ဈေးနှုန်းကြောင့် မျက်လုံးပြူးရပါတယ်။

BIS ကတော့ Crytocurrency တွေရဲ့ နည်းပညာတိုးတက်ပြောင်းလဲမှု၊ လူအများရဲ့ကြိုက်နှစ်သက် ရေပန်းစားမှုကို အသိအမှတ်ပြုထားပြီး နိုင်ငံတော်ဗဟိုဘဏ်တိုင်းကို ကိုယ်ပိုင်တရားဝင် Digital Currency ထုတ်ဖို့ တိုက်တွန်းထားပါတယ်။ ငွေသားနဲ့ Digital Currency ကို အပြန်အလှန်လွယ်လွယ်ကူကူ လဲလှယ်နိုင်ရင် ကောင်းမယ်လို့ BIS က မြင်ပါတယ်။

ဒါတွေဟာ ဗဟိုဘဏ်တွေ ယူကိုယူရမယ့် Risk တစ်ခုပဲလို့ BIS ကရှုမြင်ထားပါတယ်။

အထက်ဖော်ပြပါတွေဟာ ကမ္ဘာပေါ်မှာသြဇာအာဏာအရှိဆုံး ဗဟိုဘဏ်ကြီးများရဲ့ ၂၀၁၈ ခုနှစ်အတွက်Crypto ဈေးကွက်အပေါ် သဘောထားတွေပါ။

နိဂုံးချုပ် သုံးသပ်ရရင်တော့ ၂၀၁၈ ခုနှစ်မှာ Cryptocurrency တွေကို နိုင်ငံတိုင်းဟာ အာရုံစိုက်ပြီး ထိန်းချုပ်ဖို့ စည်းမျဉ်း Regulations တွေထုတ်လာတော့မှာ ဖြစ်သလို၊ Anti-Money Laundering System ငွေကြေးခဝါချမှု တွေကို တိုက်ဖျက်ဖို့ Official Private Cryptocurrency တွေ အပြိုင်အဆိုင်ထုတ်လာကြတော့မှာ ဖြစ်ပါတယ်။

အဲဒီအတွက် ၂၀၁၈ ခုနှစ်ဟာ လက်ရှိကမ္ဘာပေါ်မှာ ခေတ်စားလူကြိုက်များနေတဲ့ Cryptocurrency တွေအတွက်တော့ ကျူးလစ်ပန်းတွေလို ရောင်စုံဖူးပွင့်နေနိုင်ပေမယ့် တစ်ခတ်တခါက ရခဲ့တဲ့ဈေးမျိုး ပြန်မရနိုင်တော့တဲ့ ” Tulip Mania ” တစ်ခုလို့ပဲ သုံးသပ်မိပါတယ်။

မျိုး အိမ်ဇန်
Founder & Chief Analyst
Project X Trading Team

Powered by Tradesto Myanmar

10 thoughts on “💸Bitcoin အပါအဝင် Cryptocurrency ဈေးကွက်အပေါ် ကမ္ဘာ့ဗဟိုဘဏ်ကြီးများ၏ ၂၀၁၈ ခုနှစ်အတွက် သဘောထား 💸”

  1. Bedava HBO GO Hesap 2021 | Giriş Hesabı Kullanıcı
    Adı ve Parola, En sağlam hbo go hesaplarını paylaşacağız.
    Evde televizyon izlemekten sıkıldıysanız doğru sayfadasınız.
    Buna televizyonun internet ile kombinasyonu veya hbo go
    ile kombinasyonu diyebiliriz. Televizyonun henüz bilmediğiniz birçok yönü var.
    Bu yönler aksiyon, film, bilim kurgu, korku macerası gibi birçok alan. İstediğiniz filmler ya da diziler var ama izleyemiyorsanız bu bölümde hbo go devreye giriyor.
    En güncel filmleri ve dizileri sizin için toplar ve sunar.

    Bedava HBO GO Hesap

Leave a Reply

Your email address will not be published.