တခါက ရြာတစ္ရြာမွာ
ဆရာေတာ္ တစ္ပါးရွိပါတယ္တဲ့။
“ဘုန္းၾကီးတို႔ ရဟန္းေတြမွာလည္း
မိဘေက်းဇူးကို ဆြမ္းခံျပီး
ျပဳစုလုပ္ေကၽြးလို႔ရတယ္”
ျမတ္စြာဘုရားကခြင့္ျပဳေတာ္မူတယ္တဲ့။
သည္ျဖစ္စဥ္ထဲက
ဆရာေတာ္ကေတာ့ မိခင္ကို
ေက်းဇူးဆပ္တဲ့ ဆရာေတာ္မွန္ပါတယ္။
ဒါေပမယ့္ သူဟာ
ဒကာေတြလွဴ သမ်ွ
အသုံးအေဆာင္ေတြ
အလွဴ ခံရသမ်ွ ဝတၳဳေငြအားလုံးကို
ေက်ာင္းမွာရွိတဲ့ကိုယ္ေတာ္ေတြအတြက္
စာေပပရိယတၱိမွာလည္းမသုံး၊
ေက်ာင္းပ်က္စီးေနတာကိုလည္းမျပဳ ျပင္၊
ရသမ်ွ အလွဴ ခံပစၥည္းဝတၳဳေငြေတြကို
သူ႔မိခင္ကိုပဲျပန္စြန္႔လွဴ တဲ့
ဆရာေတာ္ျဖစ္ေနပါသတဲ့ ၊
ဒီလိုနဲ႔ တေန႔က်ေတာ့
အလွဴ တစ္ခုမွာ အျခားနယ္က
ကိုယ္ေတာ္ေတြနဲ႔ဆုံပါတယ္။
မိဘကိုအေပးလြန္ေနတဲ့
သည္ဘုန္းၾကီးအေၾကာင္းကို
အျခားကိုယ္ေတာ္မ်ားလည္း
ၾကားသိေတာ့ ဝါၾကီးတဲ့
ကိုယ္ေတာ္တစ္ပါးက …
အလို_မေအေပးကိုယ္ေတာ္ပါလား
လို႔ နွဳတ္ဆက္ျခင္းကိုခံလိုက္ရတယ္။
နွဳတ္ဆက္တဲ့ကိုယ္ေတာ္ကလည္း
မေအကိုခ်ည္းေပးကမ္းေနေသာ
ကိုယ္ေတာ္ပါလား ဆိုျပီးေတာ့
ရည္ရြယ္ေပမယ့္ အသံထြက္ခ်င္းတူတဲ့
သာသာနွက္တဲ့ အဓိပၸါယ္နဲ႔ပါ
နွဳတ္ဆက္သုံးနွဳန္းလိုက္ပါသတဲ့။
အဲသည္အခ်ိန္ကစျပီး
အဲသည္ကိုယ္ေတာ္ဟာ
မေအေပးကိုယ္ေတာ္
သူ႔ေက်ာင္းဟာလည္း
မေအေပးေက်ာင္းစသျဖင့္
တြင္သြားပါေတာ့တယ္တဲ့။
ဆရာေတာ္အ႐ွင္ဆႏၵာဓိက
မင္းကိုနိဳင္တို႔လင္မယားကို
ဆရာေတာ္က မဂၤလာစကား
ခ်ီးျမႇင့္ရင္း ဟိုဘက္၊ဒီဘက္
မိဘႏွစ္ပါးစုံလုံးကို မ်ွမ်ွတတ
ေစာင့္ေ႐ွာက္ၾကဖို႔ မိန္႔ၾကားသြားတဲ့
တရားေတာ္ထဲကေကာက္ႏွဳတ္ထားတာပါ။
Unicode
တခါက ရွာတစ်ရွာမှာ
ဆရာတော် တစ်ပါးရှိပါတယ်တဲ့။
“ဘုန်းကြီးတို့ ရဟန်းတွေမှာလည်း
မိဘကျေးဇူးကို ဆွမ်းခံပြီး
ပြုစုလုပ်ကျွေးလို့ရတယ်”
မြတ်စွာဘုရားကခွင့်ပြုတော်မူတယ်တဲ့။
သည်ဖြစ်စဉ်ထဲက
ဆရာတော်ကတော့ မိခင်ကို
ကျေးဇူးဆပ်တဲ့ ဆရာတော်မှန်ပါတယ်။
ဒါပေမယ့် သူဟာ
ဒကာတွေလှူ သမျှ
အသုံးအဆောင်တွေ
အလှူ ခံရသမျှ ဝတ္ထုငွေအားလုံးကို
ကျောင်းမှာရှိတဲ့ကိုယ်တော်တွေအတွက်
စာပေပရိယတ္တိမှာလည်းမသုံး၊
ကျောင်းပျက်စီးနေတာကိုလည်းမပြု ပြင်၊
ရသမျှ အလှူ ခံပစ္စည်းဝတ္ထုငွေတွေကို
သူ့မိခင်ကိုပဲပြန်စွန့်လှူ တဲ့
ဆရာတော်ဖြစ်နေပါသတဲ့ ၊
ဒီလိုနဲ့ တနေ့ကျတော့
အလှူ တစ်ခုမှာ အခြားနယ်က
ကိုယ်တော်တွေနဲ့ဆုံပါတယ်။
မိဘကိုအပေးလွန်နေတဲ့
သည်ဘုန်းကြီးအကြောင်းကို
အခြားကိုယ်တော်များလည်း
ကြားသိတော့ ဝါကြီးတဲ့
ကိုယ်တော်တစ်ပါးက …
အလို_မအေပေးကိုယ်တော်ပါလား
လို့ နှုတ်ဆက်ခြင်းကိုခံလိုက်ရတယ်။
နှုတ်ဆက်တဲ့ကိုယ်တော်ကလည်း
မအေကိုချည်းပေးကမ်းနေသော
ကိုယ်တော်ပါလား ဆိုပြီးတော့
ရည်ရွယ်ပေမယ့် အသံထွက်ချင်းတူတဲ့
သာသာနှက်တဲ့ အဓိပ္ပါယ်နဲ့ပါ
နှုတ်ဆက်သုံးနှုန်းလိုက်ပါသတဲ့။
အဲသည်အချိန်ကစပြီး
အဲသည်ကိုယ်တော်ဟာ
မအေပေးကိုယ်တော်
သူ့ကျောင်းဟာလည်း
မအေပေးကျောင်းစသဖြင့်
တွင်သွားပါတော့တယ်တဲ့။
ဆရာတော်အရှင်ဆန္ဒာဓိက
မင်းကိုနိုင်တို့လင်မယားကို
ဆရာတော်က မင်္ဂလာစကား
ချီးမြှင့်ရင်း ဟိုဘက်၊ဒီဘက်
မိဘနှစ်ပါးစုံလုံးကို မျှမျှတတ
စောင့်ရှောက်ကြဖို့ မိန့်ကြားသွားတဲ့
တရားတော်ထဲကကောက်နှုတ်ထားတာပါ။