How to become a successful trader !
မျိုး အိမ်ဇန်
Unicode
၁။ Trend အတိုင်း Trade ပါ။ Trend သည် အစစ်မှန်ဆုံးသောမိတ်ဆွေဖြစ်ပါသည်။ Trend ပြောင်းပြန် ဘယ်တော့မှ မ trade ပါနှင့်။
၂။ ဈေးကွက်သည် ထိပ်ဆုံးရောက်နေပြီ၊ အောက်ဆုံးရောက်နေပြီဟု ဘယ်တော့မှ မဆုံးဖြတ်ပါနှင့်။ ဈေးကွက်သည် မိမိ ခန့်မှန်းတာထက်များစွာသွားနိုင်သော အစွမ်းရှိပါသည်။ ထို့ကြောင့် ဒီထက်ပို မတက်နိုင်တော့ပါဘူး၊ ဒီထက်ပို မကျနိုင်တော့ပါဘူး ဟု ဘယ်တော့မှမတွေးပါနှင့်။
၃။ မိမိနှင့် အကိုက်ညီဆုံးသော ကျွမ်းကျင်ပြီးသား နည်းစနစ်ဖြင့် Trade ရန်ပြင်ဆင်ပါ၊ ပြင်ဆင်ထားသော အစီအစဉ်အတိုင်းသာ trade ပါ
၄။ ရှုံးနေသော trade တစ်ခုကို ထပ်တိုး၍ မ trade ပါနှင့်။ ရှုံးနေသော အဝယ်ကို ထပ်တိုး၍ ဝယ်ခြင်း၊ ရှုံးနေသော အရောင်းကို ထပ်တိုး၍ ရောင်းခြင်း Revenge Trade သည် အရှုံးကိုပိုကြီးလာစေမည်သာဖြစ်ပါသည်။
၅။ entry မှန်၊ Trend မှန်ပြီး အကျိုးအမြတ်များနေသော Trade ကို ရနိုင်သလောက် အမြတ်လိုက်ယူပါ။ entry မှား၊ trend ပြောင်းပြန်ဖြစ်နေသော trade ကိုရပ်တန့်ရန်ကြိုးစားပါ။
၆။ Trading သည် ဉာဏ်ကိုသုံး၍ စဉ်းစားဆုံးဖြတ်ရသော အလုပ်ဖြစ်ပါသည်။ အနားယူရန် လိုအပ်ပါသည်။ တစ်ချိန်လုံး Trading လုပ်မနေသင့်ပါ။
၇။ အမြင်ကျယ်ပြီး၊ အခြေအနေ အချိန်အခါ အပေါ် လိုက်လျောညီထွေမှု ရှိစွာပြောင်းလဲတတ်ပါစေ။
၈။ မှားနေသော Trade တစ်ခုကိုသေးငယ်သော အရှုံးတစ်ခု အနေဖြင့် ရဲရဲဝံ့ဝံ့ ရပ်တန့်ပါ။ ကြီးမားသော အန္တရာယ်ကြီးဖြစ်
လာချိန်အထိထိုင်မကြည့်ပါနှင့်။
၉။ ရေရှည်တွေးမြင် စဉ်းစားပါ။ မိမိ၏ deposit ထည့်ထားသော ငွေရင်း ( capital ) ကိုကာကွယ်ခြင်းသည် အဓိကဖြစ်ပါသည်။
၁၀။ Trading အတွက် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မလုပ်ပါနှင့် …
အရှုံးမှန်သမျှသည် လောဘ greed နှင့် အစပြုပြီး fear ကြောက်ရွံ့မှုနှင့် အဆုံးသတ်ပါသည်။
မျိုး အိမ်ဇန်
ရွှေဈေးပြန်ကျမှာလား….????
ရွှေ ဈေးတန်း ရဲ့ နီနီကပ်ကပ် ထောက်ကန်တန်း က $1311 ဖြစ်ပြီးဆက်လက်ဖောက်ချနိုင် မယ်ဆိုရင်တော့ $1301 ဈေးတန်းဖြစ်ပါတယ်။
# peter hug kitco
wns
Unicode
ဒီရက်ပိုင်း လိုအပ်သည်ထက် ဆွဲတင်လာတဲ့ ရွှေဈေး ဟာ လက်ရှိအနေ အထားကို ခိုင်ခိုင်မာမာ ခြေကုတ် ရယူ ဘို့ $1322 အထက် ဈေးတန်း ရောက်ဘို့ လိုပါတယ်။ ဒီနေ့ ဈေးကွက်မှာတော့ $ ဝယ် လိုအားဟာ ရွှေထက် အနည်းငယ် သာနေတယ်လို့ ဆိုပါတယ်။
ရွှေ ဈေးတန်း ရဲ့ နီနီကပ်ကပ် ထောက်ကန်တန်း က $1311 ဖြစ်ပြီးဆက်လက်ဖောက်ချနိူင် မယ်ဆိုရင်တော့ $1301 ဈေးတန်းဖြစ်ပါတယ်။
# peter hug kitco
wns
Ads Space
Unicode
စီးပွားရေး လုပ်ငန်းရှင်ကြီးများခင်ဗျား….
လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို ပြည်သူများ ပိုမို သိရန်နိုင်ရန်အတွက် Myanmar Forex Villa Website & Facebook Articles တို့တွင် ဈေးနှုန်းသက်သာ၍ ပိုမိုထိရောက်သော ကြော်ငြာခြင်းများကို ပြုလုပ်နိုင်ပါပြီ ခင်ဗျာ…။
Unicode
စီးပွားရေး လုပ်ငန်းရှင်ကြီးများခင်ဗျား….
လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို ပြည်သူများ ပိုမို သိရန်နိုင်ရန်အတွက် Myanmar Forex Villa Website & Facebook Articles တို့တွင် ဈေးနှုန်းသက်သာ၍ ပိုမိုထိရောက်သော ကြော်ငြာခြင်းများကို ပြုလုပ်နိုင်ပါပြီ ခင်ဗျာ…။
2018 ပထမနေ့နဲ့ဖွင့်ခြင်းကောင်းခဲ့တဲ့ ရွှေ။
Unicode
မနေ့က ရွှေဟာ 15.64$ (+1.20%) တက်ပါတယ်။ (12)ရက် မြောက် ရက်ဆက်အတက်ဖြစ်သလို ဒီရှည်လျ ားတဲ့ကာလ အတွင်းမှာ ပထမဆုံး (1%)အတက်ပြတာဖြစ်သလို ထူးခြားမှုတွေနဲ့ တက်ခဲ့တာလည်း ဖြစ်ပါတယ်။
(1)ရှယ်ယာနဲ့ပြိုင်ပြီးတက်တယ်။ရှယ်ယာတက်ရင် ရွှေကျ လေ့ရှိပေမယ့် မနေ့က S&P 500 ဟာ (+0.83%)တက်ပါတယ်။2017 တစ်နှစ်လုံးအတွက် S&P ဟာ (+19.4%)အတက်ဖြစ်ခဲ့ပီး 2013 နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ရွှေကတော့ (+13.09%) အတက်ဖြစ်ပြီး 2010 နောက်ပိုင်း အများဆုံးဖြစ်ပါတယ်။
(2) U.S Bonds yield တွေနဲ့ပြိုင်တက်တယ်။  မနေ့က 2Y အတိုးနုန်းက (+1.90% )တက်ပြီး 10 Y က (+2.47%) တက်ပါတယ်။2017 တစ်နှစ်တာအနေနဲ့က 2Y အတိုး (+57%) အတက်ပြခဲ့ပြီး  10Y အတိုးက (-1.66%) အကျ ဖြစ်ခဲ့ပါတယ်။အဓိပ္ပါယ်ကတော့ ပူပင်သောကတွေရှိတိုင်း fear-based buying ဝယ်ယူလေ့ရှိကြတဲ့  ငွေတိုက်စာချုူပ်တွေကို investors တွေက ရောင်းထုတ်ခဲ့ကြပေမယ့် ရွှေကိုတော့ ကွက်ပြီး ဝယ်နေကြတယ်လို့ ဖြစ်ပါတယ်။  ဒါကြောင့် တစ်နေ့ကရွှေတက်စေတဲ့အကြောင်းများထဲမှာ လူသစ် ။ရင်းနှီးမြုပ်နှံမှုအသစ်တွေနဲ့ရွှေကို ဝယ်ယူနေကြတာတွေ့ရကြောင်း ဆိုခဲ့တာ ဖြစ်ဖွယ်ရှိပါတယ်။ရိုးရိုးလွယ်လွယ်ပြောရင်တော့ တစ်ကမ္ဘာလုံးပြိုင်ပြီး စီးပွားရေးတွေ ပြိုင်ပြီး ကောင်းလာ။ လူချမ်းသာရွှေမမတွေ ပေါလာ။ရွှေတွေ ပိုဝယ်လာ။ပိုတ်ဆံပေါမှလည်း ရွှေက ဝယ်လို့ရသကိုး။
(3)ကမ္ဘာလုံးချ ီဖွံ့ဖြို းမှု synchonised global growth က နိုင်ငံအမျ ားစုရဲ့ငွေကြေး မူဝါဒကို အတိုးနုန်းပြန်လည်မြင့်စေခြင်းလမ်းကြောင်းကို ဒီ 2018 မှာ တွန်းတင်ဖို့ ရှိပါတယ်။ဒီယူဆချ က်နဲ့အညီ ဒေါ်လာရဲ့အဓိကယှဉ်ဖက်ဖြစ်တဲ့ ယူရိုဟာ 2017 မှာ (+14.01%) အတက်ပြခဲ့သလို သူနဲ့လိုက်ဖက်စွာ ရွှေဟာလည်း (+13.09%) တက်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာ ဥရောပဟာ အနုတ်တိုးကို ကျင့်သုံးနေဆဲဖြစ် တဲ့တိုင် ခုလိုတက်လာခဲ့တာပါ။မနေ့က ယူရိုအတက် (+0.50%)ဖြစ်ပါတယ်။ ဒီကနေ့ Fed Minutes ထွက်ဖို့ရှိပြီး သောကြာနေ့မှာ Jobs Report ထွက်ဖို့ရှိပါတယ်။ ပီးခဲ့တဲ့ Dec.13 ,Fed Meeting ကိုကော။Jobs Report ကိုကော အောင်မြင်စွာ ဖြတ်သန်းပြီး အတက်လမ်းစခဲ့တဲ့ရွှေမမဟာ ဒီတစ်ခါလည်း အောင်မြင်စွာဖြတ်သန်းနိုင်မယ်ဆိုရင် တော့ ရှေ့လျေှ ာက်အတက်လမ်းဖြောင့်ဖွယ်ရာ ရှိပါတယ်။ ရွှေဟာကျည်ဆံတစ်တောင့်လို ဖြောင့်ဖြောင့် သွားလေ့မရှိတာကိုတော့ သဘောထားဖို့ လိုကြောင်းပါဗျား။
2018 နှစ်​ဆန်း … ​ရွှေ​ဈေး… အပိုင်း ၃
၁။ ပထမပိုင်းမှာ ​ဖေါ်ပြခဲ့သလို ​စ​တော့ရှယ်​ယာ​ဈေး​တွေ အတက်​လွန်​​နေလို့၊ risk ကို ​လျှော့ချဖို့ ​ရွှေကို hedging လုပ်​တဲ့အ​နေနဲ့ အထိုက်​အ​လျောက်​ဝယ်​ရာက​ ​ရွှေ​ဈေးတက်​လာတယ်​။  ဒုတိယပိုင်းမှာ ဆက်​​ရေးသလို short sell covering က ​ရွှေ​ဈေးကို အရှိန်​ရ​စေတယ်​။ ၁၂၃၆ မှ ၁၃၀၇ အထိ $ 70 ခန့်​ retrace မရှိပဲ တက်​လာတဲ့ ​ရွှေ​ဈေးဟာ၊ သူကိုယ်​၌ကိုက အခုအချိန်​မှာ အန္တရယ်​ရှိတဲ့ အ​နေထား​ရောက်​ လာပါတယ်​။
၂။ ပြီးခဲ့တဲ့ အပတ်​ ​သောကြာ​နေ့မှာ USD index အနိမ့်ဆုံး ​91.85 ဖြစ်ခဲ့ပြီး၊ ​ဈေးကွက်​ပိတ်​ချိန်​မှာ 92.00 ရှိခဲ့ပါတယ်​။ ဒါဟာ US dollar weak လာတဲ့ သ​ဘော ပြလာတာပါ။ UD $ weak လာရင်​ FED Reserve (US ဗဟိုဘဏ်​) ရဲ့ အခန်းကဏ္ဍ ဝင်​လာ​လေ့ရှိပါတယ်​။
US index သိပ်​မြင့်​သွားရင်​ ဆွဲချဖို့၊ သိပ်​နိမ့်​သွားရင်​ ဆွဲတင်​ဖို့၊ market ထဲမှာ intervention ဝင်​ထိမ်း​လေ့ရှိပါတယ်​။ (US econony, ကုန်​​ဈေးနှုံး၊ exchage rate ​တွေ သင့်​​တော်​​လျေက်​ပတ်​တဲ့ အ​ခြေအ​နေမှာ ရှိ​နေ​အောင်​ လုပ်​ရတဲ့ အလုပ်​က သူ့အလုပ်​ပါ။) US index အလွန်​အကျွံ weak မဖြစ်​သွား​အောင်​ ဆွဲတင်​မယ်​ဆို ဆွဲတင်​နိုင်​ပါတယ်​။ ဒီလိုဆွဲတင်​မ​ယ်​ ဆိုရင်​ ​ရွှေ​ဈေး retrace ဖြစ်​နိုင်​ပါတယ်​။
၃။ အခု တပါတ်​မှာ trader ​တွေ ​ဈေးကွက်​ထဲြ​ပန်​ဝင်​လာကာ market အသက်​ ဝင်​လာလိမ့်​မယ်​လို့ ခန့်​မှန်းရပါတယ်​။ ဒါဆိုရင်​ $70 ​လောက်​ တရစပ်​တက်​လာတဲ့ ​ရွှေ​ဈေးဟာ… မကြာခင်​မှာ market က အလိုအ​လျေက်​ ပြန်​ထိမ်းညှိလို့ (market correction) ဖြစ်​ပြီး… သို့မဟုတ်​ လက်​မဲဆွဲချလို့ …  ခဏတဖြုတ်​ ကျလာ​လေမလား retrace ဖြစ်​​လေမလား ဆိုတာ ပညာရှင်​များ သတိ​ပေးလျက်​ရှိပါတယ်​။ အားလုံးကို အနှစ်​ချုပ်​မယ်​ဆိုရင်​….
  • Dec လ အလယ်​ကတည်းက ​ရွှေ​ဈေးဟာ ၁၂၃၆ မှ လက်​ရှိ ၁၃၀၇ အထိ $70 ဆက်​တိုက်​တက်​ပါတယ်​။
  • 2018 Q1 ပထမ ၃ လ ပတ်​မှာ ၁၃၅၀++ ​ကျော်​ ​ရောက်​မယ်​။
  • အချိန်​မ​ရွေး retrace ဖြစ်​နိုင်​တယ်​။
မင်္ဂလာ အ​ပေါင်းနှင့်​ပြည့်​စုံ​သော နှစ်​သစ်​မှာ ကိုယ်​စိတ်​နှစ်​ဖြာကျမ်းမာချမ်းသာ၍ ​ကောင်းကျိုးလိုအင်​ဆန္ဒ တလုံးတဝတည်း ပြည့်​စုံပါ​စေလို့ ဆုမွန်​​ကောင်း​တောင်း​ပေးပါတယ်​ခင်​ဗျာ…
မောရ၀တီ
01-01-2018
2018 နှစ်​ဆန်း… ​ရွှေ​ဈေး…အပိုင်း ၂
ဒီဇင်ဘာ ၁၂ ​နေ့က စပြီး ပြန်​တက်​ခဲ့တဲ့ ​ရွှေ​ဈေးကို ​လေ့လာကြည့်​မယ်​ဆိုရင်​….
၁။ အများစုက ‘အကျ’ လို့ မှန်း​နေခဲ့တဲ့ အချိန်​အ​တောအတွင်းမှာ၊ rebounce (ပြန်​ကန်​မှု) ဖြစ်​ပြီး၊ retrace  (အတက်လမ်း​ကြောင်းမှာ ​ခေတ္တအကျဖြစ်​ခြင်း) ​​မရှိပဲ ၁၃ ရက် ​ဆက်​တိုက်​တက်​လာခဲ့ပာတယ်​။
History ပြန်​ကြည့်​ရင်​…
2015 Dec အနိမ့်​ဆုံး​ဈေးက 1046 …
2016 Dec အနိမ့်​ဆုံး​ဈေးက 1122 ….
ဖြစ်​ခဲ့ပါတယ်​။ 2017 ​အောက်​တိုဘာ​လောက်​က​နေ ၂ လ ​လောက်​​…..  ‘၁၃၀၀-၁၂၆၄’ အကြား ranging ​ပြေး​နေရာက၊…
Dec လဆန်း​မှာ ၁၂၆၄ ကို ​ဖောက်​ပြီး ​အောက်​ထိုးဆင်းလာတဲ့အခါ၊ (လွန်​ခဲ့တဲ့ ၅ လခန့်​ ၂၀၁၇ ဇူလိုင်​လမှာ ၁၂၀၄ အနိမ့်​ဆုံးဖြစ်​ခဲ့ဖူး​လေ​တော့….) “Dec နှစ်​ကုန်​ပိတ်​​ဈေး ၁၂၀၀-၁၂၂၀ အမှတ်​သို့ အသာ​လေး ​ရောက်​နိင်​တယ်​လို့ ခန့်​မှန်းခဲ့ကြတဲ့ အ​တွေးဟာ” တကယ်​​တော့ မ ‘ရိုင်း’ လှပာဘူး။ အဲသည်​တုံးက Trump ရဲ့ Tax cut သတင်း​တွေ ​တက်​နေပြီး၊ စီးပွါး​ရေးတက်​လိမ့်​မယ်​၊ US $ မာပြီး ​ရွှေ​ဈေးကျမယ်​ဆိုတဲ့ forecast ​တွေက ‘hot’ ခဲ့တာကိုး…
၂။ အဲသည်​တုံးက အကျခန့်​မှန်းသူ​တွေ များခဲ့သလို အတက်​လို့်​​ပြောတဲ့သူ​တွေလည်း ဒုနဲ့​ဒေး ရှိခဲ့ပါတယ်​။ အတက်​သမား​တွေ ​ပျော်​ခဲ့တဲ့အချိန်​မှာ၊ အကျမှန်းတဲ့ trader ​တွေ investor ​တွေ ‘short selling’ လုပ်​ခဲ့မိလို့ (​ရောင်းခဲ့မိလို့ ) ​ပိုက်​​ဘောမိပြီး ‘loss’  အရှုံး​​ပေါ်ခဲ့ပါတယ်​။ ၁၂၃၆ ​လောက်​က​နေ ပြန်​ကန်​တက်​လာတဲ့ ​ရွှေ​ဈေးဟာ ၁၂၇၀ ​ကျော်​​သွား​တော့၊ short-selling ​ကြောင့်​ loss အရှုံး​ပေါ်​နေတဲ့ trader ​တွေ ‘short-sell loss’ ကို cover ဖြစ်​​အောင်​ အ​ရောင်း order ​တွေ ပိတ်​ပြီး būy order ဖွင့်​ကြပါတယ်​။ ဒါကို “short-sell covering” လို့ ​ပြော​လေ့ရှိပါတယ်​။ နာမည်​​ကျော်​ market strategist တစ်​​ယောက်​ဖြစ်​တဲ့ Todd Bubba က…  ၁၂၇၀ မှ ၁၂၉၅ ခန့်​သို့ အရှိန်​​ကောင်း​ကောင်းတက်​လာတာဟာ…  အရှုံး​ပေါ်ခဲ့တဲ့ အ​ရောင်း order ​တွေပိတ်​ပြီး…. ၎င်းအရှုံးကို cover ဖြစ်​​အောင်​ အဝယ်​ order ​ပြောင်းဖွင့်​ခဲတာ​ကြောင့်​… (short sell covering ​ကြောင့်​) ​​ဖြစ်​တယ်​လို့ …. ရွှေ​ဈေးတက်​စေတဲ့ အ​ကြောင်းများထဲက တစ်​ခုဖြစ်​တယ်​လို့ မှတ်​ချက်​​ပေးခဲ့ပါတယ်​။ တဆက်​တည်းပဲ ဒီအတက်​ဟာ ​နောက်​လာမဲ့နှစ်​ ၂၀၁၈ မှာ တရှိန်​ထိုးတက်​သွား​စေနိုင်​တဲ့ တွန်းအားလည်းဖြစ်​တယ်​လို့ ​ပြောခဲ့ပါ​သေးတယ်​။
၃။ History ကို ထပ်​ကြည့်​ဦးမယ်​ဆိုရင်​…
2015 Dec မှာ 1046 က​နေ 2016 Feb လ မှာ 1279 အထိ ($223) တက်​ခဲ့ပါတယ်​။ 2016 Dec မှာ 1122 က​နေ 2017 Feb လအထိ 1263 ($ 141) အထိ တက်​ခဲ့ပါတယ်​။ ဒီလို တက်​ခဲ့တဲ့ အတက်​​တွေဟာ Chinese new year ရဲ့ seasonal demand ​နောက်​ခံအ​ကြောင်း​ကြောင့်​လည်း ဖြစ်​ပါတယ်​။ ဒီလိုအ​ခြေခံအချက်​အလက်​​တွေ​ကြောင့်​၊ 2018 Q1 (ပထမ ၃ လပတ်​ အတွင်း) ​ရွှေ​ဈေးဟာ ၁၃၅၀++ အထက်​​ရောက်​သွားနိုင်​တယ်​လို့ ခန့်​မှန်းကြတာဖြစ်​ပါတယ်​။ (အခြားအ​ကြောင်းများရှိ​သေး​သော်​လည်း မ​ဖေါ်ပြ​တော့ပါ။ အချို့ကို သီးခြားpost ​တွေမှာ ​ရေးပြီးသားရှိပါသည်​။) ဒုတိယအပိုင်းကို အနှစ်​ချုပ်​ရင်​​တော့…  ​ရွှေ​ဈေးဟာ ၁၂၃၆ က​နေ ပြန်​ကန်​တက်​တယ်​။  Short-sell covering နဲ့ speculation  ​ကြောင့်​ အတက်​ ပိုပြီးအရှိန်​ရလာတယ်​။ 2018 Q1 မှာ 1350++ အထက်​ကို ​ရောက်​သွားနိုင်​ပါတယ်​။….
ဆက်​လက်​​ဖေါ်ပြပါမည်​…
မောရ၀တီ
01-01-2018
2018 နှစ်​ဆန်း… ​ရွှေ​ဈေး…. အပို​င်း ၁
ပြီးခဲ့တဲ့​ 2017 တနှစ်လုံးမှာ၊ US စ​တော့ရှယ်​ယာတန်​ဖိုး​​တွေ (equity market မှာ) 25% တက်​ပြီး၊ ​ရွှေက 13% ခန့်​ တက်​တယ်​လို့ Kitco က သတင်း​​ဆောင်း​ပားတစ်​ခုမှာ ဖတ်​ရပါတယ်​။ (25% အတက်​ဟာ Dow Jones Industrial Average ကို ရည်​ညွှန်းတာဖြစ်​ပါတယ်​။) “စ​တော့​ဈေး​တွေတက်​တာ စီးပွါး​ရေး​ကောင်းလို့ဖြစ်​မယ်​…  စီးပွါး​ရေး​ကောင်းရင်​ ​ရွှေမှာ ပိုက်​ဆံမြုပ်​ထားမဲ့အစား ရင်းနှီးမြုပ်​နှံမှု အသစ်​​တွေလုပ်​မယ်​၊ သို့မဟုတ်​ ဘွန်း​တွေ ရှယ်​​ယာတွေ ထပ်​ဝယ်​ကြမယ်​။ ဒါ​ကြောင့်​ ​ရွှေ​ဈေးဟာ မတက်​ပဲ အကျဘက်​ကို သွားရမယ်​လို့ ​တွေးစရာရှိပါတယ်​။” ဒီလို​တွေးတာဟာ သင်​ရိုးသ​ဘောအတိုင်း​တွေးတာဖြစ်​ပြီး၊ လက်​​တွေ့မှာ ဒီထက်​ပိုပြီးစဉ်းစားကာမှ သင့်​​တော်​ယုံမျှသာ ရှိ​ပါတယ်​။ US ရဲ့ စီးပွါးဖွံ့ဖြိုးတိုးတက်​မှုနှုံးဟာ (GDP Growth rate) ဟာ ပျှမ်းမျှ 3% ​ကျော်​​ကျော်​ခန့်​ ရှိပါတယ်​။ Fed reserve (ဗဟိုဘဏ်​ရဲ့) interest rate ဟာလဲ ပျှမ်​မျှ 1% သာရှိခဲ့ပါတယ်​။ အစိုးရ​ငွေတိုက်​စာချုပ်​များရဲ့ နှစ်​တို-နှစ်​ရှည်​အတိုး​ပေးနှုံး(Bond yeild)​တွေဟာလည်း 1.8%-2.8% ပတ်​ဝန်းကျင်​​လောက်​မှာသာ ရှိခဲ့ပါတယ်​။ စ​တော့ရှယ်​ယာ တန်​ဖိုးတိုးတက်​လာမှုဟာ economic growth စီးပွါးဖွံ့ဖြိုးမှု၊ ဘဏ်​တိုး​တွေ အတိုးနှုံး ​စတာတွေထက်​ များစွာကွာဟပြီးမြင့်​တက်​​နေတာကို ​တွေ့ရမှာ ဖြစ်​ပါတယ်​။ ဒီလို စ​တော့ရှယ်​ယာ ​ဈေး​တွေ မြင့်​တက်​လာရတဲ့ အ​ကြောင်း​တွေက​တော့…..
  1. စီးပွါး​ရေး တိုးတက်​လာလို့ ရှယ်​ယာ​ဈေး​တွေ တက်​တယ်​ဆိုတဲ့ အ​ခြေခံ အ​ကြောင်းရင်းက တစ်​ခု။ ECONOMIC GROWTH
  2. ရှယ်​ယာ​ဈေး​တွေတက်​ကုန်​ပြီ။ မြန်​မြန်​ဝယ်​​ဟေ့။ ​နောက်​ကျရင်​ ကျန်​ရစ်​ခဲ့မယ်​။ ဆိုတဲ့ sentiment ​ကြောင့်​ အဝယ်​တက်​လာလို့ ရှယ်​ယာ​ဈေးတက်​တယ်​ ဆိုတဲ့အ​ကြောင်းတစ်​ခု။ SPECULATION
  3. ရှယ်​ယာ​ဈေး​တွေ အတက်​လွန်​​နေပြီ၊ ထပ်ြပီး ဆွဲတင်​လို​က်​ဦးမယ်​၊ ပြီးမှ ထုတ်​​ရောင်​ပစ်​ပြီး အမြတ်​ယူမယ်​ ဆိုတဲ့ ​ဈေးကစားလိုသူအုပ်​စုရဲ့ ​ဈေးကစားမှု ( ​speculation) ​ကြောင့်​ ဆိုတဲ့ အ​ကြောင်းတစ်​ခု။ SPECULATION ရှယ်​ ယာ​ဈေး​တွေ ထိုးတက်​လာတာဟာ စီးပွား​ရေး တိုးတက်​မှုနဲ့ လိုက်​​လျောညီ​ထွေစွာ တက်​လာတယ်​ဆိုရင်​ ​​ကောင်းတယ်ဆိုနိုင်​​​ပေမဲ့၊…. Sentiment ​ကြောင့်​ရယ်​၊ speculation ​ဈေးကစားမှု​ကြောင့်​ရယ်​ ဆိုတဲ့အ​​ကြောင်းတရား​​တွေ တွဲပာလာရင်​ ပြဿနာကို ဖိတ်​​ခေါ်ရာ​ရောက်​ပါတယ်​။ ​ဈေး​တွေ အချိန်​မ​ရွေး ရုတ်​တရက်​ပြုတ်​ကျလာ​လေမလားဆိုပြီး စိုးရိမ်​စိတ်​​တွေနဲ့ trading လုပ်​​နေရတဲ့ အ​ခြေအ​နေဖြစ်​လာပါတယ်​။ (ဒါကို risk-on environment လို့​ပြော ​လေ့ရှိပါတယ်​)  ဒီ risk-on environment မှာ ရှယ်​ယာ​ဈေး​တွေ ရုတ်​တရက်​ ပြုတ်​ကျလာရင်​၊ ခံသာ​အောင်​လို့ ​ရွှေကို hedging လုပ် (ကာ) ​တဲ့သ​ဘောနဲ့  ရင်းနှီးမြုပ်​နှံမှုစုစု​ပောင်းရဲ့ percentage တစ်​ခုကို တွက်​ချက်​ဝယ်​​လေ့ရှိပါတယ်​။ ဒါနဲ့ပဲ ​ရွှေအဝယ်​ ​အော်​ဒါ​တွေလိုက်​လာတာပါ။ ဒီအ​ကြောင်းကို တိုတို​ပြောရရင်​… “စ​တော့ရှယ်​ယာ​ဈေး​တွေ record high သမိုင်းမှာ စံချိန်​ကျိုး​လောက်​​အောင်​တက်​တယ်​။
    စိုးရိမ်​မှု​တွေ ဖြစ်​လာ​စေတယ်​။  ​ရွှေကို hedging လုပ်​ပြီးဝယ်​ရာက​နေ၊ ​ရွှေအဝယ်​လိုက်​လာတယ်​။” အဲဒါ ​ရွှေ​ဈေးတက်​လာတဲ့ အ​ကြောင်း တရားများထဲက တစ်​ခုဖြစ်​ပါတယ်​……
ဆက်လက်ဖော်ပြပါမည်…..
မောရ၀တီ
01-01-2018
Forex Traders များအတွက် 2018 လက်ဆောင်
ကိုယ်ဟာ emotional trader တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ အောင်မြင်ဖို့ ခက်ခဲနေပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ က ဈေးကွက်နဲ့ တွေ့တဲ့အခါ ဘယ်လောက်ထိ ကြံ့ကြံ့ခိုင် နိုင်မလဲ…. ဘယ်လောက်ထိ ယိမ်းယိုင်သွားသလဲဆိုတာကို မိမိ ကိုယ်ကို ဆန်းစစ်ပြီး ဖြေကြည့်ပါ….။ တကယ်တော့ ဈေးကွက်ဆိုတာ သူသွားချင်သလို သွားနေတာထက် traders တွေက trade ချင်သလို trade လို့သာ ဆုံးရှုံးရတာပါ။
ဒီတော့ မေးခွန်းလေးတွေ ဖြေကြည့်ပါ။
အားလုံးကို နားလည် သဘောပေါက်စွာ ဖြေဆိုနိုင်ပြီး ပြုပြင်ပြောင်းလဲနိုင်မယ် ဆိုရင်တော့ Super Profitable Trader တစ်ယောက်အဖြစ် သင့်ကိုယ်သင်သာ Certificate ပေးလိုက်ပါ။….
Are You an Emotional Trader? Do This Self Exam. An emotional trader’s typical mindset:
  • အကောင်းဆုံးနဲ့ အမှန်ဆုံး Trading strategies အသစ်တွေကို မရမက ရှာဖွေနေသူ
  • ကိုယ် မှန်းထားတဲ့အတိုင်း ဈေးနှုန်း ရွေ့လျားတဲ့အခါ အရမ်း မာန်တက်သွားသူ (ငါကွ)
  • Trade တစ်ခု ရှုံးသွားတဲ့အခါ ၀မ်းနည်းနေသူ
  • အမြတ်ရနိုင်မယ့် trade နဲ့ လွတ်သွားလို့ နောင်တရနေသူ
  • ကိုယ် ခန့်မှန်းတဲံ ဈေးတွေ ဖြစ်လာလိမ့်မယ် ဆိုပြီး စိတ်မှန်းနဲ့ Entry ၀င်သူ
  • တစ်နေ့နေ့မှာ ဈေးတွေက ကိုယ်ဖြစ်ချင်တဲ့အတိုင်း ပြန်လှည့်လာလိမ့်မယ်လို့ မျှော်လင့်နေသူ
  • Loss ကို ဖြတ်မချသ၍ မရှုံးသေးဘူးလို့ ထင်နေသူ (Loss နဲ့ရပ်လိုက်ရမှာကို မလိုလားသူ)
  • Trade တစ်ကြောင်းတည်းမှာဘဲ ပုံအောလောင်းချပြီး ဒါကဘဲ အမြတ်ရဖို့ နည်းလမ်းတည်းလို့ ယုံမှတ်နေသူ
  • Trading Plan မရှိသူ…။ တိတိကျကျပြောရရင် Trading Plan ဆိုတာ ဘာမှန်း မသိသူ
  • တစ်ကျပ်တောင် အမြတ်မယူရဲဘဲ တစ်ကျပ်ဖိုးလောက် ရောင်းဝယ်ချင်သူ (အမြတ်ကို ဆက်ကိုင်ဖို့ စိုးရိမ်တတ်ပြီး အရှုံးကိုကျတော့ ယူရဲသလိုလိုနဲ့ တကယ့် ဆုံးရှုံးမှုကို မမြင်တဲ့သူ)
  • အမြတ်ရရှိလာလေလေ ပိုပို trade ချင်လာလေလေ
  • အရှုံးများလာတဲ့အခါ “လှေမျော လှေနဲ့လိုက်….ငွေမျော ငွေနဲ့လိုက်” ဆိုပြီး မိုက်ရူးရဲသူ
  • သူများပြောလို့ trade တစ်ခုကို စတင် entry ၀င်လိုက်သူ
  • သင်ယူဖို့ဆို လာမပြောနဲ့…. တက်မလား ကျမလားသာ ပြောတာကို နားစွင့်နေသူ
  • မနက်ဖြန် ဘယ်အတွဲတွေ တက်လိမ့်မလဲဆိုတဲ့ ပြောတာသာ ကြားချင်နေသူ
  • ဘယ် timeframe က အကောင်းဆုံးလဲ…. ဘယ် indicators တွေက အသုံးအ၀င်ဆုံးလဲဆိုတာ သိချင်နေသူ
  • အရှုံးတော်တော်များနေတာတောင် သင်ယူချင်စိတ်မရှိသူ
  • Candle Sticks Patterns တွေရဲ့ တုံ့ပြန်လာနိုင်မှု အပေါ် ယုံကြည်မှု လွန်ကဲလွန်းပြီး ဖြစ်မလာတဲ့အခါ Candles တွေ Price actions တွေကို အပြစ်ပုံချတတ်သူ
ဒီမေးခွန်းလေးတွေ ကိုယ့်ဘာသာ ဖြေကြည့်ပါ..။ တကယ်လို့ ဒီမေးခွန်းတွေအားလုံးကို နားလည် သဘောပေါက်သွားပြီး မိမိကိုယ်ကို ပြုပြင်နိုင်မယ်ဆိုရင်တော့ သင်ဟာ တကယ့်ကို Profitable trader တစ်ယောက် ဖြစ်လာပါလိမ့်မယ်…။
Kyaw Zin
United FX
Dec 29, 2017
Bitcoin သမားတွေ ပြောလေ့ရှိတာက
Bitcoin သမားတွေပြောလေ့ရှိတာက Blockchain နည်းပညာ အကြောင်းပါ။ သေသေချာချာခွဲပြီးပြောရရင် Blockchain ဟာ ကောင်းမွန်တဲ့နည်းပညာပါ။ နောက်ပြီး ထပ်ပြောရရင် ဟိုးအရင်ကတည်းက Bitcoin တူးတဲ့ Bitcoin Miners တွေကလည်း လိုင်းတစ်လိုင်းပါ။ သူတို့ကလည်း သူတို့နည်းပညာပိုင်းနဲ့သူတို့ပါပဲ။ ဒါဆို လက်ရှိ Bitcoin ရဲ့ ပြဿနာက ဘာလဲဆိုရင် ” လောဘ ” ပါ။ ကြိုက်သလို Speculate လုပ်လို့ရတဲ့ အရာဝတ္ထုဖြစ်နေတဲ့အခါ ကြားပွဲစားတွေကို ကော်မရှင်များများပေးပြီး ဆွယ်ခိုင်းလိုက်တာဟာ ပြဿနာပါပဲ။
Cryptocurrency ပဲဖြစ်ဖြစ်၊ ဘယ်အရာပဲဖြစ်ဖြစ် အရောင်းအဝယ်လုပ်ခိုင်းတာက လုပ်ခိုင်းလို့ ရပါတယ်။ ဝင်ပြီး ဝယ်ရောင်းလည်း လုပ်လို့ ရပါတယ်။ ဒါပေမယ့် …✅ အမြတ်အစွန်းရနိုင်ချေနဲ့ ဆုံးရှုံးနိုင်ချေ Risk & Reward ကို သိရပါမယ်။ ❌ မှားနေတာ အဲဒီမှာပါ။ ဒီနေ့ ဝယ်လိုက်၊ နောက်နေ့ နောက်နေ့ အမြဲတမ်းမြတ်မယ်ဆိုတဲ့ အရာ လောကမှာမရှိပါဘူး။✅ ပြီးတော့ ဒါဟာ Trading လုပ်တာဖြစ်သွားတဲ့အတွက် Trading Education ရှိရပါမယ်။ ❌ ဘာပညာမှ မလိုဘူး ရတယ်၊ မြတ်မယ်ဆိုတာမျိုး gambling မှာတောင် မရှိပါဘူး။ ကြားက speculators တွေဟာ သူတို့ဆွယ်တဲ့သူကို ” ဆုံးရှုံးနိုင်ချေ ” ကို သေသေချာချာ ပြောပြရပါမယ်။ အထူးသဖြင့် Trading Education မရှိရင် အကုန် ဆုံးသွားနိုင်တယ်ဆိုတာကို တိတိကျကျ ပြောရပါမယ်။ လောလောဆယ် အောက်က chart မှာတော့ technically အရ Bitcoin ဟာ $13,000 တန်း Support ကို ဖောက်ရင် $8,800 တန်းကို ပြေးဆင်းဖို့ရှိနိုင်ပါတယ်။ ဒါလည်း အနာဂတ်မှာ ချမ်းသာဖို့ Bitcoin ဝယ်ကြစို့အော်နေကြတုန်းပဲ …