ပုဂၢလိကက႑တြင္ ျဖစ္ေပၚေနေသာ လက္ရွိအခက္အခဲမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ ေခ်းေငြအေပၚ အတိုးႏႈန္းေလွ်ာ့ခ်ေပးရန္ (Maximum Bank Lending Rate) ကို လက္ရွိ ၁၃ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်ေပးရန္ႏွင့္ ဘဏ္အပ္ေငြအေပၚ အတိုးႏႈန္း (Maximum Bank Lending Rate) ကို လက္ရွိ ရွစ္ရာခိုင္ႏႈန္းမွ ငါးရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်ေပးရန္ လုပ္ငန္းရွင္မ်ားမွ တင္ျပမႈအေပၚ ကုန္သည္စက္မႈအသင္းခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ဦးေအာင္ၾကည္စိုးက ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးသိန္းႏွင့္ ဒုတိယသမၼတ ဦးျမင့္ေဆြသို႔ တင္ျပသည္။
ျမန္မာႏိုင္ငံတြင္ ယခင္က ဘဏ္တိုးႏႈန္းႏွင့္ပတ္သက္သည့္ ေျပာင္းလဲမႈ ရွစ္ႀကိမ္ျပဳလုပ္ခဲ့ဖူးၿပီး ဦးသိန္းစိန္အစိုးရလက္ထက္တြင္ အပ္ေငြအေပၚအတိုးႏႈန္းႏွင့္ ေခ်းေငြအေပၚအတိုးႏႈန္းကို ၂၀၁၁ ခုႏွစ္ စက္တင္ဘာ ၁ ရက္တြင္ တစ္ႀကိမ္ႏွင့္ ၂၀၁၂ ခုႏွစ္ ဇန္န၀ါရီ ၁ ရက္တြင္ တစ္ႀကိမ္ ႏွစ္ႀကိမ္အထိ ေလွ်ာ့ခ်ေပးခဲ့သည္။
“ကြၽန္ေတာ္တို႔က အတိုးႏႈန္း ေလွ်ာ့ခ်ဖို႔ ေျပာေနေပမယ့္ ဒီဘဏ္ တုိးႏႈန္းခ်ဖို႔ကိစၥဟာ Very Sensitive ပါ။ လုပ္ရကိုင္ရ အင္မတန္ ခက္ပါတယ္။ သို႔ေသာ္လည္း လက္ရွိ စီးပြားေရးအေျခအေနအရ အတိုးႏႈန္းေလွ်ာ့ခ်ႏိုင္မွပဲ စီးပြားေရးက ျပန္လည္တုိးတက္မယ္လို႔ တင္ျပထားတာ အမ်ားႀကီး ရွိေနပါတယ္” ဟု ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ဦးေဇာ္မင္း၀င္းက ေျပာၾကားသည္။

ဘဏ္တိုးႏႈန္းအား ေျပာင္းလဲျခင္း ျပဳလုပ္ေလ့ရွိသည့္ ကာလမ်ားမွာ ေငြေဖာင္းပြမႈ ေလ်ာ့က်ခ်ိန္ႏွင့္ စီးပြားေရး က်ဆင္းေနခ်ိန္တြင္ စီးပြားေရး ျပန္လည္ျမႇင့္တင္ႏိုင္ရန္ အတိုးႏႈန္းေလွ်ာ့ခ်ေလ့ရိွၿပီး စီးပြားေရး အရွိန္ျမင့္ေနခ်ိန္ႏွင့္ ေငြေၾကးေဖာင္းပြမႈ ျမင့္မားေနခ်ိန္တြင္ အတိုးႏႈန္းျမႇင့္တင္ေလ့ရွိသည္။ ထိုသို႔ အတိုးႏႈန္းေျပာင္းလဲမႈသည္ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ အလုပ္အကိုင္ရရွိမႈ စသည့္ အက်ဳိးသက္ေရာက္မႈမ်ား ရွိႏိုင္မည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ လက္ရွိေငြေဖာင္းပြမႈႏႈန္းမွာ လက္ရွိအစိုးရလက္ထက္ ၂၀၁၆ ခုႏွစ္ ဇူလိုင္တြင္ ၁၂ ဒသမ ၁၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္ကာ လက္ရွိတြင္လည္း ေငြေဖာင္းပြႏႈန္း ျမင့္မားသည့္ အေျခအေနတြင္ ရွိေနသည္။
ေငြေဖာင္းပြမႈႏႈန္း ျမင့္မားေနသည္ ဆိုေသာ္လည္း ျမန္မာႏိုင္ငံတြင္ ဘဏ္တုိးႏႈန္း ျမင့္မားေနမႈႏွင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားတြင္ ဘဏ္တိုးႏႈန္းနည္းပါးမႈ စသည့္ အေျခအေနမ်ားေၾကာင့္ ၂၀၁၈ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအေပၚ သက္ေရာက္လာမည့္ အာဆီယံစီးပြားေရး အသိုက္အ၀န္းတြင္ ဘဏ္တိုးႏႈန္းျမင့္မားသည့္ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ားအေနျဖင့္ ယွဥ္ၿပိဳင္ရခက္ခဲသည့္ အေျခအေန ျဖစ္ေပၚလာမည္ျဖစ္၍ ဘဏ္တိုးႏႈန္းေလွ်ာ့ခ်ႏိုင္ရန္ လိုအပ္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ဘဏ္တိုးႏႈန္း ျမင့္မားေနသည့္ ျမန္မာႏိုင္ငံသို႔ စင္ကာပူ၊ ထိုင္းစသည့္ ဘဏ္တိုးႏႈန္းနိမ့္သည့္ ႏိုင္ငံမ်ားမွ လုပ္ငန္းရွင္မ်ားက ယင္းတို႔၏ သက္ဆိုင္ရာႏိုင္ငံမွ ေငြမ်ားေခ်းယူ၍ ျမန္မာႏိုင္ငံဘဏ္မ်ားတြင္ အပ္ႏွံကာ ဘဏ္တိုးႏႈန္းကို အျမတ္အစြန္းယူ ေစ်းကစားမႈမ်ား ျပဳလုပ္မႈမ်ားလည္း ရွိခဲ့သည္။

“လက္ရွိ စီးပြားေရး အေျခအေနအရ ေခ်းေငြကာလကို တိုးျမႇင့္ေပးၿပီး အတိုးႏႈန္းကို ေလွ်ာ့ခ်ေပးသင့္ပါတယ္” ဟု ျမန္မာႏိုင္ငံဘဏ္မ်ားအသင္း အတြင္းေရးမွဴးက ေျပာၾကားသည္။
လက္ရွိဘဏ္တိုးႏႈန္း ၁၃ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ရန္ နည္းလမ္းရွာေဖြသြားမည္ဟု စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္၀င္းက ေဖေဖာ္၀ါရီ ၁၈ ရက္တြင္ ျပဳလုပ္သည့္ ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီႏွင့္ ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႕ဆံု ေဆြးေႏြးပြဲတြင္ ေျပာၾကားသည္။
“ဘဏ္တုိးႏႈန္း ၁၃ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ႏုိင္ဖို႔ ဘယ္ေနရာမွာ ေျဖရွင္းႏုိင္ဖို႔ Solution ရွိမလဲဆိုတာ ကြၽန္ေတာ္တို႔စတင္ၿပီး စဥ္းစားေနပါၿပီ။ ဒီ ၁၃ ရာခိုင္ႏႈန္း ေလွ်ာ့ခ်မယ္ဆိုရင္ အသီးသီးေသာ လုပ္ငန္းေတြမွာ သက္ေရာက္မႈေတြ အမ်ားႀကီး ရွိလာပါမယ္” ဟု ဦးေက်ာ္၀င္းက ေျပာၾကားသည္။
ထို႔ျပင္ ဘဏ္တိုးႏႈန္း ၁၃ ရာခုိင္ႏႈန္းဆိုသည့္ ၀န္ထုပ္၀န္ပိုးႀကီးကို ေျဖရွင္းႏိုင္ရန္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႕အတြင္း ေဆြးေႏြးေနသည့္အျပင္ လိုအပ္သည့္ အၾကံျပဳမႈမ်ားလည္း ေပးအပ္ႏိုင္သည္ဟု ဦးေက်ာ္၀င္းက ဆက္လက္ေျပာၾကားသည္။
“ဘဏ္တိုးႏႈန္း ေလွ်ာ့သင့္တယ္။ ဒါေပမဲ့ ခ်က္ခ်င္းႀကီး ျဗဳန္းစားႀကီး ေလွ်ာ့တာမ်ဳိးမဟုတ္ဘဲ ျဖည္းျဖည္းခ်င္း ေလွ်ာ့သင့္တယ္။ ေလွ်ာ့တဲ့အခါမွာ ျပင္ပကရင္းႏွီးျမႇဳပ္ႏွံမႈ ေစ်းကြက္ေတြ ဖြံ႕ၿဖိဳးေအာင္လုပ္ရမယ္။ ပုဂၢလိကက႑ ဖြံ႕ၿဖိဳးအားေကာင္းလာေအာင္ လုပ္ရမယ္။ ဘဏ္တိုးႏႈန္း ေလွ်ာ့ခ်တာနဲ႔ မလံုေလာက္ဘူး။ အဲဒါမွ ဘဏ္တိုးႏႈန္းေလွ်ာ့တဲ့အခါမွာ Investment Market ထဲကို ၀င္မယ္။ ဘဏ္တိုးႏႈန္းမွာဆိုရင္ ကြၽန္ေတာ္တို႔က အိမ္နီးခ်င္းႏိုင္ငံေတြထက္ ျမင့္ေနတယ္။ ျမင့္တဲ့အခါက်ေတာ့ လုပ္ငန္းရွင္ေတြကို ေငြထုတ္ေခ်းရာမွာလည္း အတုိးႏႈန္းက ျမင့္လာတယ္။ အဲဒါေတြေၾကာင့္မို႔ ေလွ်ာ့ကိုေလွ်ာ့သင့္တယ္။ ဒီလိုေလွ်ာ့တဲ့အခါမွာ ေငြေဖာင္းပြမႈႏႈန္းကိုလည္း မျမင့္ေအာင္လုပ္ရမယ္။ ဒါေပမဲ့ ဘဏ္တိုးႏႈန္း ေလွ်ာ့ခ်တာနဲ႔ တစ္ၿပိဳင္နက္ ေငြေဖာင္းပြမႈႏႈန္းကလည္း ေလ်ာ့က်သြားမယ္လို႔ ထင္တယ္။ တကယ္ေလ်ာ့ မေလ်ာ့ကေတာ့ လက္ေတြ႕မွာ ေျပာဖို႔ခက္ေသးတယ္။ ဒါေပမဲ့ အဲဒီလို ေလ်ာ့သြားမယ္လို႔ ယူဆရႏိုင္တယ္” ဟု မူ၀ါဒဆိုင္ရာ စီးပြားေရးပညာရွင္ ေဒါက္တာေအာင္ကိုကိုက ေျပာၾကားသည္။
Source ~ Eleven Media Group
Unicode

ပုဂ္ဂလိကကဏ္ဍတွင် ဖြစ်ပေါ်နေသော လက်ရှိအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ချေးငွေအပေါ် အတိုးနှုန်းလျှော့ချပေးရန် (Maximum Bank Lending Rate) ကို လက်ရှိ ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်နှင့် ဘဏ်အပ်ငွေအပေါ် အတိုးနှုန်း (Maximum Bank Lending Rate) ကို လက်ရှိ ရှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့ လျှော့ချပေးရန် လုပ်ငန်းရှင်များမှ တင်ပြမှုအပေါ် ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဒုတိယသမ္မတ ဦးမြင့်ဆွေသို့ တင်ပြသည်။
မြန်မာနိုင်ငံတွင် ယခင်က ဘဏ်တိုးနှုန်းနှင့်ပတ်သက်သည့် ပြောင်းလဲမှု ရှစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် အပ်ငွေအပေါ်အတိုးနှုန်းနှင့် ချေးငွေအပေါ်အတိုးနှုန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တစ်ကြိမ် နှစ်ကြိမ်အထိ လျှော့ချပေးခဲ့သည်။
“ကျွန်တော်တို့က အတိုးနှုန်း လျှော့ချဖို့ ပြောနေပေမယ့် ဒီဘဏ် တိုးနှုန်းချဖို့ကိစ္စဟာ Very Sensitive ပါ။ လုပ်ရကိုင်ရ အင်မတန် ခက်ပါတယ်။ သို့သော်လည်း လက်ရှိ စီးပွားရေးအခြေအနေအရ အတိုးနှုန်းလျှော့ချနိုင်မှပဲ စီးပွားရေးက ပြန်လည်တိုးတက်မယ်လို့ တင်ပြထားတာ အများကြီး ရှိနေပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြောကြားသည်။

ဘဏ်တိုးနှုန်းအား ပြောင်းလဲခြင်း ပြုလုပ်လေ့ရှိသည့် ကာလများမှာ ငွေဖောင်းပွမှု လျော့ကျချိန်နှင့် စီးပွားရေး ကျဆင်းနေချိန်တွင် စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ရန် အတိုးနှုန်းလျှော့ချလေ့ရှိပြီး စီးပွားရေး အရှိန်မြင့်နေချိန်နှင့် ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်တွင် အတိုးနှုန်းမြှင့်တင်လေ့ရှိသည်။ ထိုသို့ အတိုးနှုန်းပြောင်းလဲမှုသည် ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ရရှိမှု စသည့် အကျိုးသက်ရောက်မှုများ ရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိငွေဖောင်းပွမှုနှုန်းမှာ လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်ကာ လက်ရှိတွင်လည်း ငွေဖောင်းပွနှုန်း မြင့်မားသည့် အခြေအနေတွင် ရှိနေသည်။
ငွေဖောင်းပွမှုနှုန်း မြင့်မားနေသည် ဆိုသော်လည်း မြန်မာနိုင်ငံတွင် ဘဏ်တိုးနှုန်း မြင့်မားနေမှုနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဘဏ်တိုးနှုန်းနည်းပါးမှု စသည့် အခြေအနေများကြောင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် သက်ရောက်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ဘဏ်တိုးနှုန်းမြင့်မားသည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်ရခက်ခဲသည့် အခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်၍ ဘဏ်တိုးနှုန်းလျှော့ချနိုင်ရန် လိုအပ်နေကြောင်း သိရသည်။
ထို့ပြင် ဘဏ်တိုးနှုန်း မြင့်မားနေသည့် မြန်မာနိုင်ငံသို့ စင်ကာပူ၊ ထိုင်းစသည့် ဘဏ်တိုးနှုန်းနိမ့်သည့် နိုင်ငံများမှ လုပ်ငန်းရှင်များက ယင်းတို့၏ သက်ဆိုင်ရာနိုင်ငံမှ ငွေများချေးယူ၍ မြန်မာနိုင်ငံဘဏ်များတွင် အပ်နှံကာ ဘဏ်တိုးနှုန်းကို အမြတ်အစွန်းယူ ဈေးကစားမှုများ ပြုလုပ်မှုများလည်း ရှိခဲ့သည်။
“လက်ရှိ စီးပွားရေး အခြေအနေအရ ချေးငွေကာလကို တိုးမြှင့်ပေးပြီး အတိုးနှုန်းကို လျှော့ချပေးသင့်ပါတယ်” ဟု မြန်မာနိုင်ငံဘဏ်များအသင်း အတွင်းရေးမှူးက ပြောကြားသည်။
လက်ရှိဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းကို လျှော့ချနိုင်ရန် နည်းလမ်းရှာဖွေသွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

“ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းကို လျှော့ချနိုင်ဖို့ ဘယ်နေရာမှာ ဖြေရှင်းနိုင်ဖို့ Solution ရှိမလဲဆိုတာ ကျွန်တော်တို့စတင်ပြီး စဉ်းစားနေပါပြီ။ ဒီ ၁၃ ရာခိုင်နှုန်း လျှော့ချမယ်ဆိုရင် အသီးသီးသော လုပ်ငန်းတွေမှာ သက်ရောက်မှုတွေ အများကြီး ရှိလာပါမယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။
ထို့ပြင် ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းဆိုသည့် ဝန်ထုပ်ဝန်ပိုးကြီးကို ဖြေရှင်းနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း ဆွေးနွေးနေသည့်အပြင် လိုအပ်သည့် အကြံပြုမှုများလည်း ပေးအပ်နိုင်သည်ဟု ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။
“ဘဏ်တိုးနှုန်း လျှော့သင့်တယ်။ ဒါပေမဲ့ ချက်ချင်းကြီး ဗြုန်းစားကြီး လျှော့တာမျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်း လျှော့သင့်တယ်။ လျှော့တဲ့အခါမှာ ပြင်ပကရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေ ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးအားကောင်းလာအောင် လုပ်ရမယ်။ ဘဏ်တိုးနှုန်း လျှော့ချတာနဲ့ မလုံလောက်ဘူး။ အဲဒါမှ ဘဏ်တိုးနှုန်းလျှော့တဲ့အခါမှာ Investment Market ထဲကို ဝင်မယ်။ ဘဏ်တိုးနှုန်းမှာဆိုရင် ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေထက် မြင့်နေတယ်။ မြင့်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးရာမှာလည်း အတိုးနှုန်းက မြင့်လာတယ်။ အဲဒါတွေကြောင့်မို့ လျှော့ကိုလျှော့သင့်တယ်။ ဒီလိုလျှော့တဲ့အခါမှာ ငွေဖောင်းပွမှုနှုန်းကိုလည်း မမြင့်အောင်လုပ်ရမယ်။ ဒါပေမဲ့ ဘဏ်တိုးနှုန်း လျှော့ချတာနဲ့ တစ်ပြိုင်နက် ငွေဖောင်းပွမှုနှုန်းကလည်း လျော့ကျသွားမယ်လို့ ထင်တယ်။ တကယ်လျော့ မလျော့ကတော့ လက်တွေ့မှာ ပြောဖို့ခက်သေးတယ်။ ဒါပေမဲ့ အဲဒီလို လျော့သွားမယ်လို့ ယူဆရနိုင်တယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
Source ~ Eleven Media Group