ဈေးကွက်နှစ်ချုပ် (၅ .၁ .၁၈)
Academic Team
Myanmar Golden Link
Unicode
– အမေရိကန်ဒေါ်လာဟာ ၁၄ နှစ်အတွင်း အဆိုးဝါးဆုံးအနေထားနဲ့ ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာလည်း ဆက်လက် ကျဆင်းမယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။
– Fed ဟာ ဒီနှစ်အတွင် အတိုးနှုန်း ၇၅ ပွိုင့်လောက် တက်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ အလုပ်လက်မဲ့နှုန်း တအား နည်းလွန်းနေတာ၊ အခွန်ငွေလျှော့ချထားတာ၊ customer confidence၊ business confidence တွေက လာမယ့်နှစ်အတွင်း စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ့်အရာတွေ ဖြစ်ပါတယ်။
– တရုတ်နဲ့ ရုရှားတို့အကြား စီးပွားရေး ပေါင်းစည်းမှုက ဒီနှစ်အတွင်း အမေရိကန်ဒေါ်လာအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
– မနေ့ကထွက်ခဲ့တဲ့ ဥရောပဇုန်ရဲ့ PMI အချက်အလက်ဟာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်ခဲ့တာကြောင့် EURUSD ကို အမြင့်ဆုံးအဖြစ် ၁့၂၀၈၉ပွိုင့်အထိ ရောက်စေခဲ့ပါတယ်။
– ၂၀၁၈ ခုနှစ်အတွင်းမှာ ဥရောပရဲ့ နိုင်ငံရေးအလှုပ်အခတ်တွေဟာ ယူရိုအပေါ် အဓိကသက်ရောက်မယ့် အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ အီတလီက ရွေးကောက်ပွဲ၊ ဂျာမနီဝန်ကြီးချုပ်ရဲ့ အစိုးရဖွဲ့မှုအခြေအနေ၊ စပိန်က ကာ့တ်လန်ဒေသ ခွဲထွက်ရေးကိစ္စတွေ ဖြစ်ပါတယ်။
– ဥရောပဗဟိုဘဏ်နဲ့ အမေရိကန် Fed တို့အကြား ပေါ်လစီကွဲလွဲမှုက ယူရိုအပေါ် ဖိအားဖြစ်စေမှာ ဖြစ်ပါတယ်။
– EURUSD ဟာ မနေ့က ၁့၂၀၈၉ ပွိုင့်နဲ့ အမြင့်ဆုံးကို ရောက်ခဲ့ပြီး ဒီကနေ့မှာတော့ ၁့၂၀၈၀နဲ့ ၁့၂၀၆၄ ကြားမှာ အတက်အကျ ဖြစ်နေပါတယ်။ ဥရောပရဲ့ CPI အချက်အလက်ဟာ ၁ရ့၀၀ ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီကနေ့ထွက်မယ့် အမေရိကန်ရဲ့ non-farm payroll ကလည်း ယူရိုအပေါ် သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။ ဒီကနေ့ ယူရိုဟာ အတက်နဲ့ ပိတ်သွားဖို့ရှိနေပြီး အခုအချိန်အထိ ဈေးကျမယ့် အနေအထားမျိုးကို မတွေ့ရသေးပါဘူး။
– စတာလင်ပေါင်ဟာ လက်ရှိမှာ ပုံမှန်အတိုင်းလေးပဲ သွားနေပြီး မေရိကန်ဒေါ်လာ ကျဆင်းတာနဲ့ ယူရိုတက်လာတာတွေကြောင့် ဖြစပါတယ်။ ဒါပေမယ့် ယူရိုနဲ့ ဗြိတိန်တို့ Brexit ကိစ္စတိုးတက်မှုက ယူရိုအပေါ် သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
– Brexit ကိစ္စ အခြေအနေကောင်းမယ်ဆိုရင် ယူရိုက တက်လာမှာဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ နိုင်ငံရေးအနေအထား ကလည်း စတာလင်ပေါင်ကို ဖိအားဖြစ်စေမှာပါ။ ယူကေရဲ့ ဂျီဒီပီဟာ ပုံမှန်အတိုင်း တက်နေပြီး အလုပ်သမားဈေးကွက်ကလည်း ကောင်းနေပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကတော့ ၂ ရာခိုင်နှုန်းအထက်မှာ ရှိနေပါတယ်။
– GBPUSD ဟာ လက်ရှိမှာ sell ပုံစံ ပြနေပြီး ၁့၃၅၈၅ လောက်အထိ တက်ပြီးမှ ပြန်ကျမယ့်အနေအထား ရှိနေပါတယ်။ ၁၃၄၉၅ ပွိုင့်အောက်မှာရှိရင် ဈေးက ၁့၃၃၁၀ အထိ ဆင်းဖို့ရှိနေပါတယ်။ ဒီနေ့ညထွက်မယ့် အမေရိကန်ရဲ့ non-farm payroll က GBPUSD အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။
Academic Team
Myanmar Golden Link
4 thoughts on “ဈေးကွက်နှစ်ချုပ် (၅ .၁ .၁၈)”
  1. Hey I know this is off topic but I was wondering if you knew of any widgets I could add to my blog that automatically tweet my newest twitter updates. I’ve been looking for a plug-in like this for quite some time and was hoping maybe you would have some experience with something like this. Please let me know if you run into anything. I truly enjoy reading your blog and I look forward to your new updates.|
  2. I know this if off topic but I’m looking into starting my own blog and was curious what all is required to get set up? I’m assuming having a blog like yours would cost a pretty penny? I’m not very web smart so I’m not 100% certain. Any suggestions or advice would be greatly appreciated. Thank you|
Leave a Reply
Your email address will not be published.