ရေနံ အထူး





Academic Team

Myanmar Golden Link

Unicode

ဒီဇင်ဘာ ၂၉ ရက်နေ့က ပြီးဆုံးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်ရဲ့ WTI မှာ ရေနံစည်ပေါင်း ၇.၄ သန်းလောက် ကျဆင်းခဲ့တယ်လို့ အမေရိကန် Energy Information Administration က ထုတ်ပြန်ထားပါတယ်။

အမေရိကန်မှာ တော်တော်လေးအေးတာနဲ့ အိုပက်အဖွဲ့ဝင် အီရန်နိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတာကြောင့် ရေတိုမှာ ရေနံဈေးကွက်က အတက်ဖက်ရောက်နိုင်ပါတယ်။

အိုပက်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ ရေနံထုတ်လုပ်မှု လျှော့ချတဲ့အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပေမယ့် အမေရိကန်ရဲ့ တစ်ပတ်တာ ရေနံသိုလှောင်ထားမှု၊ ထုတ်လုပ်မှုတွေက ရေတိုဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

မနေ့က ရေနံဈေးဟာ ၃ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၆၂.၉၁ ဒေါ်လာကို ရောက်ခဲ့ပြီး လက်ရှိမှာတော့ ၆၁.၈၅ ဝန်းကျင်လောက် ရှိပါတယ်။ upper band က ၆၂.၁၉၊ lower band က ၆၁.၄၉ ရှိနေပါတယ်။ အဲဒီ band တွေကို ဖောက်ထွက်၊ ဖောက်ဆင်းရင် Resistance ၆၂.၈၀-၆၃.၄၀၊ support ၆၁.၃၀၊ ၆၀.၆၅ ရှိမှာဖြစ်ပါတယ်။

Academic Team

Myanmar Golden Link

 

One thought on “ေရနံ အထူး”

Leave a Reply

Your email address will not be published.