Admin Team
Unicode
Forex Trading မှာ အရေးအကြီးဆုံးအရာတစ်ခုခုပြောပါလို့ မေးလာခဲ့ရင် ” Patience ” စိတ်ရှည်သည်းခံမှုလို့ပဲ ပြန်ဖြေမှာပါ။
ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူကြီး ဝါရင်းဘတ်ဖက် ပြောခဲ့ဖူးတာရှိပါတယ်။ Trading ဆိုတာ စိတ်မရှည်တဲ့သူတွေရဲ့ ပိုက်ဆံကို စိတ်ရှည်တဲ့သူတွေဆီလွှဲပြောင်းပေးတဲ့နေရာ ဆိုတဲ့စကားပါ။ Trader အများစုဟာ စိတ်မရှည်ကြပါဘူး။
❌ Higher Timeframe D1, W1 မပြောနဲ့ H4 လောက်သုံးဖို့တောင် စိတ်မရှည်ကြပါဘူး။ 30mins, H1 လို Timeframe အသေးတွေမှာ trade ရင်း မြန်မြန်အဖြေပေါ် များများမြတ်မယ်လို့ တွေးနေကြဆဲပါပဲ။
❌ Trade တစ်ခုကို entry မဝင်သေးဘဲ စောင့်ကြည့်စဉ်းစားပြီး တတ်နိုင်သမျှ risk နည်းအောင်လုပ်ဖို့ စိတ်မရှည်ကြပါဘူး။ စိတ်ကထင်တာနဲ့ လက်က နှိပ်ပြီးသွားပြီ။
❌ StopLoss ထိပြီးရင် သို့ Float ဖြစ်နေရင် အဲဒီ Pair ကို ထပ်ဝယ်၊ ထပ်ရောင်း လုပ်တာကို Revenge Trade လို့ခေါ်ပါတယ်။ Position တွေပွထပြီး နောက်ဆုံး account ပျက်သွားတာ Revenge Trade ကြောင့်ပါပဲ။ အဲဒီလို မ trade ဖြစ်ဖို့ စိတ်မရှည်တတ်ကြပါဘူး။
❌Forex Trading မှာ အရေးကြီးတာ Education ပါ။ မှန်ကန်တဲ့ Proper Education ကို Global Trainer ! Experienced Coach တွေနဲ့ ကျင့်တောင် အနည်းဆုံး အချိန်တစ်နှစ်လိုပါတယ်။ ဘယ်သူမှ education အတွက် စိတ်မရှည်ကြပါဘူး။
❌ ငွေစုလိုက်၊ Account ထဲ ေွဖြည့်လိုက်၊ စိတ်ထင်ရာ trade လိုက်၊ ကုန်သွားလိုက် သံသရာထဲမှာလည်ကြတယ်။ မိမိ ရဲ့ အမှားကိုရှာဖွေဖို့ ပြင်ဆင်ဖို့ စိတ်မရှည်တတ်ကြပါဘူး။
စိတ်မရှည်ခြင်းဟာ Forex လောကမှာ အကြီးဆုံးရန်သူပါ။ မိမိရဲ့ အတွင်းစိတ်ထဲမှာရှိနေတဲ့ အတွင်းရန်ပါ …ကုန်ခဲ့တဲ့ 2017 မှာ မိတ်ဆွေ ကိုယ်ဘာတွေမှားခဲ့သလဲ ပြန်ပြီးရှာဖွေ ပြီးပါပြီလား ? အဲဒီ အမှားတွေကို ပြင်ဆင်ဖို့နည်းလမ်းရော ချမှတ်ပြီးပါပြီလား ?
Trader များအတွက် စေတနာစကားကတော့ စိတ်ရှည်သည်းခံခြင်း Patience ဟာ Forex လောက ကို အောင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဆိုတာပါပဲ။
Admin Team
The Disciplined Trader
Hi, very nice website, cheers!
——————————————————
Need cheap and reliable hosting? Our shared plans start at $10 for an year and VPS plans for $6/Mo.
——————————————————
Check here: https://www.good-webhosting.com/
Like!! Great article post.Really thank you! Really Cool.
It’s difficult to find well-informed people for this topic, however, you sound like you know what you’re talking about! Thanks|
I like the helpful info you provide in your articles. I’ll bookmark your weblog and check again here regularly. I’m quite certain I will learn many new stuff right here! Best of luck for the next!|