Oil falls, dented by signs of rising excess supply

တရုတ် အနေဖြင့် ပို့ကုန်မြှင့်တင်ရန် ယွမ်ငွေတန်ဖိုးကျဆင်းစေမဲ့ မည်သည့်ပေါ်လစီမှ မရှိကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zheng Zeguang မှ တရုတ် သမတ ဇီကျင်းပိုင် နှင့် အမေရိကန် သမတ ဒေါ်နယ်ထရန့်တို့ရဲ့ ကုန်သွယ်ရေးတင်းမာမှုကို ဖြေရှင်းဖို့ ပထမဆုံး အကြိမ်မတွေ့ဆုံခင်မှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်…

အမေရိကန်နဲ့ ပတ်သက်ပြီး ကုန်သွယ်မှုပိုငွေတွေ ရဖို့ တရုတ်အနေနဲ့ ရှာဖွေနေတာမဟုတ်ပါဘူး…၂ နိုင်ငံအကြား ကုန်သွယ်မှု ပိုငွေပြနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်းနဲ့ အမေရိကန်ဘက်မှလည်း တရုတ်ဘက်သို့ ပို့ကုန်တင်ပို့မှု တိုးတက်လာအောင် ဆောင်ရွက်သင့်ကြောင်း Zheng က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် ကုန်သွယ်မှု လိုငွေ နဲ့ အလုပ်လက်မဲ့တွေ များပြားလာနေခြင်းကို ကြာကြာသည်းမခံနိုင်တော့တဲ့ အတွက် လာမည့် အပတ်တွင် သမတဒေါ်နယ်ထရန့် ရဲ့ အပန်းဖြေရိပ်သာတစ်ခု ဖြစ်တဲ့ Mar-a-Lago မှာ တွေ့ဆုံ ဖြေရှင်းသွားမယ်လို့ ကြာသပတေးနေ့က Tweeter မှတဆင့် ပြောကြားခဲ့တာပါ…

ထရန့် သမတ ရုံးစတက်ခဲ့တဲ့ ဇန်န၀ါရီ ၂၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အင်အားကြီး နိုင်ငံ ၂ခုရဲ့ ခေါင်းဆောင်များဟာ လာမည့် ကြာသပတေးနေ့ နှင့် သောကြာနေ့များတွင် တွေ့ဆုံရန် ရှိနေပါတယ်…

တောင်တရုတ် ပင်လယ်အတွင်း ကြီးစိုးချင်တဲ့ တရုတ်ရဲ့ မဟာဗျူဟာများနဲ့ မြောက်ကိုရီးယား အရေးများကို ထိန်းချုပ်နိုင်ရေးများဟာ အင်မတန် ခက်ခဲတဲ့ အရာတစ်ခု ဖြစ်တဲ့ အတွက် တရုတ်သမတနဲ့ တွေဆုံမှုမှာ ဒါတွေကို ဖြေရှင်းသွားနိုင်ဖို့ ထရန့် အနေနဲ့ အထူးတလည် မျှော်လင့်လျက် ရှိကြောင်း ကြာသပတေးနေ့က Tweeter မှာ ထုတ်ဖေါ်ပြောကြားသွားခဲ့ပါတယ်…

ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ခြင်း နှင့် ဒေါ်လာတန်ဖိုး အားကောင်းလာမှုတို့ကြောင့် ပြီးခဲ့သည့် နှစ်က ယွမ်ငွေတန်ဖိုး 6.6% ကျဆင်းခဲ့ပြီး ၁၉၉၄ နောက်ပိုင်း ဒေါ်လာနှင့်ယှဉ်လျင် အကြီးမားဆုံးဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် သြဂုတ်လ က တရုတ်ရဲ့ နောက်ဆုံး အကြိမ် ငွေတန်ဖိုးကို 2% ထိဆွဲချလိုက်ခြင်းကြောင့် ကုန်သည်များ နှင့် စီးပွါးရေး ပညာရှင်များက ကမ္ဘာ့ဈေးကွက် ပြိုလဲ လာလိမ့်မယ်ဆိုတဲ့ အမြင်က တော်တော် ကြီးမားခဲ့ပါတယ်…

တရုတ်ဟာ ပရိယာယ်ဆင်ပြီး သူ့ရဲ့ ယွမ်တန်ဖိုးကို ဒေါ်လာနဲ့ ဆန့်ကျင်ပြီး ချထားလိုက်တာဟာ တရုတ်ပို့ကုန်တွေကို ဈေးပေါပေါနဲ့ တင်ပို့ချင်လို့ ဖြစ်ပြီး ၊ အမေရိကန်ရဲ့ ထုတ်လုပ်မှုနဲ့ အလုပ်အကိုင်တွေကို ခိုးယူနေတာ ဖြစ်တယ်လို့ လည်း ထရန့်က အကြိမ်ကြိမ် စွပ်စွဲပြောဆိုခဲ့ပါတယ်…

့ရွေးကောက်ပွဲကာလမှ ကတိပေးခဲ့တဲ့ အတိုင်း တရုတ်ဟာ ငွေကြေးဈေးကွကကို ကြိုးကိုင်လိုသူဖြစ်ကြောင်း ကြေငြာဖို့ ထရန့်ရဲ့ ပထမဆုံး သမတရာထူးထမ်းဆောင်တဲ့ နေ့မှာပဲ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့တာကြောင့် ထရန့် အစိုးရရဲ့ တရုတ်ပေါ်လစီ နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဆက်တိုက်မြင့်တက်လာနေမှုများက တစ်နေ့ထက် တစ်နေ့ ပိုမို ကြီးထွားလာနေပါလိမ့်မယ်

ရွှေ

သောကြာနေ့ အာရှဈေးကွက်မှာ ဒေါ်လာဝယ်လိုအား မြင့်တက်ပြီး ရွှေဈေးကျဆင်းသွားခဲ့ပါတယ်…
လက်ယာစွန်းပါတီ အစိုးရဖြစ်လာဖို့ အခွင့်အလမ်းရှိလာနေတဲ့ ပြင်သစ်ရွေးကောက်ပွဲ နဲ့ လာမည့် အပတ်အတွင်း သမတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမတ ဇီဂျင်းပိုင်
တို့ရဲ့ ဖလော်ရီဒါ မှာ တွေ့ဆုံမှုတွေက နိုင်ငံရေးစိုးရိမ်မှုတွေ ရှိလာနေတဲ့ အတွက် ရွှေဈေးဟာ သိပ်အများကြီး ကျသွားမှာမဟုတ်ပါဘူး…

နယူးယောက် ကုန်စည်ဒိုင်မှာ ဧပြီလအတွက် ကြိုပွိုင့်ရွှေဈေးက တစ်အောင်စကို $1240.00 သို့ 0.40% ကျဆင်းခဲ့ပါတယ်…

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အညွှန်းကိန်းမှာ 51.8 သို့ မြင့်တက်ခဲ့ပြီး ခန့်မှန်းထားသော 51.6 ထက်ကျော်လွန်ခဲ့တာပါ

ဂျပန်နိုင်ငံ၏ ဖေဖေါ်ဝါရိလအတွက် အိမ်ထောင်စု အသုံးစားရိတ် မှာ နှစ်အလိုက်အရ ခန့်မှန်းထားသော 1.7 % ထက် 3.8% ကျဆင်းခဲ့သည်။
လအလိုက်ဖေါ်ပြချက်အရ ခန့်မှန်းထားသော 2.5% ဖြစ်ပြီး ခန့်မှန်းထားသော 0.4% ထက်မြင့်တက်ခဲ့တာပါ…

ဂျပန်၏ ပြည်တွင်း နှစ်အလိုက် စားသုံးသူဈေးနှုံး အဓိကအညွှန်းကိန်းမှာ ဖေဖေါ်ဝါရီလတွင် ခန့်မှန်းထားသည့်အတိုင်း 0.2% တွင် နိမ့်ကျလျက်ရှိနေပြီး ၊
အလုပ်လက်မဲ့နှုံးမှာတော့ 3.0% မှ 2.8% သို့လျော့ကျခဲ့ပါသည်။

ဖေဖေါ်ဝါရီလအတွက် စက်မှုထုတ်လုပ်မှုမျာ ခန့်မှန်းထားသော 1.2% မှ 2.0% သို့ လအလိုက် တိုးတက်မှုပြခဲ့ပါသည်။

ဒေါ်လာအညွှန်းကိန်းမှာ ၉ ရက်အတွင်း အမြင့်ဆုံးဈေးသို့ ကြာသပတေးနေ့က ရောက်ရှိခဲ့ပြီး သောကြာနေ့ အာရှဈေးကွက်တွင် 100.40 တွင် အရောင်းအ၀ယ် အေးနေခဲ့သည်။

ဒေါ်လာဖြင့်တန်ဖိုးသတ်မှတ်ထားသော ရွှေ မှာ အခြားငွေကြေးကိုင်ဆောင်ထားသူများ အတွက်တော့ ဈေးနှုံးမြင့်မားလျက် ရှိနေပါတယ်…
(ဥပမာ ကမ္ဘာ့ဈေးကျသော်လည်း ကျပ်ငွေအားနည်းနေမှုကြောင့် မြန်မာ့ရွှေဈေးမှာ မကျပဲ ရှိနေတတ်သည်)

FED speakers များမှ အတိုးနှုံးတက်ရန် မှတ်ချက်များနှင့် အားကောင်းသော အမေရိကန်စီးပွါးရေး ဒေတာများ ထုတ်ပြန်ပြီးနောက် ဒေါ်လာမှ ရွှေအပေါ် အလေးသာခဲ့ပြီး ကြာသပတေးနေ့က ရွှေဈေးမှာ နိမ့်ကျလျက် ရှိနေခဲ့ပါသည်။

အမေရိကန်၏ စီးပွါးရေးဖွံ့ဖြိုးမှုကိုပြသော GDP မှာ စတ္ထု (၃)လပတ်တွင် ယခင်ထုတ်ပြန်မှုထက် အားကောင်းနေကြောင်း ကူးသန်းရောင်းဝယ်ရေး ဌာန မှ ထုတ်ပြန်ကြေငြာခဲ့သည်။

Cleveland FED’ J Mester မှ အတိုးနှုံးမြှင့်တင်ရန် လိုလားသော သူမ၏ အမြင်များကို ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

John William အနေဖြင့် အိမ်ယာဈေးကွက် ပြန်လည်အားကောင်းလာတာဟာ အမေရိကန်စီးပွါးရေးအတွက် အားကောင်းလာမှုဖြစ်ကြောင်း ကိုလည်း ပြောကြားလိုက်ပါတယ်…

ပြင်သစ်ရွေးကောက်ပွဲ နီးကပ်လာနေလို့ ဥရောပ စီးပွါးရေးမရေမရာ ဖြစ်လာနေမှုတွေနဲ့ အီးယူမှ ဗြိတိန်စတင်ထွက်ခွာခဲ့မှုတို့ကြောင့် ယူရိုတန်ဖိုးကျဆင်းကာ
ဒေါ်လာအားကောင်းလာစေခဲ့တာကြောင့် အကျိုးဆက်အနေနဲ့ ရွှေအပေါ်မှာလည်း ဖိအားသက်ရောက် လာနေပါတယ်…

င်္Focus Economics ၏ ထုတ်ပြန်ချက်အရ အိန္ဒိယ အစိုးရ၏ ငွေကြေးတိုက်ဖျက်မှုစနစ်များကြောင့်လည်း ငွေပေးချေမှုအခက်အခဲများရှိလာနေပြီး လာမည့်လအတွင်း ရွှေ အတွက် ၀ယ်လိုအားကို ထိခိုက်လာနိုင်ပါသည်။

Gold prices gain in Asia as investors look to U.S. jobs data

Cu has nihil voluptua voluptatibus, ei duo gloriatur elaboraret. Ea posse mentitum pri, illud voluptatibus usu eu, putant partiendo adversarium no sed. Novum alterum imperdiet id mei. Mei ubique diceret in, ea sumo possit evertitur nec.

Mel quando tamquam tractatos ut, ex verear scripta quo, eum cu tale aeterno iuvaret. His ad agam maiestatis, sed veniam assentior philosophia in, te tota vulputate qui. Cibo timeam eos an. Facer quidam assueverit id qui, ea pri copiosae mandamus.

His errem comprehensam te. Sed putant interpretaris id. Et adipisci cotidieque qui. Mutat tamquam integre nam at. Mea eu placerat liberavisse, ex his enim soluta iuvaret. Nec liber appetere intellegebat at, vel dictas fabellas democritum id. Mea magna iriure insolens ea, quo paulo verear prompta eu.

GRAINS-Surge on shrinking US stocks, corn limit up

Tamquam pericula vis ut, in quo facete commune recusabo. Sit ei libris nostrum rationibus, ei eam quis aliquip tractatos. Mel veniam timeam ut, dico ornatus nonumes ei mea, no mentitum assueverit has. Placerat partiendo ei mea, ad nibh phaedrum quo, affert debitis imperdiet pri ne. No pri labore facilis, te dicat movet accusata cum.

Ius doctus verear ocurreret te, virtute definiebas nam te. No nihil audire mel, stet dolores vim ne, in eum omnis vitae copiosae. Ut harum labore ius. Ei ipsum ludus vis, duo in essent dolores. Nec id percipit expetendis. Ea eum vero urbanitas suscipiantur, prompta adipisci percipitur an vim, has tibique concludaturque id.

Saepe oporteat legendos ut pri. Ne pri bonorum aliquando vituperatoribus. Ex wisi tota antiopam sea. Et sea oblique periculis, hinc nonumy iracundia at mea. No his soleat ridens graecis.