တခါတုန်းက
လင်မယားနှစ်ယောက်ဟာ
ကျင်းပကြပါတယ်။
သူတို့စုံတွဲဟာ
အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို
လုပ်လိုက်ပါတယ်။
အယ်ဒီတာ …
အဲဒီအချိန်ကစပြီး …
umo
Unicode
တခါတုန်းက
လင်မယားနှစ်ယောက်ဟာ
သူတို့ရဲ့ ၂၅နှစ်မြောက်
မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြပါတယ်။
သူတို့စုံတွဲဟာ
အိမ်ထောင်သက် ၂၅နှစ်အတွင်းမှာ
တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့
မြို့မှာ နာမည်ကြီးပါတယ်။
ဒါကြောင့် နယ်ခံသတင်းစာရဲ့
အယ်ဒီတာက အဲဒီပျော်ရွှင်ချမ်းမြေ့တဲ့
အိမ်ထောင်ရေးရဲ့ လှ့ျူ ိဝှက်ချက်ကို
မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု
လုပ်လိုက်ပါတယ်။
အယ်ဒီတာ …
“ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလိုအိမ်ထောင်ရေးမျူးိးကိုဘယ်လိုများ တည်ဆောက် ခဲ့ကြပါသလဲခင်ဗျာ …”
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon (ဟန်းနီးမွန်း)နေ့ရက် တွေကို ပြန်တွေးရင်း ပြောပါတယ်။
“ကျွန်တော်တို့တွေ Honeymoon (ဟန်းနီးမွန်း)အတွက် ရှီမလာ (Shimla)ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိန်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ ကျောကုန်းလေးကို အသာ ပွတ်ပေးရင်းနဲ့ မြင်းကို … “ဒါမင်းရဲ့ ပထမဆုံးအကြိမ်နော်”လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။ ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ …
“ဒါမင်းရဲ့ ဒုတိယအကြိမ်နော်”လို့ ပြောပြီး ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောပဲ ခြောက်လုံးပြူ းသေနတ်ကို ပိုက်ဆံအိပ်ထဲကထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ “မင်းဘယ်လို လုပ်လိုက်တာလည်းကွ၊ သနားစရာကောင်းတဲ့ တိရစ္ဆာန်လေးကို မင်းသတ် ပစ်လိုက်ပြီ၊ မင်းရူးနေလား!”လို့ အော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက် ပြန်ကြည့်ပြီး နူးညံ့တဲ့ လေသံလေးနဲ့ ဘာပြောလဲဆိုတော့ …
“ဒါ …ရှင့်ရဲ့ပထမဆုံးအကြိမ်နော်”တဲ့။
အဲဒီအချိန်ကစပြီး …
ကျွန်တော်တို့တွေ ဘာပြဿ နာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ …”
umo
Hi, very nice website, cheers!
——————————————————
Need cheap and reliable hosting? Our shared plans start at $10 for an year and VPS plans for $6/Mo.
——————————————————
Check here: https://www.good-webhosting.com/
Hello would you mind stating which blog platform you’re working with? I’m looking to start my own blog in the near future but I’m having a hard time choosing between BlogEngine/Wordpress/B2evolution and Drupal. The reason I ask is because your layout seems different then most blogs and I’m looking for something unique. P.S Sorry for being off-topic but I had to ask!|
Greate post. Keep writing such kind of info on your page. Im really impressed by it.
This info is priceless. How can I find out more?|