“ဝ” ေငြစကၠဴ ေကာလာဟလ မဟုတ္မွန္ေၾကာင္းျငင္းဆို

 


ဝျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္ UWSA က သူတို႔ကိုယ္ပိုင္ေငြစကၠဴေတြ ထုတ္ေဝမယ္ဆိုတဲ့ သတင္းမဟုတ္မွန္ေၾကာင္း ဝျပည္ေသြးစည္းညီၫြတ္ေရး တပ္မေတာ္ရဲ႕ ျပင္ပဆက္ဆံေရး႐ုံး လားရႈိးတာဝန္ခံ ဦးညီရမ္းက ျငင္းဆိုပါတယ္။
ဝျပည္က သူတို႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြက္ ကိုယ္ပိုင္ေငြစကၠဴအျဖစ္ ဝျပည္ေသြးစည္းညီၫြတ္ေရးပါတီရဲ႕ ဥကၠ႒ ေပါက္ယူခ်မ္းရဲ႕႐ုပ္ပုံပါတဲ့ ၁၀၀ တန္နဲ႔ ၅၀ တန္ေငြစကၠဴေတြ ႐ိုက္ႏွက္ထုတ္ေဝသုံးစြဲမယ္လို႔ လူမႈကြန္ရက္မွာ သတင္းထြက္ေပၚေျပာဆိုေနၾကတဲ့အတြက္ ဘီဘီစီက ဦးညီရန္းကို ေမးျမန္းရာမွာေတာ့ ဒါဟာ ေသြးထိုးလႈံ႕ေဆာ္လိုတဲ့ သေဘာနဲ႔ တမင္လုပ္ႀကံဖန္တီးတဲ့ ေကာလာဟလသာျဖစ္တယ္လို႔ ဆိုပါတယ္။
ဝျပည္ေသြးစည္းညီၫြတ္ေရးပါတီနဲ႔ ျမန္မာအစိုးရတို႔ အဆင္ေျပညီၫြတ္ေနတာကို မနာလိုတဲ့သူေတြက တမင္ ရန္တိုက္ေပးတာလို႔လည္း သူကဆိုပါတယ္။
ဝျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္ဟာ ျမန္မာႏိုင္ငံမွာ အႀကီးဆုံး လက္နက္ကိုင္ တိုင္းရင္းသားသူပုန္အဖြဲ႕ျဖစ္ပါတယ္။

Credit – BBC Burmese

Unicode

ဝငွေစက္ကူ ကောလာဟလ မဟုတ်မှန်ကြောင်းငြင်းဆို

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က သူတို့ကိုယ်ပိုင်ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုတဲ့ သတင်းမဟုတ်မှန်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ပြင်ပဆက်ဆံရေးရုံး လားရှိုးတာဝန်ခံ ဦးညီရမ်းက ငြင်းဆိုပါတယ်။
ဝပြည်က သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကိုယ်ပိုင်ငွေစက္ကူအဖြစ် ဝပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းရဲ့ရုပ်ပုံပါတဲ့ ၁၀၀ တန်နဲ့ ၅၀ တန်ငွေစက္ကူတွေ ရိုက်နှက်ထုတ်ဝေသုံးစွဲမယ်လို့ လူမှုကွန်ရက်မှာ သတင်းထွက်ပေါ်ပြောဆိုနေကြတဲ့အတွက် ဘီဘီစီက ဦးညီရန်းကို မေးမြန်းရာမှာတော့ ဒါဟာ သွေးထိုးလှုံ့ဆော်လိုတဲ့ သဘောနဲ့ တမင်လုပ်ကြံဖန်တီးတဲ့ ကောလာဟလသာဖြစ်တယ်လို့ ဆိုပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မြန်မာအစိုးရတို့ အဆင်ပြေညီညွတ်နေတာကို မနာလိုတဲ့သူတွေက တမင် ရန်တိုက်ပေးတာလို့လည်း သူကဆိုပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး လက်နက်ကိုင် တိုင်းရင်းသားသူပုန်အဖွဲ့ဖြစ်ပါတယ်။

Credit – BBC Burmese

2 thoughts on ““ဝ” ေငြစကၠဴ ေကာလာဟလ မဟုတ္မွန္ေၾကာင္းျငင္းဆို”

Leave a Reply

Your email address will not be published.