

ရွှေ

ရွှေဈေးဟာ ဒီနေ့မနက် အာရှဈေးကွက်မှာ တက်လာခဲ့ပြီး ဒီနေ့ထွက်မယ့် အမေရိကန်ရဲ့ Nonfarm Payroll နဲ့ အလုပ်အကိုင်ပေးနိုင်မှု အချက်အလက်က ရွှေဈေးကို အဓိကမောင်းနှင်မယ့်အရာတွေ ဖြစ်ပါတယ်။


ရေနံ



ငွေကြေး



Academic Team

Myanmar Golden Link

Unicode

သောကြာနေ့မနက် အာရှဈေးကွက်

ရွှေ

ရွှေဈေးဟာ ဒီနေ့မနက် အာရှဈေးကွက်မှာ တက်လာခဲ့ပြီး ဒီနေ့ထွက်မယ့် အမေရိကန်ရဲ့ nonfarm payroll နဲ့ အလုပ်အကိုင်ပေးနိုင်မှု အချက်အလက်က ရွှေဈေးကို အဓိကမောင်းနှင်မယ့်အရာတွေ ဖြစ်ပါတယ်။

နယူးယောက်အိတ်ချိန်းမှာ ဖေဖော်ဝါရီ deivery ဟာ ဝ.၁၂ ရာခိုင်နှုန်း တက်လာပြီး တစ်အောင်စကို ၁၃၂၃.၂၀ ဒေါ်လာ ရှိနေပါတယ်။ မနေ့က ရွှေဈေးဟာ ကျဆင်းခဲ့ပြီး Fed ရဲ့ အတိုးနှုန်းတက်နိုင်ချေ ရှိနေတာ၊ အမေရိကန်ရဲ့ စီးပွားရေးအင်အားက မြင်တက်လာမယ့် အနေအထားကြောင့် ဖြစ်ပါတယ်။

ရေနံ

ရေနံဈေးဟာ ဒီနေ့မနက်မှာ ကျဆင်းခဲ့ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအနေအထားကနေ ကျဆင်းသွားတာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှု မြင့်တက်မယ့် အလားအလာကြောင့်ပါ။ WTI မှာ ရေနံဈေးဟာ ဒီနေ့မနက် အစောပိုင်းက ၆၁.၉၂ ဒေါ်လာ ရှိနေပြီး မနေ့က ပိတ်ဈေးထက် ၉ ဆင့် ကျဆင်းသွားတာပါ။ မနေ့က ၆၂.၂၁ ဒေါ်လာနဲ့ ပိတ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။

Brent ဟာ ၁၁ ဆင့်ကျဆင်းကာ ၆၇.၉၆ ဒေါ်လာ ရှိနေပြီး မနေ့က ၆၈.၂၇ ဒေါ်လာနဲ့ သိပ်မကွာပါဘူး။ ဒါဟာ ၂၀၁၅ ခုနှစ် မေလေနောက်ပိုင်း အမြင့်ဆုံးဈေးလည်း ဖြစ်ပါတယ်။ အီရန်က နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ လက်တလော ရေနံဈေးကွက်ကို ရိုက်ခတ်မယ့် အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

ငွေကြေး

ငွေကြေးဈေးကွက်မှာ သြဇီဒေါ်လာက ကျဆင်းသွားပြီး နိုင်ငံရဲ့ Trade Balance က စိတ်ပျက်စရာကောင်းတာ ၊ ဒီနေ့ထွက်မယ့် Nonfarm Payroll နဲ့ အလုပ်အကိုင်အချက်အလက်ကို စောင့်ကြည့်နေကြတာတွေကြောင်ဖြစ်ပါတယ်။

AUDUSD ဟာ ဝ.၁၁ ရာခိုင်နှုန်း ကျဆင်းပြီး ဝ.၇၈၅၅ ပွိုင့် ရှိပါတယ်။ USDJPY ဝ.၀၁ ရာခိုင်နှုန်းတက်ကာ ၁၁၂.၇၆ ပွိုင့် ရှိပါတယ်။ နိုဝင်ဘာအတွက် သြဇီ Tade Balance ဟာ စိတ်ပျက်စရာကောင်းအောင် ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာအညွှန်းကိန်းကတော့ ဝ.၃၂ ရာခိုင်နှုန်း ကျဆင်းကာ ၉၁.၆၀ ရှိနေပါတယ်။

Academic Team

Myanmar Golden Link

 

One thought on “သောကြာနေ့မနက် အာရှဈေးကွက်”

Leave a Reply

Your email address will not be published.