၁။ ပထမပိုင်းမှာ ဖေါ်ပြခဲ့သလို စတော့ရှယ်ယာဈေးတွေ အတက်လွန်နေလို့၊ risk ကို လျှော့ချဖို့ ရွှေကို hedging လုပ်တဲ့အနေနဲ့ အထိုက်အလျောက်ဝယ်ရာက ရွှေဈေးတက်လာတယ်။ ဒုတိယပိုင်းမှာ ဆက်ရေးသလို short sell covering က ရွှေဈေးကို အရှိန်ရစေတယ်။ ၁၂၃၆ မှ ၁၃၀၇ အထိ $ 70 ခန့် retrace မရှိပဲ တက်လာတဲ့ ရွှေဈေးဟာ၊ သူကိုယ်၌ကိုက အခုအချိန်မှာ အန္တရယ်ရှိတဲ့ အနေထားရောက် လာပါတယ်။
၂။ ပြီးခဲ့တဲ့ အပတ် သောကြာနေ့မှာ USD index အနိမ့်ဆုံး 91.85 ဖြစ်ခဲ့ပြီး၊ ဈေးကွက်ပိတ်ချိန်မှာ 92.00 ရှိခဲ့ပါတယ်။ ဒါဟာ US dollar weak လာတဲ့ သဘော ပြလာတာပါ။ UD $ weak လာရင် FED Reserve (US ဗဟိုဘဏ်) ရဲ့ အခန်းကဏ္ဍ ဝင်လာလေ့ရှိပါတယ်။
US index သိပ်မြင့်သွားရင် ဆွဲချဖို့၊ သိပ်နိမ့်သွားရင် ဆွဲတင်ဖို့၊ market ထဲမှာ intervention ဝင်ထိမ်းလေ့ရှိပါတယ်။ (US econony, ကုန်ဈေးနှုံး၊ exchage rate တွေ သင့်တော်လျေက်ပတ်တဲ့ အခြေအနေမှာ ရှိနေအောင် လုပ်ရတဲ့ အလုပ်က သူ့အလုပ်ပါ။) US index အလွန်အကျွံ weak မဖြစ်သွားအောင် ဆွဲတင်မယ်ဆို ဆွဲတင်နိုင်ပါတယ်။ ဒီလိုဆွဲတင်မယ် ဆိုရင် ရွှေဈေး retrace ဖြစ်နိုင်ပါတယ်။
၃။ အခု တပါတ်မှာ trader တွေ ဈေးကွက်ထဲ ပြန်ဝင်လာကာ market အသက် ဝင်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါဆိုရင် $70 လောက် တရစပ်တက်လာတဲ့ ရွှေဈေးဟာ… မကြာခင်မှာ market က အလိုအလျေက် ပြန်ထိမ်းညှိလို့ (market correction) ဖြစ်ပြီး… သို့မဟုတ် လက်မဲဆွဲချလို့ … ခဏတဖြုတ် ကျလာလေမလား retrace ဖြစ်လေမလား ဆိုတာ ပညာရှင်များ သတိပေးလျက်ရှိပါတယ်။ အားလုံးကို အနှစ်ချုပ်မယ်ဆိုရင်….
- Dec လ အလယ်ကတည်းက ရွှေဈေးဟာ ၁၂၃၆ မှ လက်ရှိ ၁၃၀၇ အထိ $70 ဆက်တိုက်တက်ပါတယ်။
- 2018 Q1 ပထမ ၃ လ ပတ်မှာ ၁၃၅၀++ ကျော် ရောက်မယ်။
- အချိန်မရွေး retrace ဖြစ်နိုင်တယ်။
မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာ၍ ကောင်းကျိုးလိုအင်ဆန္ဒ တလုံးတဝတည်း ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ…
မောရ၀တီ
01-01-2018
Hi, very nice website, cheers!
——————————————————
Need cheap and reliable hosting? Our shared plans start at $10 for an year and VPS plans for $6/Mo.
——————————————————
Check here: https://www.good-webhosting.com/