တရုတ် အနေဖြင့် ပို့ကုန်မြှင့်တင်ရန် ယွမ်ငွေတန်ဖိုးကျဆင်းစေမဲ့ မည်သည့်ပေါ်လစီမှ မရှိကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zheng Zeguang မှ တရုတ် သမတ ဇီကျင်းပိုင် နှင့် အမေရိကန် သမတ ဒေါ်နယ်ထရန့်တို့ရဲ့ ကုန်သွယ်ရေးတင်းမာမှုကို ဖြေရှင်းဖို့ ပထမဆုံး အကြိမ်မတွေ့ဆုံခင်မှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်…
အမေရိကန်နဲ့ ပတ်သက်ပြီး ကုန်သွယ်မှုပိုငွေတွေ ရဖို့ တရုတ်အနေနဲ့ ရှာဖွေနေတာမဟုတ်ပါဘူး…၂ နိုင်ငံအကြား ကုန်သွယ်မှု ပိုငွေပြနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်းနဲ့ အမေရိကန်ဘက်မှလည်း တရုတ်ဘက်သို့ ပို့ကုန်တင်ပို့မှု တိုးတက်လာအောင် ဆောင်ရွက်သင့်ကြောင်း Zheng က ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် ကုန်သွယ်မှု လိုငွေ နဲ့ အလုပ်လက်မဲ့တွေ များပြားလာနေခြင်းကို ကြာကြာသည်းမခံနိုင်တော့တဲ့ အတွက် လာမည့် အပတ်တွင် သမတဒေါ်နယ်ထရန့် ရဲ့ အပန်းဖြေရိပ်သာတစ်ခု ဖြစ်တဲ့ Mar-a-Lago မှာ တွေ့ဆုံ ဖြေရှင်းသွားမယ်လို့ ကြာသပတေးနေ့က Tweeter မှတဆင့် ပြောကြားခဲ့တာပါ…
ထရန့် သမတ ရုံးစတက်ခဲ့တဲ့ ဇန်န၀ါရီ ၂၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အင်အားကြီး နိုင်ငံ ၂ခုရဲ့ ခေါင်းဆောင်များဟာ လာမည့် ကြာသပတေးနေ့ နှင့် သောကြာနေ့များတွင် တွေ့ဆုံရန် ရှိနေပါတယ်…
တောင်တရုတ် ပင်လယ်အတွင်း ကြီးစိုးချင်တဲ့ တရုတ်ရဲ့ မဟာဗျူဟာများနဲ့ မြောက်ကိုရီးယား အရေးများကို ထိန်းချုပ်နိုင်ရေးများဟာ အင်မတန် ခက်ခဲတဲ့ အရာတစ်ခု ဖြစ်တဲ့ အတွက် တရုတ်သမတနဲ့ တွေဆုံမှုမှာ ဒါတွေကို ဖြေရှင်းသွားနိုင်ဖို့ ထရန့် အနေနဲ့ အထူးတလည် မျှော်လင့်လျက် ရှိကြောင်း ကြာသပတေးနေ့က Tweeter မှာ ထုတ်ဖေါ်ပြောကြားသွားခဲ့ပါတယ်…
ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ခြင်း နှင့် ဒေါ်လာတန်ဖိုး အားကောင်းလာမှုတို့ကြောင့် ပြီးခဲ့သည့် နှစ်က ယွမ်ငွေတန်ဖိုး 6.6% ကျဆင်းခဲ့ပြီး ၁၉၉၄ နောက်ပိုင်း ဒေါ်လာနှင့်ယှဉ်လျင် အကြီးမားဆုံးဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့သည်။
၂၀၁၅ ခုနှစ် သြဂုတ်လ က တရုတ်ရဲ့ နောက်ဆုံး အကြိမ် ငွေတန်ဖိုးကို 2% ထိဆွဲချလိုက်ခြင်းကြောင့် ကုန်သည်များ နှင့် စီးပွါးရေး ပညာရှင်များက ကမ္ဘာ့ဈေးကွက် ပြိုလဲ လာလိမ့်မယ်ဆိုတဲ့ အမြင်က တော်တော် ကြီးမားခဲ့ပါတယ်…
တရုတ်ဟာ ပရိယာယ်ဆင်ပြီး သူ့ရဲ့ ယွမ်တန်ဖိုးကို ဒေါ်လာနဲ့ ဆန့်ကျင်ပြီး ချထားလိုက်တာဟာ တရုတ်ပို့ကုန်တွေကို ဈေးပေါပေါနဲ့ တင်ပို့ချင်လို့ ဖြစ်ပြီး ၊ အမေရိကန်ရဲ့ ထုတ်လုပ်မှုနဲ့ အလုပ်အကိုင်တွေကို ခိုးယူနေတာ ဖြစ်တယ်လို့ လည်း ထရန့်က အကြိမ်ကြိမ် စွပ်စွဲပြောဆိုခဲ့ပါတယ်…
့ရွေးကောက်ပွဲကာလမှ ကတိပေးခဲ့တဲ့ အတိုင်း တရုတ်ဟာ ငွေကြေးဈေးကွကကို ကြိုးကိုင်လိုသူဖြစ်ကြောင်း ကြေငြာဖို့ ထရန့်ရဲ့ ပထမဆုံး သမတရာထူးထမ်းဆောင်တဲ့ နေ့မှာပဲ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့တာကြောင့် ထရန့် အစိုးရရဲ့ တရုတ်ပေါ်လစီ နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဆက်တိုက်မြင့်တက်လာနေမှုများက တစ်နေ့ထက် တစ်နေ့ ပိုမို ကြီးထွားလာနေပါလိမ့်မယ်