Forex Lessons
Waves
Gaps
Trend
Coppock Curve
Coppock Curve ဆိုတာ bear market lows တွေကို ခန့်မှန်းရန် အတွက် technical analysis ထဲမှာ အသုံြး
Unicode
Waves
Elliott wave theory ဆိုတာကတော့ market ကို analysis လုပ်ဖို့ အတွက် ချည်းကပ်နည်းကောင်း တစ်ခုပါ ပဲ။ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ wave patterns တွေ၊ Fibonacci number sequence တွေနဲ့ အခြေခံထား တာဖြစ်ပါတယ်။ စံပြ Elliott wave patterns တွေဟာ five-wave တစ်ခု လှမ်းပြီး three-wave တစ်ခုက ဆု တ်တဲ့ အနေနဲ့ နောက်ကလိုက်ပါတယ်။
Ref; https://en.wikipedia.org/wiki/Elliott_wave_principle
Gaps
Gaps ဆိုတာကတော့ Bar chart အပေါ်မှာ ဘာ trading မှ မဖြစ်ခဲ့တဲ့ နေရာ တွေပါပဲ။ Trading day တစ်ရ က် မှာ အနိမ့်ဆုံး ဈေး (lowest price) ဟာ အရင်ရက်က အမြင့်ဆုံး ဈေးထက် ကို ပိုမို မြင့်မား နေတဲ့ အခါမှာ Up gap တစ်ခု ဖြစ်ပေါ်တက်ပါတယ်။ အလားတူပဲ ယနေ့ အမြင့်ဆုံး ဈေးဟာ ယမန်နေ့ က အနိမ့်ဆုံးဈေးထ က် နိမ့်ကျနေတဲ့ အခါမှာလည်း Down gap တစ်ခု ဖြစ်ပေါ်တက်ပါတယ်။ Up gap ဟာ အများအားဖြင့် market strength ကို ပြပြီးတော့ Down gap ကတော့ market weakness ကို ညွန်ပြလေ့ ရှိပါတယ်။
Breakaway gap ကတော့ important price pattern တစ်ခု ဖြစ်ပြီး တဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ price gap တစ်ခုဖြစ်ပြီးတော့ အရေးကြီးတဲ့ price move ရဲ့ အစမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ signals တွေပဲ ဖြစ်ပါတယ်။ Runaway gap ကတော့ important market trend ရဲ့ အလယ် မှာ ဖြစ်ပေါ်လာလေ့ ရှိတဲ့ price gap ပါ။ Exhaustion gap ကတော့ important trend တစ်ခုရဲ့ အဆုံးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ price gap ဖြစ်ပြီးတော့ trend ဟာ ပြီးဆုံးနေပြီးဆိုတာကို ပြသတဲ့ signals တွေပဲ ဖြစ်ပါတယ်။
Trend
Trend ဆိုတာကတော့ prices တွေရဲ့ direction ကို ကိုယ်စားပြုပါတယ်။ မြင့်တက်လာတဲ့ ထိပ်စွန်းဖျား Higher High တွေ နဲ့ Higher low တွေဟာ Up trend ကို ကိုယ်စားပြုပြီးတော့ နိမ့်ကျသွားတဲ့ Lower High နဲ့ Lower Low တွေဟာ Downtrend လို့ သတ်မှတ်ပါတယ်။ current trend ရဲ့ မတ်စောက်မှုတွေကို လည်း သတ်မှတ်လေ့ ရှိပါတယ်။ Trend line တစ်ခုကို Break ဖြစ်သွားတဲ့ Signals ဟာ trend reversal ပါပဲ။ ရေပြ င်ညီ ထိပ်စွန်းတွေနဲ့ အောက်စွန်း တွေဟာ Trading range တစ်ခု ကို ကိုယ်စားပြုပါတယ်။ Price information တွေကို smooth ဖြစ်ရန် အသုံးပြုရတဲ့ moving averages တွေကို trends နှင့် support and
resistance levels တွေအဖြစ်နဲ့ လည်း အသုံးပြုနိုင်ပါတယ်။ Moving averages တွေဟာ trading strategy တစ်ခု အပေါ်မှာ ဆုံးဖြတ်ချက်ချရာမှာ အသုံးပြုပါတယ်။ အထူးသဖြင့် အနာဂတ် Trading သို့မဟုတ် market ဟာ strong up လား၊ down trend လားဆိုတာတွေကို ဆုံးဖြတ်ချက် ချပေးရာမှာ အသုံးဝင်ပါတယ်။
Coppock Curve
Coppock Curve ဆိုတာ bear market lows တွေကို ခန့်မှန်းရန် အတွက် technical analysis ထဲမှာ အသုံးြ
ပုမယ့် investment tool တစ်ခုပဲ ဖြစ်ပါတယ်။ DMI (Directional Movement Indicator)
DMI (Directional Movement Indicator) ကတော့ currency pair တစ်ခု ဟာ Trending ဖြစ်တယ် မဖြစ် ဘူး ဆိုတာကို ဆုံးဖြတ်ရန် အသုံးပြုတဲ့ ထင်ပေါ်ကျော်ကြားတဲ့ technical indicator တစ်ခု ဖြစ်ပါတယ်။
Fundamental analysis သမား နဲ့ မတူပဲ technical analyst သမား ဟာ ဈေးကွက် ကို သက်ရောက်စေမယ့် ဘယ် bigger picture factors တွေနဲ့မှ ပတ်သက် ဆက်စပ်မှု မရှိတာပါပဲ။ သို့သော်လည်း ဈေးကွက် ရဲ့ လှု ပ်ရှားမှု အပေါ်မှာတော့ အာရုံစူးစိုက်ထားရှိဖို့ တော့လိုပါတယ်။
မိမိ trading styleပေါ်မူတည်ပြီး Rules & Regulations တွေချမှတ်ကြရအောင်
Image may contain: 1 person, smiling, sitting
Unicode
ဒီ post လေးကိုတော့ မိမိကိုယ်ပိုင် rules လေးတွေ ချမှတ်နိုင်ဖို့အတွက် အောင်မြင်ပီးသား traderအသိုင်းအဝိုင်းကသူတွေ ချမှတ် ထားတဲ့ သူတို့ရဲ့rulesတွေကို လေ့လာပီး တစိတ်တဒေသအားဖြင့် ကူညီထောက်ပံ့ပေးနိုင်မယ်လို့မျှော်လင့်ပီး မျှဝေလိုက်ရပါတယ်။
Rule 1 : Always a Trading Plan
တော်တော်များများတော့”Plan your trade, trade your plan” ဆိုတဲ့ ဒီဆောင်ပုဒ်လေးကို ကြားဖူးပြီးသားဖြစ်ကြမှာပါ။ trading plan ဆိုတာ education+management လို့ ကျွန်မ ထင်မြင်မိပါတယ်။ ကျွန်မတို့အရောင်းအဝယ်ပြုလုပ်မှုတွေအတွက် မိမိတို့ဝင်သင့်တဲ့ entry point, exit pointတွေက အရေးကြီးတဲ့အပြင် money management ရှိနေဖို့ကလည်း အရေးပါလှတဲ့ အကြောင်းအရာ တခုဖြစ်လို့နေပါတယ်။
Rule 2 : Treat Trading Like a Business
Trading လုပ်ငန်းမှာ professional ဖြစ်ဖို့ ဦးတည်ရာမှာ မိမိလုပ်ငန်းအပေါ် မိမိကိုယ်တိုင်ထားရှိရမဲ့ စိတ်နေစိတ်ထားတွေကလည်း အင်မတန်အရေးကြီးလို့နေပြန်ပါတယ်။ ဝါသနာပါရုံလောက်မဟုတ်ဘဲနဲ့ မိမိရဲ့ own business လို့ သဘောထားပြီး မိမိ business အတွက် တိကျပီး သတ်သတ်မှတ်မှတ်နဲ့ အချိန်တခုပေးကာ ဖိဖိစီးစီး လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။
Rule 3 : Use Technology to Your Advantage
Trading လုပ်ငန်းဟာ ခုအခါမှာ competitive businessတစ်ခု ဖြစ်လို့လာနေပါပီ။ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေကို အကျိုးရှိဖို့ရာ အသုံးချနိုင်မဲ့အခွင့်အလမ်းတွေလည်း အင်မတန်ပေါများလာပါပြီ။ ဥပမာ-Backtesting ဆိုပါစို့။ historyတွေ လေ့လာရင်း မိမိရဲ့trading performanceကို ဆန်းစစ်နိုင်ပါပြီ။
Rule 4 : Protect your Trading Capital
Trader တိုင်းမှာ losing tradesတွေ ရှိဖူးကြတယ် ရှိနေကြမှာပါပဲ။ မထူးဆန်းလှပါဘူးး မရင်ဆိုင်နိုင်စရာလည်း မရှိပါဘူးး။ Business လေ Risk and Reward ရှိနေမှာပါပဲ။ ဒါပေမဲ့ ဆိုလိုချင်တာက မလိုလားအပ်တဲ့ မဆုံးရှုံးသင့်တဲ့ ကိုယ့်capitalကို ကာကွယ်နိုင်ဖို့တော့ လိုအပ်တာပေါ့။
Rule 5 : Become a Student of the Market
ဒီ tip လေးပြောမယ်ဆိုရင်တော့ မိမိလုပ်ငန်းနဲ့ပတ်သတ်တဲ့ educationတခုရှိနေဖို့က စပြောရမှာပေါ့။ Fundamental ကျွမ်းကျင် သူတွေကလည်း ဘယ်politicsတွေ eventsတွေ economics တွေက market ကို ဘယ်လိုချိန်မှာ ဘယ်လောက်အတိုင်းအတာထိ impact ဖြစ်တတ်တယ်။ Technical သမားတွေကလည်း ဘယ်ဈေးလောက်မှာဆို trendline ကို test လုပ်တတ်တယ် ဘယ်လို Support, Resistance တွေကတော့ ဘယ်လောက်ထိ strong ဖြစ်တယ် buyer တွေ seller တွေရဲ့ဘယ်လို pyscology တွေကြောင့် market ကိုဘယ်လို affect ဖြစ်တတ်တယ် စသဖြင့် စသဖြင့်ပေါ့။ အဓိကဆိုလိုချင်တာက market ထဲကနေ အမြဲသင်ယူပါ မပြတ်လေ့ ကျင့်ယူဖို့ပါပဲ။
Rule 6 : Risk only What You can Afford to Lose
ဒီ rule ကတော့ ရိုးရှင်းပါတယ်။ Risk and Reward သဘောတရားကို တလွဲစပင်နားလည်ထားသူတွေရဲ့ မတော်လောဘကြောင့် Risk ယူတယ်ကွာဆိုတာမျိုးပေါ့။ အဲ့ Risk ကို တကယ့်တကယ်ရင်ဆိုင်ရတဲ့အခါမှာ ခံနိုင်ရည်မရှိတတ်ကြပါဘူးး။ ဒါကြောင့် မိမိနိုင်နင်းတဲ့ risk တခုကိုသာ ယူစေချင်ပါတယ်။
Rule 7 : Develop a Trading Methodology Based on Facts
ဒီruleအတွက် ဥပမာလေး ပေးပါရစေ။ ကျွန်မတို့နိုင်ငံအနေနဲ့ career တစ်ခုနဲ့ stand alone ဖြစ်ဖို့အတွက် university or college တခုခုမှာ ၄,၅နှစ်ထက်မနည်း သင်ယူရတယ်။ အိုခေ အဲ့လို သင်ယူပြီးစီးသွားတော့ရော ကျွန်မတို့ ရပ်တည်နိုင်ပီလား ကြိုးစားရုန်းကန်ယူရပါသေးတယ်။ အဲ့တော့ ကျွန်မတို trading လုပ်ငန်းနဲ့ရပ်တည်မယ်ဆိုရင်ရော ဘယ်လောက်ထိ သင်ယူပီးပီလဲ သင်ယူဖို့လိုအပ်လဲ စဉ်းစားလို့ရမယ် ထင်ပါတယ်။
Rule 8 : Always Use a Stop Loss
Demo accountမှာ SL မထားဘူး ကိစ္စမရှိလှပါဘူး။ စောင့်လို့ရမှာရော မြတ်မှ exit လုပ်မှာလေ။ no emotion ပေါ့ သာသာယာယာပဲ။ ဒါပေမဲ့ မိမိ live accountမှာ ဆုံးရှုံးမှုပြနေတဲ့ floating ကို စိတ်တည်ငြိမ်စွာနဲ့ ကြည့်နေနိုင်ဖို့က လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ မိမိ transaction တိုင်း မှန်နေတာ မဖြစ်နိုင်သလို မှားနေဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မိမိ decision မှားခဲ့ပီဆိုရင်တောင် stop loss ထားရှိထားမယ်ဆိုရင် မလိုလားတဲ့ဆုံးရှုံးမှုတွေအပြင် စိတ်ဖိစီးမှုတွေလည်း ကင်းဝေးပါလိမ့်မယ်။
အနှစ်ချုပ်အနေနဲ့ကတော့ ဒီ trading rules တွေကို လေ့လာပီး မိမိရဲ့trading business မှာ ဘယ်လိုပေါင်းစပ်ပီး အသုံးချနိုင်မလဲဆိုတဲ့ way တခုလောက်တော့ ရကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ ဒီတော့ အမြန်ဆုံး မိမိ trading style နဲ့ကိုက်ညီတဲ့ rules and regulations တွေကို ချမှတ်နိုင်ကြပါစေ။ ချမှတ်ထားတဲ့အတိုင်း မဖောက်မဖြတ်လုပ်ဆောင်နိုင်ကြပီး profit တွေ တပွေ့တပိုက်နဲ့ Trader ကြီးတွေ အမြန်ဆုံးဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Be all Profitable Traders!!!
Technical Analysis မှာ ပါဝင်သော အချို့သော major technical analysis tools
Image result for major technical indicators for metatrader 4
Technical Analysis မှာ ပါဝင်သော အချို့သော major technical analysis tools တွေကိုလည်း အခြေခံအားဖြင့် လေ့လာလိုက်ကြရအောင်..။
Fibonacci 
Gann numbers
Image result for major technical indicators name list from metatrader 4
Unicode
Technical Analysis မှာ ပါဝင်သော အချိူ့သော major technical analysis tools တွေကိုလည်း အခြေခံအားဖြင့် လေ့လာလိုက်ကြရအောင်..။
Relative Strength Index (RSI):
RSI ဟာ Up-moves ကနေ Down-moves တွေနဲ့ normalizes တွေရဲ့ Ratio ကို တွက်ထုတ် တိုင်းတာ ထား တာ ဖြစ်ပါတယ်။ သူ့ရဲ့ အညွန်းက တော့ 0-100 range တစ်ခု အနေနဲ့ ဖေါ်ပြပါတယ်။ အကယ်၍ RSI ဟာ 70 နှင့် အထက် မှာ ပြနေပြီ ဆိုပါက overbought (ဈေးကွက်မှာ မျှော်လင့်ထားသည်ထက်ပို၍ ဈေးနှုံးမြင့်တ က်နေပြီ ဆိုတဲ့ အခြေအနေ) ဖြစ်နေတယ်လို့ယူဆပါတယ်။ အကယ်၍ RSI ဟာ 30 နဲ့ အောက်မှာ ဖော်ပြနေ တယ် ဆိုပါက oversold (ဈေးကွက်မှာ မျှော်လင့်ထားသည်ထက် အောက်သို့ ဈေးနှုံးဟာ ပိုမို ကျဆင်းနေတဲ့ အခြေအနေတစ်ခ)ု ဖြစ်နေတဲ့signalတစ်ခုလို့သတ်မှတ်ရမှာပါ။
Stochastic oscillator
ဒီ Indicator ကိုတော့ 0-100% scale တစ်ခု အပေါ်မှာ overvought/oversold အခြေအနေတွေ ဖြစ်ပေါ်လာမှု ကို ညွန်ပြရန် အသုံးပြုပါတယ်။ ဒီ technical momentum indicator ရဲ့ တွက်ထုတ်ပုံကို တော့ နောက် သီးြ ခား post တစ်ခု အနေနဲ့ ဖော်ပြပါမယ်။ (ဒီမှာတော့ ယေဘုယျ ဖော်ပြပေးတာ ဖြစ်ပါတယ်။)
Period closing prices တွေဟာ သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားအတွင်း မှာ ပိုမြင့်တဲ့ အစိတ်အပိုင်း မှာ အာရုံစူးစိုက်လေ့ရှိကြပါတယ် ဆိုတဲ့ အချက်နဲ့ strong up trend တွေ အပေါ်မှာ တည်မှီပြီးတော့ ဒီ indicator ကို အခြေခံ တည်ဆောက်ထားပါတယ်။ ထို့အတူ အပြန်အလှန်အားဖြင့် Period closing prices ေ တွဟာ သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားအတွင်း မှာ ပိုနိမ့်တဲ့ အစိတ်အပိုင်းမှာ အာရုံစူးစိုက်လေ့ရှိကြပါ တယ်ဆိုတဲ့ အချက်နဲ့ Strong downtrend တွေအပေါ်မှာ တည်မှီပြီးတော့ လည်း ဒီ indicator ကို အခြေခံ တည်ဆောက်ထားပါသေးတယ်။ နားတွေ မျက်စေ့တွေ လည်သွားလောက်ပါပြီး အလွယ်ပြောရမယ်ဆိုရင် ဒီ indicator ဟာ Storng trend တွေရဲ့ နောက်ဆုံးအခြေအနေကို တွက်ထုတ်ပေးတဲ့ သဘောပါပဲ။ Stochastic calculations တွေဟာ လိုင်း နှစ်လိုင်း ထုတ်လုပ်ပါတယ်။
%K နဲ့ %D ပါ။ သူတို့ဟာ chart ရဲ့ overbought/oversold areas တွေကို ညွန်ပြပါတယ်။ Stochastic lines တွေအကြား ခြားနားချက်နဲ့ underlying instrument တွေရဲ့ price action တွေဟာ powerful Trading signal တစ်ခုကို ပေးပါတယ်။
Moving Average Convergence Divergence (MACD)
ဒီ indicator ကတော့ momentum lines နှစ်လိုင်း ပါဝင်ပတ်သက်နေပါတယ်။ MACD line ဟာ moving averages ကို နှစ်ဆ မြှောက်ထားတဲ့ လိုင်းနှစ်လိုင်းရဲ့ ခြားနားမှုပါပဲ။ exponential moving averages of the difference ဖြစ်ပြီး signal or trigger line နဲ့ ပြပါတယ်။ အကယ်၍ MACD နဲ့ Trigger lines တွေ cross ဖြစ်ခဲ့လို့ ရှိရင် ဒါကို Trend direction ပြောင်းလဲ မှု တစ်ခု အတွက် ပြတဲ့ signal တစ်ခု ကဲ့သို့ ယူနိုင် ပါတယ်။
Fibonacci
Fibonacci number ဆိုတာကတော့ number sequence တစ်ခုပဲ ဖြစ်ပါတယ်။ (1,1,3,5,8,13,21,34,….) ဒါ ကို ဘယ်လို တည်ဆောက်ထားသလဲ ဆိုတော့ ပထမ+ဒုတိယ=တတိယ စသည်အားဖြင့် ဆက်လက် ပေါင်း သွားတာပဲ ဖြစ်ပါတယ်။ နံပါတ်တစ်ခုနဲ့ သူ့ထက် ဒုတိယ ပိုကြီးတဲ့ နံပါတ် တို့ရဲ့ အချိုး Ratio ဟာ 62%( အ တိကျ ဆိုသော် 61.8 % ) ပါပဲ။ ထင်ရှားတဲ့ Fibonacci retracement number ဖြစ်တဲ့အတွက် အသုံးပြုကြပါ တယ်။ 62% ရဲ့ ပြောင်းပြန်ဟာ 38% ဖြစ်ပါတယ်။ ဒါကိုလည်း Fibonacci retracement number အဖြစ် အ သုံးပြုကြပါသေးတယ်။
Fibonacci Expension လည်း ရှိပါသေးတယ်။
Gann numbers
W.D. Gann ဆိုတာကတော့ ဈေးကွက်မှာ ဒေါ်လာ သန်း ၅၀ နှင့်အထက် ကို အလုပ်လုပ်နေတဲ့ stock နှင့် commodity trader တယောက်ပါပဲ။ time/price equivalents လို့ သိထားတဲ့ price movement and time အကြားက ဆက်သွယ်ချက်တွေ အပေါ်မှာ အခြေခံတဲ့ trading instruments တွေကို ပိုမိုကောင်းမွန် တဲ့ နည်းစနစ်တွေအဖြစ် ရှာဖွေတွက်ထုတ်ပါတယ်။ အဲ့ဒီ နည်းစနစ်တွေကို အသုံးပြုခြင်းဖြင့် သူ့ရဲ့ ငွေကြေးဥ စ္စာတွေကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ Gann’s methods အတွက် နားလည်အောင်ရှင်းပြဖို့ မလွယ်ကူပါဘူး။
သို့သော်လည်း အနှစ်ချုပ်ကို ဖော်ပြရမယ်ဆိုရင် သူဟာ charts ထဲက angles တွေကို support and resistance areas တွေကို သတ်မှတ်ဖို့ရန် နဲ့ အနာဂတ် trend ပြောင်းလဲမယ့် အချိန်တွေကို ခန့်မှန်းရန် အ တွက် အသုံးပြုပါတယ်။ သူဟာ support and resistance areas တွေကို ခန့်မှန်းရန် charts တွေထဲက lines တွေကိုလည်း အသုံးပြုပါတယ်။
https://en.wikipedia.org/wiki/William_Delbert_Gann
to be continue….
TA and FA ဘယ်သူတွေက ဘယ်လို လုပ်ဆောင်ချက်တွေကို လုပ်ကြပါသလဲ။
Technical analysis
2. Prices move in trends
Unicode
Fundamental သမား တွေဟာ market movement တွေရဲ့ ဖြစ်စေတဲ့ အကြောင်းတရားတွေကို လေ့လာနေစဉ်မှာပဲ technical သမား တွေကတော့ market movement တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကို လေ့လာနေကြပါတယ်။ အောင်မြင်သော traders အများစုဟာ ပိုမိုကောင်းမွန်သော ရလဒ် ရဖို့ အတွက် နည်းစနစ် နှစ်ခုစလုံးကို ပေါင်းစပ်ပြီး အသုံးပြုကြလေ့ ရှိကြပြန်ပါတယ်။
Technical analysis
Technical analysis ဆိုတာ အတိတ်က ဖြစ်ပေါ်ခဲ့ပြီးတဲ့ market action တွေကို ပြနေတဲ့ Charts တွေပေါ်မှာ လေ့လာပါတယ်။ ပြီးတော့ နောက်လာမယ့် အနာဂတ် market trends တွေနဲ့ price movement တွေကို ဟောကိန်းထုတ်တဲ့ (တွက်ထုတ်တဲ့) နည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ trading volume, Price of instruments တွေ ဖြစ်ရမယ့် အခြေအနေတွေ ထက်ကို ဈေးကွက်ထဲမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာနဲ့ ပိုမိုသက်ဆိုင်နေပါတယ်။ အဲ့ဒီလို ဖြစ်ပျက်ခဲ့တဲ့ data အချက်အလက်တွေကို အသုံးပြုပြီးတော့ Charts တွေကို ရေးဆွဲ ဖန်တီးထားပြီး ပြန် လည် အသုံးချတာလည်း ဖြစ်ပါတယ်။
Technical analysis ရဲ့ အဓိကကျတဲ့ အားသာချက် တစ်ခုကို ပြောပြရမယ်ဆိုရင် အတွေ့အကြုံရင့်တဲ့ Technical trader တစ်ယောက်ဟာ currencies markets များစွာနဲ့ currencies market instruments တွေကို တပြိုင်နက်တည်း အလွယ်တကူ လေ့လာ တွက်ထုတ် နိုင်တာပါပဲ။Technical analysis ဟာ မရှိမဖြစ် လိုအပ်တဲ့ နိယာမ သုံးခုပေါ်မှာ အခြေခံ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒါတွေကတော့
1. Market action discounts everything!
အဓိပ္ပါယ်ကတော့ actual price ဆိုတာ လက်ရှိဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အရောင်းအဝယ် သို့မဟုတ် အခြား အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ။ ဥပမာ Supply and demand, political factors and market sentiment တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Pure technical analyst သမား တယောက်အတွက်ကြတော့ price movements တစ်ခုနဲ့ သာလျှင် သက်ဆိုင်နေပါတယ်။ အခြား သော ဘယ်ပြောင်းလဲမှုမျိုး အတွက် မှ သူ့အတွက် အကြောင်းပြချက် တစုံတစ်ရာ ပြစရာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူက Technical analyst သမား သက်သက်သာ ဖြစ်နေလို့ပါပဲ။ (အခြားအကြောင်းတွေကို သူမလေ့လာပါဘူး)
2. Prices move in trends
Technical analysis နည်းစနစ် ဟာ Chart တွေနဲ့ ဖော်ထုတ်မှတ်သား ထားနိုင်တဲ့ အတွက် ၎င်း စနစ်ကို ဈေးကွက် အခြေအနေရဲ့ ပုံစံတွေ ကြာရှည် သိမ်းဆည်းထားရန် ရည်ရွယ်၍ အသုံးပြုကြပါတယ်။ ရရှိလာတဲ့ patterns အများစုဟာ ဖြစ်နိုင်ချေ မြင့်သော အထူး တွက်ထုတ်ထားတဲ့ ရလဒ်တွေလည်းပဲ ဖြစ်ပါတယ်။ အဲ့ဒီလို မှတ်သားထားခဲ့တဲ့ patterns တွေဟာလည်းပဲ ဈေးကွက်မှာ မှန်ကန်တဲ့ အခြေခံ တစ်ခု အဖြစ် ထပ်ခါတလဲလဲ ပြန်ဖြစ်လေ့ရှိပါတယ်။
3. History repeats itself
Forex chart patterns တွေကို History အနေနဲ့လည်း မှတ်သားထားပြန်ပါတယ်။ ပြီးတော့ နှစ် ၁၀၀ အထက် အတွက် တောင်မှ အမျိုးအစားခွဲပေးနိုင်စွမ်း ရှိပါတယ်။ အချိန်အနည်းငယ် အတွင်းမှာ ပြောင်းလဲတက်တဲ့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကောက်ချက်ဆွဲနိုင်ဖို့ အတွက် ဒီများပြားလှစွာသော patterns တွေဟာ ထပ်ခါတလဲလဲ ပြန်လည် ပြသပေးနေပြန်ပါတယ်။ forex charts တွေဟာ price တွေ ပါဝင်နေတဲ့ market action တွေ အပေါ်မှာ အခြေခံ ရေးဆွဲ ဖော်ပြထားလည်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် forex technical analysis theory မှာ အမျိုးအစား အားဖြင့် (၅) မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့
· Indicators (oscillators, e.g.: Relative Strength Index (RSI)
· Number theory (Fibonacci numbers, Gann numbers)
· Waves (Elliott wave theory)
· Gaps (high-low, open-closing)
· Trends (following moving average). တို့ပဲ ဖြစ်ပါတယ်။
Daily Timeframe D1 မှသင့် Trading ကို တိုးတက်စေမည့် နည်းလမ်း ၅သွယ်
မျိုးအိမ်ဇန်
Founder & Chief Analyst
Project X trading Team
Unicode
၁။ စိတ်ရှည်မှုကို သင်ကြားပေးခြင်း
Forex Trader တစ်ယောက်အနေနဲ့ အောင်မြင်ဖို့ရည်ရွယ်ထားတယ်ဆိုရင် ” စိတ်ရှည်မှု patience ” ဟာ တကယ့် သေရေးရှင်ရေး အရေးပါတဲ့အရာပါ။ Daily Timeframe ကို trade တယ်ဆိုတာဟာ သင့်ကိုယ်သင် စိတ်ရှည်သည်းခံတတ်အောင် တွန်းအားပေးတာဖြစ်ပါတယ်။ အဲဒီအတွက် အလွန်ကောင်းမွန်တဲ့ trade တွေကို ချမှတ်နိုင်မှာဖြစ်ပြီး အောင်မြင်ဖို့ အလားအလာလည်း တိုးပွားလာပါလိမ့်မယ်။
၂။ ကိုယ့်အဓိကအလုပ်ကို ဆက်လုပ်ပါ
Trading ကနေ အဆက်မပြတ် အမြတ်တွေရဖို့ဆိုရင် အချိန်ပေးရသလို၊ risk စွန့်စားမှု အန္တရာယ်လည်း ရှိပါလိမ့်မယ်။ D1 ကို trade တယ်ဆိုရင် ကိုယ့်မူလအလုပ်ကို ဆက်လုပ်လို့လည်း ရပါတယ်။ ဒါဆိုရင် ဝင်ငွေကို Trading တစ်ခုတည်းပေါ်မှာ လုံးလုံးလျားလျား မှီခိုပစ်လိုက်တာထက်စာရင် ရလာမယ့် စိတ်ဖိအား တွေလည်း လျော့သွားပါလိမ့်မယ်။
၃။ ဘေးပယောဂ အသံတွေနဲ့ ကင်းကင်းနေပါ
Twitter, facebook တို့လို social media တွေမှာ ဗဟိုဘဏ်တိုးနှုန်း interest rate decision လိုဟာတွေ၊ ကောလဟာလတွေ၊ Forex လောက က အသံတွေဟာ အများကြီးကို ဆူညံနေပါလိမ့်မယ်။ D1 ကို trade တာက အဲဒီလိုမျိုး ဖြစ်ရပ်တွေကြောင့် ဖြစ်လာတဲ့ ဈေးကွက်လှုပ်ခတ်မှုကို စစ်ထုတ်ဖယ်ရှားပြီး အဓိက candle close တွေကိုပဲ အာရုံစိုက်ပြီး အခြားဘာမှ မတွေးဖြစ်အောင် ကူညီပေး ပါလိမ့်မယ်။
၄။ ယုံကြည်စိတ်ချရမှု များခြင်း
EST 5 PM ( မြန်မာစံတော်ချိန် မနက် ၃ခွဲ ) မှာ Daily Candle တစ်ချောင်း ပိတ်ပါတယ်။ အဲဒီ အချိန် Buyer တွေနဲ့ Seller တွေရဲ့ လက်စသိမ်းအားပြိုင်မှု အကုန်ပြီးမှ Daily Candle ပိတ်တာကြောင့် D1 ဟာ အလွန်စိတ်ချရတာပါ။ H4 candle လည်းဒီလောက် ထင်ထင်ရှားရှား မပြနိုင်ပါဘူး။
၅။ အလွန်အကြူး trade မိခြင်းကို ကုစားနိုင်ခြင်း
Forex Traders တွေ အန္တရာယ်ကြုံသွားပြီ ( account ပျက်သွားပြီ ) ဆိုရင် အများဆုံးဟာ Overtrading ကြောင့်ဆိုတာ ငြင်းစရာကို မလိုတာပါ။ D1 ကို သုံးရင်တော့ ပိုပြီး ကျယ်ပြန့်တဲ့အမြင်နဲ့ အာရုံစိုက်ထားတာမို့ overtrading ကို ကုစားနိုင်ပါတယ်။
Trade နည်းနည်း + ယုံကြည်စိတ်ချမှု များများ = ပုံမှန် profit
ဆိုတာကို D1 က ပေးပါလိမ့်မယ်။
မျိုးအိမ်ဇန်
Founder & Chief Analyst
Project X trading Team
Forex Trading မွာ အေရးအႀကီးဆံုးအရာ
Admin Team
Unicode
Forex Trading မှာ အရေးအကြီးဆုံးအရာတစ်ခုခုပြောပါလို့ မေးလာခဲ့ရင် ” Patience ” စိတ်ရှည်သည်းခံမှုလို့ပဲ ပြန်ဖြေမှာပါ။
ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူကြီး ဝါရင်းဘတ်ဖက် ပြောခဲ့ဖူးတာရှိပါတယ်။ Trading ဆိုတာ စိတ်မရှည်တဲ့သူတွေရဲ့ ပိုက်ဆံကို စိတ်ရှည်တဲ့သူတွေဆီလွှဲပြောင်းပေးတဲ့နေရာ ဆိုတဲ့စကားပါ။ Trader အများစုဟာ စိတ်မရှည်ကြပါဘူး။
❌ Higher Timeframe D1, W1 မပြောနဲ့ H4 လောက်သုံးဖို့တောင် စိတ်မရှည်ကြပါဘူး။ 30mins, H1 လို Timeframe အသေးတွေမှာ trade ရင်း မြန်မြန်အဖြေပေါ် များများမြတ်မယ်လို့ တွေးနေကြဆဲပါပဲ။
❌ Trade တစ်ခုကို entry မဝင်သေးဘဲ စောင့်ကြည့်စဉ်းစားပြီး တတ်နိုင်သမျှ risk နည်းအောင်လုပ်ဖို့ စိတ်မရှည်ကြပါဘူး။ စိတ်ကထင်တာနဲ့ လက်က နှိပ်ပြီးသွားပြီ။
❌ StopLoss ထိပြီးရင် သို့ Float ဖြစ်နေရင် အဲဒီ Pair ကို ထပ်ဝယ်၊ ထပ်ရောင်း လုပ်တာကို Revenge Trade လို့ခေါ်ပါတယ်။ Position တွေပွထပြီး နောက်ဆုံး account ပျက်သွားတာ Revenge Trade ကြောင့်ပါပဲ။ အဲဒီလို မ trade ဖြစ်ဖို့ စိတ်မရှည်တတ်ကြပါဘူး။
❌Forex Trading မှာ အရေးကြီးတာ Education ပါ။ မှန်ကန်တဲ့ Proper Education ကို Global Trainer ! Experienced Coach တွေနဲ့ ကျင့်တောင် အနည်းဆုံး အချိန်တစ်နှစ်လိုပါတယ်။ ဘယ်သူမှ education အတွက် စိတ်မရှည်ကြပါဘူး။
❌ ငွေစုလိုက်၊ Account ထဲ ေွဖြည့်လိုက်၊ စိတ်ထင်ရာ trade လိုက်၊ ကုန်သွားလိုက် သံသရာထဲမှာလည်ကြတယ်။ မိမိ ရဲ့ အမှားကိုရှာဖွေဖို့ ပြင်ဆင်ဖို့ စိတ်မရှည်တတ်ကြပါဘူး။
စိတ်မရှည်ခြင်းဟာ Forex လောကမှာ အကြီးဆုံးရန်သူပါ။ မိမိရဲ့ အတွင်းစိတ်ထဲမှာရှိနေတဲ့ အတွင်းရန်ပါ …ကုန်ခဲ့တဲ့ 2017 မှာ မိတ်ဆွေ ကိုယ်ဘာတွေမှားခဲ့သလဲ ပြန်ပြီးရှာဖွေ ပြီးပါပြီလား ? အဲဒီ အမှားတွေကို ပြင်ဆင်ဖို့နည်းလမ်းရော ချမှတ်ပြီးပါပြီလား ?
Trader များအတွက် စေတနာစကားကတော့ စိတ်ရှည်သည်းခံခြင်း Patience ဟာ Forex လောက ကို အောင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဆိုတာပါပဲ။
Admin Team
The Disciplined Trader
Mutual Funds
Mutual Funds
Mutual Funds များသည် လွန်ခဲ့သော အနှစ် ၂၀ လောက်မှစ၍ လူထုကြားတွင် အလွန်ရေပန်းစားလာသော ရင်းနှီးမြှုတ်နှံမှု့တစ်ခု ဖြစ်လာသည်။ အမေရိကန်တွင် အိမ်ထောင်စု အားလုံး၏ တစ်ဝက်မျှသည် Mutual Funds များတွင် မြှုတ်နှံထားကြသည်။
ရင်းနှီးမြှုတ်နှံထားသည် ဆိုခြင်းမှာ Mutual Funds ကိုဝယ်ယူထားခြင်းဖြစ်သည်။ ဈေးကွက်တွင် အချိန်ကုန်ခံ၍ စတာ့ရှယ်ယာများကို လေ့လာနေမည့်အစား Mutual Funds
ကိုဝယ်ယူထားခြင်းဖြင့် ငွေတိုးပွားမည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။
#Mutual Funds ကိုဝယ်ယူထားခြင်းဖြင့်
() Mutual Funds သည် အမြတ်အစွန်း အများဆုံးပေးနိုင်မည့် စတော့ရှယ်ယာ , ငွေချေးစာချုပ်များကို ဝယ်ယူထားသောကြောင့် ထိုရင်းနှီးမြှုတ်နှံမှု့များမှ အမြတ်ငွေ ရရှိသောအခါ , အတိုးရရှိသောအခါ ရင်းနှီးထားသူများကို ပြန်လည်ခွဲဝေပေးသည်။
() Mutual Funds တွင်ရှိသော စတော့ရှယ်ယာများ ငွေချေးစာချုပ်များကို အရောင်းအဝယ်ပြုလုပ်၍သော်လည်းကောင်း ,  Mutual Funds တွင်ရှိသော အစုရှယ်ယာများ ဈေးကွက်တွင် တန်ဘိုးတက်ခဲ့၍ Capital Gain ဖြစ်သောအခါတွင်သော်လည်းကောင်း
အမြတ်အစွန်းရသည်။
() မိမိဝယ်ယူထားသော Mutual Funds သည်ဈေးတက်၍မိမိကပြန်ရောင်းခဲ့သော်အမြတ်အစွန်းရပါသည်။
Mutual Funds ကိုအုပ်ချုပ်သူများသည် ဈေးကွက်ကို ကျွမ်းကျင်သူများဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုတ်နှံသူများအနေဖြင့် စတော့ရှယ်ယာ အတက်အကျ, ကုမ္မဏီ များ၏ငွေးသားစီးဆင်းမှု့ , Balance Sheet များကိုနားလည်ရန်မလိုတော့ပါ။
Mutual Funds ကိုဝယ်ယူထားရုံဖြင့် စတော့ရှယ်ယာ အားလုံးကို ကျွမ်းကျင်စွာ ရင်းနှီးထားသကဲ့သို့ ဖြစ်သွားသည်။ Mutual Funds များ၏ ရင်းနှီးမြှုတ်နှံသည့်သဘာဝသည် Risk ( စွန့်စားမှု့) ကိုအနည်းဆုံးသာယူကြသည်။ဆိုလိုသည်မှာကုမ္မဏီတစ်ခုတည်းအပေါ်တွင်သာအရင်းအနှီးမပြုပါ။အမြတ်အစွန်းပေးနိုင်သောကုမ္မဏီများ၏ရှယ်ယာကိုဝယ်ထားပြီးရင်းနှီးမြှုတ်နှံခြင်းဖြစ်သည်။
ထို့ကြောင့် အမြတ်အစွန်းသည် နည်းပါးနိုင်သော်လည်း ဆုံးရှုံးမ
ှု့မဖြစ်အောင်ကာကွယ်ပေးထားနိုင်လေသည်။
မိမိဘာသာ စတော့ရှယ်ယာများ အရောင်းအဝယ်ပြု၍ ရင်းနှီးမြှုတ်နှံ
လျှင် Transaction Fees များကုန်ကျမှု့ရှိသော်လည်း Mutual Funds များသည် ငွေအလုံးအရင်းနှင့် အရောင်းအဝယ်ပြုသော
ကြောင့် Transaction Fees ကုန်ကျမှု့ကိုလျော့ပါးစေသည်။
Mutual Funds များကို ဝယ်ယူထားခြင်းသည် သည် စတော့ရှယ်ယာကဲ့သို့ အလွယ်တကူ ပြန်ရောင်းရလွယ်ပြီး / ငွေဖြစ်လွယ်သော Liquidity ဖြစ်သောကြောင့်လည်းလူကြိုက်များလှပါသည်။
အချို့က လစဉ် မိမိဘဏ်မှတဆင့် အလိုအလျှာက်စနစ်ဖြင့် $၁၀၀ ဘိုးဝယ်ယူကြသည်။ (Automatic purchase plan)
ကောင်းကွက်များရှိသကဲ့သို့ Mutual Funds တွင်ဆိုးကွက်များရှိပါသည်။ Mutual Funds သည် အမြတ်ရသည် ဖြစ်စေ မရသည် ဖြစ်စေ စီမံခန့်ခွဲသည့် သူများက Management Fees ကိုထုတ်ယူကြသည်။ Mutual Funds တွင်ရင်းနှီးထားသောသူများက
မည်သည့်ရှယ်ယာကိုဝယ်ပါရောင်းပါဟုပြောဆိုပိုင်ခွင့်မရှိပါ။
ရင်းနှီးမြှုတ်နှံမှု့သည် ကုမ္မဏီ များစွာအပေါ်တွင် ဖြန့်ကျက်ထားသော
ကြောင့်အမြတ်ရရှိမှု့သည်နည်းပါးတတ်သည်။
အခွန်ကို ၂ ခါပေးရသည်။ Mutual Funds ၏အမြတ်ကို အခွန်
ပေးရပြီးနောက်ရင်းနှီးမြှုတ်နှံထားသူများအမြတ်ဝေစုရသောအခါ
ဝင်ငွေခွန် – Income Tax အနေဖြင့်ထပ်၍ပေးရသောကြောင့်ဖြစ်သည်။
နောက်ဆုံးစာရင်းဇယားများအရ မြောက်အမေရိကတိုက်တွင် Mutual Funds ပေါင်း ၁၀,၀၀၀ ရှိသည်။ ထို့ကြောင့် စတော့ဖွင့်သည့် အရေအတွက်ထက်ပို၍ များလေသည်
ရင်းနှီးမြှုတ်နှံလိုသူများသည် မိမိ နှင့်ကိုက်ညီမည့် Mutual Funds အမျိုးအစားကိုရွေးယူနိုင်သည်။၎င်းတို့မှာ
() Equity Funds – စတော့ရှယ်ယာများကို အရောင်းအဝယ်ပြုသည့် အုပ်စုအရှုံးလည်းရှိနိုင်သည်။
() Fixed Income Funds (bonds) ငွေချေးစာချုပ်များကို အရောင်းအဝယ်ပြုသော အုပ်စုပုံမှန်ဝင်ငွေရှာပေးနိုင်သည်။အစိုးရနှင့်ကော်ပရေးရှင်းကြီးများမှငွေချေးစာချုပ်ဝယ်ယူသောစနစ်ဖြစ်သောကြောင့်အရှုံးမပေါ်နိုင်ပါ။
() Money market funds – ငွေကြေး အမျိုးအစားများကို အရောင်းအဝယ်ပြုလုပ်သော အုပ်စုအရှုံးမရှိနိုင်အနည်းဆုံးအရင်းပြန်ရသည်။ဘဏ်တွင်ငွေအပ်ထားခြင်းကြောင့်ရသောဘဏ်တိုးထက်တော့သာသည်။
() Balanced Funds – အမြတ်ရရှိနိုင်သမျှ နေရာအားလုံးတွင် ရင်းနှီးထားသည့် အုပ်စုပုံမှန်အားဖြင့် Balanced Funds များသည် စတော့ရှယ်ယာများတွင် ၆၀ % နှင့် ငွေချေးစာချုပ်များတွင် ၄၀ % ရင်းနှီးထားကြလေ့ရှိသည်။
Mutual Funds ကိုဝယ်ရာတွင် သတိထားရန်အချက်တခုမှာ Loads ဖြစ်သည်။ Loads ဆိုသည်မှာ အရောင်း အဝယ်ခပေးရ
ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်  Loads နှစ်မျိုးရှိသည်။
ပထမအမျိုးအစားမှာ Front – end loads ဟုခေါ်သည်။ ဥပမာအားဖြင့် Mutual Funds $,၀၀၀ဘိုးဝယ်ယူသောအခါ ၅% Loads ပေးလိုက်ရသည်။ ထို့ကြောင့် မှန်တကယ်ရင်းနှီးသောငွေမှာ $၉၅၀သာဖြစ်သည်။
ဒုတိယအမျိုးအစားမှာ Back -end loads ဟုခေါ်သည်။
ဝယ်သောအချိန်တွင် Loads မပေးရပါ။ဥပမာ၆နှစ်အတွင်း
ဝယ်ယူထားသော Mutual Funds ကို အရောင်းအဝယ်မပြုပါက Loads ပေးစရာမလိုဟုစည်းကမ်းရှိလျှင်ထိုစည်းကမ်းတိုင်း
လိုက်နာနိုင်ပါက Loads ပေးစရာမလိုတော့ပါ။
Mutual Funds ကိုဝယ်ယူမည်ဆိုလျှင်
Net Asset Value (NAV) ကိုတော့ တွက်ချက်ကြည့်ပါ။
NAV= Fund Assets – Liabilities
ထို့နောက် NAV per value ကိုတွက်ပါ။
NAV per value = NAV/ Numbers of Shares in Mutual Funds
NAV per value သည်နေ့စဉ်အတက်အကျရှိပါသည်။
Mutual Funds များကိုရှာလိုလျှင် Search Engine တွင် “no load small cap fund” ဟူ၍လည်းကောင်း “large cap value fund ” ဟူ၍လည်းကောင်း ရိုက်၍ ရှာဖွေနိုင်ပါသည်။
Credit
Source : Investopedia – the source for investing and personal finance education
What is Forex ?
Happy Weekend All Traders
Forex ဆိုတာ ဘာလဲမေးလို့ ကျတော်တို့ ကို မကြာမကြာ မေးလာကြပါတယ်
Forex ကို ခုမှ စတဲ့ Beginner တွေ အတွက်ရော Experience မများသေးတဲ့ trader တွေအတွက်ရော trading ဆိုတာ သဘောတရားက တခုထဲပါ
များသောအားဖြင့်ရှုံးတဲ့သူများပါတယ်။တချိန်ထဲမှာ
Trading ဆို တာ စစ်ပွဲ တခုလိုပါပဲ ကိုယ်တိုင် တော်မှ စစ်တိုက်နည်း ကျွှမ်းကျင်မှ စစ်ပွဲမှ မသေမှာပါ
Trading မှာတော့ လက်နက်တွေနဲ့ တော့ မဟုတ်ဖူးပေါ့ဗျာ ကမ္ဘာတဖက်က trader နဲ့ ကျတော်တို့ နဲ့ သုံးတဲ့ System,Indicators,EA(robot) တွေနဲ့ မမြင်နိုင်တဲ့ Financials War တခု တိုက်နေရတာပါ
ကျတော်တို့ 100$ မြတ်နေရင် တဖက် Trade တယောက်ယောက်မှာ 100$ ရှုံး နေတယ်ဆိုတာအားလုံးသိတဲ့အတိုင်းပါပဲ။
နောက်တခုက Trading မှာ ကျတော်တို့က Professional ရေကူသမားတယောက်လိုပါပဲ
International ရေကူးကန်ထဲမှာ ကိုယ် ကူးနိုင်မှ ကူးတတ်မှ နိုင်မှပါ။ တခုခု ဆုံးဖြတ်ချက်မှားခဲ့ရင်တော့ ထို ပြိုင်ပွဲအတွက် အမှတ်မရတော့ ဖူးပေါ့ဗျာ
Trading မှာ Order တခု ဝင်တိုင်းဝင်တိုင်း ဒီတိုင်းပါပဲ
Decisions မှားတာနဲ့ အမြတ်မရတော့ဖူးပေါ့ဗျာ
Trading က အချုပ်အားဖြင့်မှာ System and management က 20% နဲ့ 80% mental management ကို ဘယ်လောက်ထိန်းချုပ်နိုင်လဲဆိုတဲ့ Psychology ကိုပါ နားလည်ကိုင်တွယ်နိုင်မှ လစဉ်လစဉ် အမြတ်ယူနေနိုင်မှာပါ။
Rob Grenzeback