
ေရႊေစ်းဟာ ေသာၾကာေန႔က Trade နည္းခဲ့ၿပီး ၃ လခြဲအတြင္း အျမင့္ဆံုးေရာက္သြားၿပီးတဲ့ေနာက္ ရင္းႏီွွးျမႇဳပ္ႏွံသူေတြက အက်ိဳးအျမတ္ ယူကာ ေစ်းကြက္က ထြက္သြားတာေၾကာင့္ ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ဒီဇင္ဘာ အလုပ္အကုိင္ အခ်က္အလက္ေတြက ေမွ်ာ္လင့္ထား တာထက္ အားနည္းခဲ့ေပမယ့္ ေဒၚလာကေတာ့ တက္လာပါတယ္။
နယူးေယာက္အိတ္ခ်ိန္းမွာ ေဖေဖာ္၀ါရီအတြက္ delivery ဟာ ေသာၾကာေန႔က ၀.၁၁ ရာခုိင္ႏႈန္း က်ဆင္းခဲ့ၿပီး တစ္ေအာင္စကုိ ၁၃၂၀.၂၀ ေဒၚလာ ရွိေနပါတယ္။ တစ္ပတ္တာအတြက္ဆုိရင္ ၿပီးခဲ့တဲ့တစ္ပတ္မွာ ေရႊေစ်းဟာ ၀.၉၉ ရာခုိင္ႏႈန္း တက္လာခဲ့ၿပီး ေလးပတ္ဆက္တုိက္ တက္လာတာျဖစ္ပါတယ္။
အေမရိကန္ရဲ႕ ဒီဇင္ဘာအလုပ္အကုိင္အခ်က္အလက္ဟာ က်ဆင္းသြားခဲ့ၿပီး အလုပ္လက္မဲ့ႏႈန္းကေတာ့ ပံုမွန္အတုိင္း ရွိေနပါတယ္။ ေအာက္တုိဘာနဲ႔ ႏုိ၀င္ဘာ အလုပ္အကုိင္ေပးႏိုင္မႈေတြကလည္း ေမွ်ာ္မွန္းထားတာထက္ ပုိမုိ က်ဆင္းသြားပါတယ္။
ဒီဇင္ဘာလအထိ တစ္ႏွစ္တာ လုပ္ခလစာဟာ ၂.၅ ရာခုိင္ႏႈန္း တက္လာခဲ့ၿပီး ႏုိ၀င္ဘာလုပ္ခလစာ တုိးတက္မႈဟာ ၂.၄ ရာခုိင္ႏႈန္း ရွိပါတယ္။ ဒါဟာ ေအာက္တုိဘာလက ၂.၅ ရာခုိင္ႏႈန္းထက္ နည္းသြားတာပါ။
အလုပ္အကုိင္အခ်က္အလက္ ထြက္လာၿပီးေနာက္ပုိင္း က်ဆင္းသြားတဲ့ေဒၚလာဟာ ေနာက္ပိုင္းမွာ ျပန္တက္လာခဲ့ပါတယ္။
လာမယ့္တစ္ပတ္မွာ ေဒၚလာတက္ဖုိ႔ရွိတာေၾကာင့္ ေရႊေစ်းဟာ အက်ဖက္ေရာက္ႏုိင္ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူေတြကေတာ့ သူတုိ႔ရဲ႕ ေငြေၾကးေဖာင္းပြမႈႏႈန္း အခ်က္အလက္ေတြ၊ Fed အုပ္ခ်ဳပ္ေရးမွဴးေတြရဲ႕ မွတ္ခ်က္ေတြကုိ ေစာင့္ၾကည့္ကာ အတုိးႏႈန္းတက္ေရးကုိ သံုးသပ္မွာ ျဖစ္ပါတယ္။ လာမယ့္တစ္ပတ္ ေရႊေစ်းကြက္ကုိ ႐ုိက္ခတ္ေစမယ့္ စီးပြားေရး အခ်က္အလက္တစ္ခ်ိဳ႕ကုိ ေဖာ္ျပလုိက္ပါတယ္။
ဇန္န၀ါရီ ၈၊ တနလၤာ
ဂ်ပန္ကေစ်းကြက္ေတြဟာ အားလပ္ရက္ေၾကာင့္ ပိတ္မွာျဖစ္ပါတယ္။
ယူေကဟာ အိမ္ယာေစ်းႏႈန္း ေဖာင္းပြမႈအခ်က္အလက္ကုိ ထုတ္ျပန္မွာ ျဖစ္ပါတယ္။
ကေနဒါဘဏ္ဟာ သူတုိ႔ရဲ႕ ၃ လပတ္ စီးပြားေရးအေနအထား သံုးသပ္မႈကုိ ထုတ္ျပန္ပါလိမ့္မယ္။
အတၱလန္တာ Fed အႀကီးအကဲ ရာေဖးလ္ ေဘာ့စတစ္နဲ႔ ဆန္ဖရန္စစၥကုိက Fed အႀကီးအကဲ ဂၽြန္ ၀ီလီယံတုိ႔ဟာ မိန္႔ခြန္းေတြေျပာဖုိ႔ ရွိေနပါတယ္။
ဇန္န၀ါရီ ၉၊ အဂၤါ
ၾသစေတးလ်ဟာ ေဆာက္လုပ္ေရးအခ်က္အလက္ေတြကုိ ထုတ္ျပန္မွာပါ။
ဂ်ာမနီကလည္း စက္မႈထုတ္လုပ္မႈ၊ trade balance အခ်က္အလက္ေတြကုိ ထုတ္ျပန္ပါလိမ့္မယ္။
ဥေရာပဇုန္ဟာ အလုပ္လက္မဲ့ႏႈန္းေတြကုိ ထုတ္ျပန္မွာ ျဖစ္ပါတယ္။
ဇန္န၀ါရီ ၁၀၊ ဗုဒၶဟူး
တ႐ုတ္ႏုိင္ငံဟာ consumer price နဲ႔ producer price ေဖာင္းပြမႈေတြကုိ ထုတ္ျပန္ပါလိမ့္မယ္။
ယူေကဟာ ကုန္ထုတ္လုပ္မႈနဲ႔ trade balance အခ်က္အလက္ေတြကို ထုတ္ျပန္မွာ ျဖစ္ပါတယ္။
ကေနဒါဟာ building permits အခ်က္အလက္ေတြကုိ ထုတ္ျပန္မွာပါ။
အေမရိကန္ကေတာ့ improt prices စာရင္းကုိ ထုတ္ျပန္မွာ ျဖစ္ပါတယ္။
ဇန္န၀ါရီ ၁၁၊ ၾကာသာပေတး
ၾသစေတးလ်ဟာ produce data နဲ႔ retail sales အခ်က္အလက္ကုိ ထုတ္ျပန္ပါလိမ့္မယ္။
ဥေရာပဗဟုိဘဏ္ဟာ သူတုိ႔ရဲ႕ ဒီဇင္ဘာအစည္းအေ၀းမွတ္တမ္းကုိ ထုတ္ျပန္မွာ ျဖစ္ပါတယ္။
ကေနဒါက အိမ္ယာေစ်းႏႈန္း ေဖာင္းပြမႈအခ်က္အလက္ကုိ ထုတ္ျပန္ပါလိမ့္မယ္။
မၾကာခင္ ရာထူးကေန ထြက္ေတာ့မယ့္ နယူးေယာက္ Fed ဥကၠဌ ဘီလ္ ဒူဒ္ေလးဟာ နယူးေယာက္က အခမ္းအနားတစ္ခုမွာ မိန္႔ခြန္းေျပာမွာပါ။
ဇန္န၀ါရီ ၁၂၊ ေသာၾကာ
တ႐ုတ္ႏုိင္ငံဟာ Trade balance အခ်က္အလက္ကုိ ထုတ္ျပန္မွာ ျဖစ္ပါတယ္။
အေမရိကန္ဟာ consumer inflation နဲ႔ retail sales အခ်က္အလက္ေတြကုိ ထုတ္ျပန္ပါလိမ့္မယ္။
Academic Team
Myanmar Golden Link
Unicode
ရွှေဈေးဟာ သောကြာနေ့က Trade နည်းခဲ့ပြီး ၃ လခွဲအတွင်း အမြင့်ဆုံးရောက်သွားပြီးတဲ့နောက် ရင်းနှီှးမြှုပ်နှံသူတွေက အကျိုးအမြတ် ယူကာ ဈေးကွက်က ထွက်သွားတာကြောင့် ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒီဇင်ဘာ အလုပ်အကိုင် အချက်အလက်တွေက မျှော်လင့်ထား တာထက် အားနည်းခဲ့ပေမယ့် ဒေါ်လာကတော့ တက်လာပါတယ်။
နယူးယောက်အိတ်ချိန်းမှာ ဖေဖော်ဝါရီအတွက် delivery ဟာ သောကြာနေ့က ဝ.၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်အောင်စကို ၁၃၂၀.၂၀ ဒေါ်လာ ရှိနေပါတယ်။ တစ်ပတ်တာအတွက်ဆိုရင် ပြီးခဲ့တဲ့တစ်ပတ်မှာ ရွှေဈေးဟာ ဝ.၉၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး လေးပတ်ဆက်တိုက် တက်လာတာဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဒီဇင်ဘာအလုပ်အကိုင်အချက်အလက်ဟာ ကျဆင်းသွားခဲ့ပြီး အလုပ်လက်မဲ့နှုန်းကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာ အလုပ်အကိုင်ပေးနိုင်မှုတွေကလည်း မျှော်မှန်းထားတာထက် ပိုမို ကျဆင်းသွားပါတယ်။
ဒီဇင်ဘာလအထိ တစ်နှစ်တာ လုပ်ခလစာဟာ ၂.၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး နိုဝင်ဘာလုပ်ခလစာ တိုးတက်မှုဟာ ၂.၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ အောက်တိုဘာလက ၂.၅ ရာခိုင်နှုန်းထက် နည်းသွားတာပါ။
အလုပ်အကိုင်အချက်အလက် ထွက်လာပြီးနောက်ပိုင်း ကျဆင်းသွားတဲ့ဒေါ်လာဟာ နောက်ပိုင်းမှာ ပြန်တက်လာခဲ့ပါတယ်။
လာမယ့်တစ်ပတ်မှာ ဒေါ်လာတက်ဖို့ရှိတာကြောင့် ရွှေဈေးဟာ အကျဖက်ရောက်နိုင်ပြီး ရင်းနှီးမြှုပ်နှံသူတွေကတော့ သူတို့ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း အချက်အလက်တွေ၊ Fed အုပ်ချုပ်ရေးမှူးတွေရဲ့ မှတ်ချက်တွေကို စောင့်ကြည့်ကာ အတိုးနှုန်းတက်ရေးကို သုံးသပ်မှာ ဖြစ်ပါတယ်။ လာမယ့်တစ်ပတ် ရွှေဈေးကွက်ကို ရိုက်ခတ်စေမယ့် စီးပွားရေး အချက်အလက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
ဇန်နဝါရီ ၈၊ တနင်္လာ
ဂျပန်ကဈေးကွက်တွေဟာ အားလပ်ရက်ကြောင့် ပိတ်မှာဖြစ်ပါတယ်။
ယူကေဟာ အိမ်ယာဈေးနှုန်း ဖောင်းပွမှုအချက်အလက်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ကနေဒါဘဏ်ဟာ သူတို့ရဲ့ ၃ လပတ် စီးပွားရေးအနေအထား သုံးသပ်မှုကို ထုတ်ပြန်ပါလိမ့်မယ်။
အတ္တလန်တာ Fed အကြီးအကဲ ရာဖေးလ် ဘော့စတစ်နဲ့ ဆန်ဖရန်စစ္စကိုက Fed အကြီးအကဲ ဂျွန် ဝီလီယံတို့ဟာ မိန့်ခွန်းတွေပြောဖို့ ရှိနေပါတယ်။
ဇန်နဝါရီ ၉၊ အင်္ဂါ
သြစတေးလျဟာ ဆောက်လုပ်ရေးအချက်အလက်တွေကို ထုတ်ပြန်မှာပါ။
ဂျာမနီကလည်း စက်မှုထုတ်လုပ်မှု၊ trade balance အချက်အလက်တွေကို ထုတ်ပြန်ပါလိမ့်မယ်။
ဥရောပဇုန်ဟာ အလုပ်လက်မဲ့နှုန်းတွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၀၊ ဗုဒ္ဓဟူး
တရုတ်နိုင်ငံဟာ consumer price နဲ့ producer price ဖောင်းပွမှုတွေကို ထုတ်ပြန်ပါလိမ့်မယ်။
ယူကေဟာ ကုန်ထုတ်လုပ်မှုနဲ့ trade balance အချက်အလက်တွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ကနေဒါဟာ building permits အချက်အလက်တွေကို ထုတ်ပြန်မှာပါ။
အမေရိကန်ကတော့ improt prices စာရင်းကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၁၊ ကြာသာပတေး
သြစတေးလျဟာ produce data နဲ့ retail sales အချက်အလက်ကို ထုတ်ပြန်ပါလိမ့်မယ်။
ဥရောပဗဟိုဘဏ်ဟာ သူတို့ရဲ့ ဒီဇင်ဘာအစည်းအဝေးမှတ်တမ်းကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ကနေဒါက အိမ်ယာဈေးနှုန်း ဖောင်းပွမှုအချက်အလက်ကို ထုတ်ပြန်ပါလိမ့်မယ်။
မကြာခင် ရာထူးကနေ ထွက်တော့မယ့် နယူးယောက် Fed ဥက္ကဌ ဘီလ် ဒူဒ်လေးဟာ နယူးယောက်က အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောမှာပါ။
ဇန်နဝါရီ ၁၂၊ သောကြာ
တရုတ်နိုင်ငံဟာ Trade balance အချက်အလက်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
အမေရိကန်ဟာ consumer inflation နဲ့ retail sales အချက်အလက်တွေကို ထုတ်ပြန်ပါလိမ့်မယ်။
Academic Team
Myanmar Golden Link