Multiple Unit Trading.

Multiple Unit Trading
————————————
Trade တစ်ခုအတွက် Position အနည်းဆုံး နှစ်ခုဖွင့်ခြင်းကိုMultiple Unit Trading ဟုခေါ်သည်။ ဥပမာသင်၏ Money Management အရ EURUSD ကို 1Lot ဝယ်မည်ဆိုပါစို့။ ၎င်း Position Size ကို
နှစ်ခုခွဲကာ 0.5 Lot စီ Position နှစ်ခုဝင်ခြင်းကို Multiple Unit Tradingဟုခေါ်သည်။ အကယ်၍သင်၏ Position Size သည် 0.2 Lot ဆိုပါက ၎င်း Position Size ကိုနှစ်ခုခွဲ၍ 0.1 Lot စီ Position နှစ်ခုဝင်ခြင်းကို
Multiple Unit Trading ဟုခေါ်သည်။ ဆိုလိုသည်မှာ Unit တစ်ခုစီသည်
ပမာဏမည်မျှမဆိုဖြစ်နိုင်သည်။ ၎င်း Unit နှစ်ခုတွင်ပထမ Position သည် Trade မိမိလိုချင်သောဦးတည်ဖက်သို့သွားသောအခါ ရေတိုအမြတ်အစွန်းယူရန်ဖြစ်ပြီး၊ ဒုတိယ Position မှာရှေ့ဆက်၍သွားကောင်းသွားမည့် Trendမှတတ်နိုင်သလောက်အမြတ်ညှစ်ထုတ်
ရန်ဖြစ်သည်။သင်သည် Day Trader ပင်ဖြစ်စေ၊ Swing Trader ပင်ဖြစ်စေ Multiple Unit Trading ကိုသင်၏ Plan တွင်ထည့်သွင်း ထားသင့်သည်။

ကျွန်တော်တို့Tradeတစ်ခုကိုဝင်ရောက် သည့်အခါ၊၎င်းTradeသည်မည်သို့ဖြစ်ပေါ်တိုး
တက်လာမည်ကိုမသိနိုင်ချေ။ ၎င်း Trade သည်ကျွန်တော်တို့လို ချင်သော ဦးတည်ဖက်သို့ ခဏတဖြုတ်ရှေ့ ဆက်ပြီးနောက်ပြန်လှည့် သွားခြင်းမျိုးလည်းရှိနိုင်သလို၊ တောက်ရှောက်
်ရှေ့ဆက် သွားခြင်း များ လည်းရှိနိုင်သည်။ Multiple Unit Trading သည် ထိုအခြေအနေနှစ်ရပ်ကိုကိုင်တွယ်
ရန်ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ပထမ Unit
သည်ကျွန်တော်တို့၏တွက်ချက်မှုများမှားယွင်း၍သော်လည်းကောင်း၊ကံအကြောင်းမလှ၍ သော်လည်းကောင်း၊အခြေအနေများသည်ဖြစ်
စေချင်သည့်အတိုင်းဖြစ်မလာသောအခါ အမြတ်နည်းနည်းယူပြီး Trade မှလျင်
မြန်စွာထွက်ရန်ရည်ရွယ်သည်။ ဒုတိယ Unit သည်အကယ်၍Trendသည် ကျွန်တော်တို့ လိုချင်သည့်အတိုင်းဖြစ်ပေါ်လာလျင်ရနိုင်သမျှအမြတ်ကိုညှစ်ထုတ်နိုင်ရန်ရည်ရွယ်သည်။

Kyaw Htay

XAUUSD (Daily)

071217 XAUUSD_D 071217 XAUUSD_D_02

 

 

 

 

 

လက်ရှိရွှေဈေးသည် (1263.34) Up Trend ရဲ့ Support နေရာကို ရောက်ရှိနေတယ်။ ၄င်း Up Trend သည် 2016 ခုနှစ် 12 လပိုင်းကနေ စတင်ဖြစ်ပေါ်ထားပါတယ်။ လာမယ့် သောကြာနေ့မှာလဲ US Non-Farm Payroll Data ထွက်ဖို့ရှိနေတဲ့အတွက် သတိပြုစရာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိရွှေဈေး၏ လားရာသည် အထက်ကို Bounce ဖြစ်မလား၊ အောက်ကို Break Out ဖြစ်မလား ဆိုတာ ရင်ခုန်စရာ ဖြစ်နေပါတယ်။ တက်မယ်ဆိုရင်တော့ 1286 ၀န်းကျင်လောက်ကို ရောက်လိမ့်မယ်လို့ ထင်မိပါတယ်။  ကျမယ်ဆိုရင်တော့ 1238.53 ၀န်းကျင်လောက်ကို ရောက်မယ်လို့ ထင်မိပါတယ်။  Admin အနေနဲ့ ကတော့ အတက်ကို ကြိုက်မိပါကြောင်း……

 

 

Good Luck All Traders!!!