ဘဏ္နဲ႔ အတူ ဆက္တိုက္လုပ္ရမယ့္အရာေတြ

ႏိုင္ငံျခားဘဏ္ေတြကို Exporter ေတြအတြက္ ေဒၚလာနဲ႔ပါ ေခ်းေငြ ေခ်းခြင့္ေပးဖို႔ ေဆာင္ရြက္သလို Call Deposit ေတြကိုလည္း တစ္ႏွစ္အတိုးႏႈန္းကို ဇန္န၀ါရီလ ၂ ရက္ေန႔ကေနစၿပီး ၂ ရာခိုင္ႏႈန္းဘဲေပးေတာ့မယ္ဆုိတာ ဘဏ္ေတြပိုက္ဆံကို အျပင္ကို ျပန္ထြက္ေအာင္ လုပ္တာရဲ႕ တစ္စိတ္တစ္ပိုင္းပဲ။

ႏိုင္ငံမွာ စီးပြားေရး ေႏွးေနရင္ ဘဏ္တိုးေတြ ေလ်ာ့ခ်တာ အေမရိကန္ႏိုင္ငံ ဘဏ္ ဥကၠဌေဟာင္း ဂရင္းစပန္း အသံုးခ်သြားတဲ႔နည္းဘဲ။ ဂရင္းစပန္းက အဲ့ဒီစနစ္ကို အေျခခံၿပီး အေမရိကန္ႏိုင္ငံရဲ႕ ဘဏ္စနစ္ေတြကို ေျပာင္းလဲၿပီး စီးပြားေရးကို ထိပ္ဆံုးအထိ ဆြဲတင္ႏိုင္ ခဲ့တယ္။

ႏိုင္ငံစီးပြားေရး က်လာရင္ သူေဌးေတြ အလုပ္မလုပ္ေတာ့ဘူး။ ဘဏ္ထဲမွာ ပိုက္ဆံအပ္ထားၿပီး အတိုးဘဲ ထုတ္စားေနတယ္။ အဲ့လို အခ်ိန္ မွာ ဘဏ္ေတြက အတိုးႏႈန္းကို သူေဌးေတြဘဏ္မွာ ပိုက္ဆံမအပ္ခ်င္ေလာက္တဲ့အထိ ခ်ပစ္္ရတယ္။ ဒါမွ သူေဌးက သူ႔ပိုက္ဆံကို ျပန္ထုတ္ၿပီး တစ္ေနရာရာမွာ ရင္းႏွီးျမွဳပ္ႏွံၾကလိမ့္မယ္။

ေငြေၾကးေဖာင္းပြတာ မေကာင္းသလို ေငြေၾကးရွားပါးတာလဲ မေကာင္းဘူး။ ႏိုင္ငံမွာ ေငြေၾကးလည္ပတ္မႈ အရွိန္ေကာင္းေနေလ စီးပြားေရး ေကာင္းေလဘဲ။ ဒါေၾကာင့္ စီးပြားေရးေမာင္းႏွင္အားေကာင္းေအာင္ ေငြေၾကးလည္ပတ္မႈေတြ ေကာင္းေနရလိမ့္မယ္။ ျပည္သူေတြ လက္ထဲမွာ ၀ယ္လိုအားေတြ၊ ပိုက္ဆံေတြ ရွိေနရမယ္။

ဒီလို ေငြေၾကးလည္ပတ္မႈ အားေကာငး္ေအာင္ အစိုးရ (တနည္း) ဗဟိုဘဏ္ က ထိန္းေၾကာင္း ေပးေနရမွာ။ လိုအပ္တဲ့ ေငြေၾကး လည္ပတ္မႈထက္  ပုိေနရင္လည္း ဘဏ္တိုးေတြ ျပန္ျမွင့္ၿပီး ပိုက္ဆံေတြ ဘဏ္ေတြထဲေရာက္ေအာင္ တနည္းအားျဖင့္ ေငြေၾကး လည္ပတ္မႈ ေႏွးသြားေအာင္ ျပန္လုပ္ရတာဘဲ။

ျမန္မာႏိုင္ငံက စီးပြားေရး ေႏွးေကြးသြားတာ ၂ ႏွစ္ေလာက္ရွိခဲ့ၿပီ။ ခန္႔မွန္းရရင္ လက္ရွိအစိုးရလက္ထက္ သၾကၤန္ေတြ၊ အထပ္ျမင့္ေတြ၊ လုပ္ငန္းျပန္ရုတ္သိမ္းတာေတြ ေနာက္ပိုင္းက်ဆင္းသြားတာ သတိထားမိတယ္။ ေငြေၾကးလည္ပတ္အားေကာင္းမယ့္ ကိစၥေတြကို ဟန္႔တားလိုက္သလို ျဖစ္ေစခဲ့လို႔ပါဘဲ။

အခု ပုဂၢလိက ဘဏ္ေတြကေနတဆင့္ ေငြေၾကးေတြကို ျပည္သူေတြလက္ထဲျပန္ေရာက္ေအာင္ စတင္ေဆာင္ရြက္မယ္လို႔ ထင္မိတယ္။ ဗဟိုဘဏ္ကေန ထုတ္တဲ့ အမိန္႔မဟုတ္ဘဲ လုပ္ငန္းရွင္ႀကီးမ်ား အသင္းကေန ထုတ္တာျဖစ္ေတာ့ ေရွ႕တိုး၊ ေနာက္ဆုတ္ လုပ္ရ လြယ္ေအာင္  ေဆာင္ရြက္တဲ့သေဘာမ်ဳိး ျမင္တယ္။

Call Deposit တစ္မ်ဳိးကိုဘဲ အတိုးႏႈန္းေလ်ာ့ခ်တာလည္း ထိေရာက္မႈအားေတာ့ အမ်ားႀကီး မျဖစ္ႏိုင္ေသးဘူး။ Saving Account ၊ Limited Account ၊ Loan Account ေတြက အစ ေလ်ာ့ခ်ေပးဖို႔ေတာ့ လုိေသးတယ္။ ဒါလည္း တဆင့္စီလာမယ္လို႔ ေမွ်ာ္မွန္းပါတယ္။

ေနာက္တစ္ခုက လမ္း၊ တံတား၊ လွ်ပ္စစ္၊ ေက်ာင္း၊ ရံုး စတဲ့ အေျခခံအေဆာက္အအံု တည္ေဆာက္ေရးအပိုင္းမွာ အစိုးရ တင္ဒါ ေအာင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြကို အာမခံပစၥည္းမယူဘဲ အတိုး ၁၃ % ႏႈန္းနဲ႔  CHD Bank က ေခ်းေငြ ထုတ္ေပးမယ္ ဆိုတယ္။

ဒါ ႏိုင္ငံတကာက က်င့္သံုးေနတဲ့ Project Loan ပံုစံပါ။ ႀကိဳဆိုရပါမယ္။ CHD ဘဏ္မွ မဟုတ္ပါဘူး။ ပုဂၢလိက ဘဏ္အားလံုး လိုက္လုပ္ဖို႔ လိုပါတယ္။ ၁၃% အတိုး တစ္ခုနဲ႔ တင္ဒါအလုပ္ အနည္းဆံုး ၁၀ ရာခိုင္ႏႈန္း ၿပီးေနရမယ္ ဆိုတာေလးဘဲ ေျပာစရာရွိတယ္။ ေနာက္ေတာ့ တျဖည္းျဖည္း ပံုစံေျပာင္းလာမယ္ ထင္ပါတယ္။ တရုတ္ႏိုင္ငံ လ်င္လ်င္ျမန္ျမန္တိုးတက္သြားတာ အဲ့ဒီလို Project Loan ေတြေၾကာင့္ဘဲ။

အခုအခ်ိန္မွာ ရပ္ေနတဲ့ လုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္ေအာင္ အစိုးရက အားသြန္ခြန္စိုက္လုပ္ေပးဖို႔ လိုတယ္။ စီးပြားေရးကို ႏိုင္ႏိုင္ နင္းနင္း လုပ္ႏိုင္လို႔ ႏိုင္ငံစီးပြားေရး ေကာင္းလာရင္  စစ္တိုက္ဖို႔ ဘယ္သူမွ စိတ္မ၀င္စားေတာ့ဘူးဆိုတာ ခ်မ္းသာတဲ့ ႏိုင္ငံေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္။

ၿငိမ္းခ်မ္းေရး မရွိလို႔ စီးပြားေရး မေကာင္းဘူး။ စီးပြားေရး မေကာင္းလို႔ လက္နက္ကိုင္ရတယ္ဆိုၿပီး ေပါက္ပင္ဘာေၾကာင့္ ကိုင္းရတယ္ ဇာတ္လမ္းရိုက္ေနတာ အေျဖမွန္ မဟုတ္ပါဘူး။ ရင္းႏွီးျမွဳပ္ႏွံမယ့္သူေတြက နယ္စြန္နယ္ဖ်ားမွာ ရင္းႏွီးၾကဖို႔ စိတ္၀င္စားၾကတာ မဟုတ္ဘူး။

စီးပြားေရးေကာင္းေနရင္ အသက္က တန္ဘိုးရွိလာတယ္။ ကမၻာေပၚမွာ လူ႔အသက္ကို တန္ဘိုးမထားဆံုး ႏိုင္ငံေတြကလည္း အဆင္းရဲ ဆံုးႏိုင္ငံေတြဘဲ။ ခ်မ္းသာလာေလေလ ေသမွာေၾကာက္ေလေလ၊ ဆင္းရဲလာေလေလ ေသမထူးေနမထူး လို႔ ခံယူလာေလေလဘဲ။ ဒီေတာ့ ႏိုင္ငံစီးပြားေရး ကေကာင္းေနဖို႔ လုပ္ကို လုပ္ရပါမယ္။

အခုက စီးပြားေရးသမားေတြ လက္ညိွဳးအထိုးဆံုးက ဘဏ္ရယ္၊ ဥပေဒေတြရယ္ကိုဘဲ။ တစ္ေလာက စီးပြားေရး စစ္တမ္းေကာက္ေတာ့ ျမန္မာႏိုင္ငံကို ယံုၾကည္မႈအဆင့္ေတြ ေလ်ာ့က်လာေစတာက ဘာေၾကာင္းေတြေၾကာင့္လဲလို႔ ေမးျမန္းတဲ့အခါ မေမွ်ာ္မွန္းႏိုင္တဲ့ ဥပေဒေတြ ထြက္လာမွာကို ေၾကာက္လို႔ဆိုတဲ့ အခ်က္လဲပါတယ္။

ဒါ ဘာကိုဆိုလိုသလဲဆိုရင္ စီးပြားေရး မူ၀ါဒ ခိုင္ခိုင္မာမာမရွိေသးဘူးဆိုတာကို ျပတာဘဲ။ ဘယ္ေလာက္အေျခအေနမွာျဖစ္ျဖစ္ လႊတ္ေတာ္က ပယ္ခ်တယ္၊ ရုတ္သိမ္းတယ္၊ ဖ်က္သိမ္းတယ္ဆိုတဲ့ ဥပေဒကဲ့သို႔ အာဏာတည္ေသာ အမိန္႔ေတြ ထြက္လာမွာကို ေၾကာက္ၾကတာဘဲ။ အဲ့ဒီလို ေၾကာက္ေနေအာင္ ျမန္မာႏိုင္ငံက ေကာင္းေကာင္းျပသေပးခဲ့တာ လက္ရွိအခ်ိန္ထိဘဲဆိုတာ လႊတ္ေတာ္ အမတ္ေတြ ေဆြးေႏြးၾက၊ အဆိုတင္ၾကရင္ သိႏိုင္ၾကားႏိုင္ပါတယ္။ ျပန္သိမ္းမယ္ဆိုတာေတြ မ်ားလွပါတယ္။

ေတြးမိတာ ဒီ ၅ ႏွစ္ကေတာ့ ျပန္သိမ္းတာနဲ႔ဘဲ အခ်ိန္ကုန္သြားမယ္လို႔ ယူဆတယ္။

ဒီလို ျပင္ဆင္ထားရင္လဲ ေနာက္တစ္ခ်ိန္အတြက္ အေျခခံ အုပ္ျမစ္ေတြ ခ်ထားဖို႔ အေရးႀကီးပါတယ္။ လွ်ပ္စစ္ကို ဘယ္ကထုတ္မယ္၊ ဘယ္လို ထုတ္မယ္မ်ဳိးေပ့ါ။ တစ္ေန႔က ရန္ကုန္ၿမိဳ႕ကို ၂၀၁၈ မွ ၂၀၄၀ ျပည့္ႏွစ္အထိ မဂါၢဝပ္ ၄၇၀၀ ထုတ္လုပ္ႏိုင္မယ့္ လွ်ပ္စစ္ ဓါတ္အားေပး စက္ရံု စီမံကိန္း ၁၁ ခု ေဆာင္ရြက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ဖတ္လိုက္ရတယ္။

ဒီလို Infrastructure ေတြကို ပြင့္လင္းျမင္သာေအာင္နဲ႔ ရင္းႏွီးျမွဳပ္ႏွံမယ့္သူေတြ တြက္ခ်က္လို႔ ရေအာင္ ထုတ္ျပန္ေပးထားတာ ေကာင္းပါတယ္။ ဒါမွ အလုပ္လုပ္မယ့္သူက ဘယ္အခ်ိန္ ဘာလုပ္မယ္ အကြက္ခ်ထားလို႔ ရတာေပါ့။

လွ်ပ္စစ္ဓါတ္အားေပးစက္ရံု ေဆာက္မယ္ေတာ့ ေျပာေပမယ့္ ဘယ္နည္းနဲ႔ လွ်ပ္စစ္ထုတ္မွာလဲဆိုတာေတာ့ မပါဘူး။ ဒါလည္း လိုအပ္ ပါတယ္။ Gas နဲ႔ ထုတ္မွာလား၊ ေရအားနဲ႔လား၊ ေက်ာက္မီးေသြးနဲ႔လား အစရွိသျဖင့္ေပါ့။

ျမန္မာႏိုင္ငံက ဒို႔အေရးေတြေၾကာင့္ ရပ္ရပ္သြားတတ္တယ္ေလ။

ေတြးမိတာေတာ့ Gas ကေန ထုတ္ယူမယ္လို႔ ထင္တယ္။  ျမန္မာႏိုင္ငံမွာ Gas က ၂၀၄၀ အထိ လံုလံုေလာက္ေလာက္ထြက္ရဲ႕လား ဆိုတာရယ္ ၂၀၄၀ ေနာက္ပိုင္းမွာေကာ Gas က ဆက္ထြက္မွာလားဆိုတာရယ္ကို ရင္းႏွီးျမွဳပ္ႏံွမယ့္သူေတြ ထည့္စဥ္းစားၾကလိမ့္မယ္။

ေျပာခ်င္တာက သတင္းအတိအက်နဲ႔ သတင္းအခ်က္အလက္ အျပည့္အစံုလိုအပ္တယ္။ ဒါေတြက တကယ္ရင္းႏွီးျမွဳပ္ႏွံမယ့္သူေတြ ဂရုစိုက္တဲ့ ကိစၥေတြဘဲ။ ႏိုင္ငံတကာမွာ အလုပ္လုပ္ေနတဲ့လူေတြေတြကို တိက်တဲ့အခ်က္အလက္ေတြ ထုတ္ျပန္ေပးဖို႔လဲလိုတယ္။ အဲ့ေတာ့ ဘဏ္ေတြဘက္ကစၿပီး ျပဳျပင္ေပးေနၿပီ။ ၿပီးရင္ အေပၚကေျပာခဲ့သလိုဘဲ အေသအခ်ာဆက္လုပ္ရမယ့္ အရာေတြ ဆက္တိုက္ ရွိေနေသးတယ္။

လုပ္တာမလုပ္တာကေတာ့ လုပ္ရမယ့္ သူေတြ သေဘာပါ။

မိုးတင့္ (ရန္ကုန္တကၠသိုလ္)

၂၅.၁၂.၂၀၁၇

Unicode

နိုင်ငံခြားဘဏ်တွေကို Exporter တွေအတွက် ဒေါ်လာနဲ့ပါ ချေးငွေ ချေးခွင့်ပေးဖို့ ဆောင်ရွက်သလို Call Deposit တွေကိုလည်း တစ်နှစ်အတိုးနှုန်းကို ဇန်နဝါရီလ ၂ ရက်နေ့ကနေစပြီး ၂ ရာခိုင်နှုန်းဘဲပေးတော့မယ်ဆိုတာ ဘဏ်တွေပိုက်ဆံကို အပြင်ကို ပြန်ထွက်အောင် လုပ်တာရဲ့ တစ်စိတ်တစ်ပိုင်းပဲ။

နိုင်ငံမှာ စီးပွားရေး နှေးနေရင် ဘဏ်တိုးတွေ လျော့ချတာ အမေရိကန်နိုင်ငံ ဘဏ် ဥက္ကဌဟောင်း ဂရင်းစပန်း အသုံးချသွားတဲ့နည်းဘဲ။ ဂရင်းစပန်းက အဲ့ဒီစနစ်ကို အခြေခံပြီး အမေရိကန်နိုင်ငံရဲ့ ဘဏ်စနစ်တွေကို ပြောင်းလဲပြီး စီးပွားရေးကို ထိပ်ဆုံးအထိ ဆွဲတင်နိုင် ခဲ့တယ်။

နိုင်ငံစီးပွားရေး ကျလာရင် သူဌေးတွေ အလုပ်မလုပ်တော့ဘူး။ ဘဏ်ထဲမှာ ပိုက်ဆံအပ်ထားပြီး အတိုးဘဲ ထုတ်စားနေတယ်။ အဲ့လို အချိန် မှာ ဘဏ်တွေက အတိုးနှုန်းကို သူဌေးတွေဘဏ်မှာ ပိုက်ဆံမအပ်ချင်လောက်တဲ့အထိ ချပစ်ရတယ်။ ဒါမှ သူဌေးက သူ့ပိုက်ဆံကို ပြန်ထုတ်ပြီး တစ်နေရာရာမှာ ရင်းနှီးမြှုပ်နှံကြလိမ့်မယ်။

ငွေကြေးဖောင်းပွတာ မကောင်းသလို ငွေကြေးရှားပါးတာလဲ မကောင်းဘူး။ နိုင်ငံမှာ ငွေကြေးလည်ပတ်မှု အရှိန်ကောင်းနေလေ စီးပွားရေး ကောင်းလေဘဲ။ ဒါကြောင့် စီးပွားရေးမောင်းနှင်အားကောင်းအောင် ငွေကြေးလည်ပတ်မှုတွေ ကောင်းနေရလိမ့်မယ်။ ပြည်သူတွေ လက်ထဲမှာ ဝယ်လိုအားတွေ၊ ပိုက်ဆံတွေ ရှိနေရမယ်။

ဒီလို ငွေကြေးလည်ပတ်မှု အားကောင်းအောင် အစိုးရ (တနည်း) ဗဟိုဘဏ် က ထိန်းကြောင်း ပေးနေရမှာ။ လိုအပ်တဲ့ ငွေကြေး လည်ပတ်မှုထက် ပိုနေရင်လည်း ဘဏ်တိုးတွေ ပြန်မြှင့်ပြီး ပိုက်ဆံတွေ ဘဏ်တွေထဲရောက်အောင် တနည်းအားဖြင့် ငွေကြေး လည်ပတ်မှု နှေးသွားအောင် ပြန်လုပ်ရတာဘဲ။

မြန်မာနိုင်ငံက စီးပွားရေး နှေးကွေးသွားတာ ၂ နှစ်လောက်ရှိခဲ့ပြီ။ ခန့်မှန်းရရင် လက်ရှိအစိုးရလက်ထက် သင်္ကြန်တွေ၊ အထပ်မြင့်တွေ၊ လုပ်ငန်းပြန်ရုတ်သိမ်းတာတွေ နောက်ပိုင်းကျဆင်းသွားတာ သတိထားမိတယ်။ ငွေကြေးလည်ပတ်အားကောင်းမယ့် ကိစ္စတွေကို ဟန့်တားလိုက်သလို ဖြစ်စေခဲ့လို့ပါဘဲ။

အခု ပုဂ္ဂလိက ဘဏ်တွေကနေတဆင့် ငွေကြေးတွေကို ပြည်သူတွေလက်ထဲပြန်ရောက်အောင် စတင်ဆောင်ရွက်မယ်လို့ ထင်မိတယ်။ ဗဟိုဘဏ်ကနေ ထုတ်တဲ့ အမိန့်မဟုတ်ဘဲ လုပ်ငန်းရှင်ကြီးများ အသင်းကနေ ထုတ်တာဖြစ်တော့ ရှေ့တိုး၊ နောက်ဆုတ် လုပ်ရ လွယ်အောင် ဆောင်ရွက်တဲ့သဘောမျိုး မြင်တယ်။

Call Deposit တစ်မျိုးကိုဘဲ အတိုးနှုန်းလျော့ချတာလည်း ထိရောက်မှုအားတော့ အများကြီး မဖြစ်နိုင်သေးဘူး။ Saving Account ၊ Limited Account ၊ Loan Account တွေက အစ လျော့ချပေးဖို့တော့ လိုသေးတယ်။ ဒါလည်း တဆင့်စီလာမယ်လို့ မျှော်မှန်းပါတယ်။

နောက်တစ်ခုက လမ်း၊ တံတား၊ လျှပ်စစ်၊ ကျောင်း၊ ရုံး စတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးအပိုင်းမှာ အစိုးရ တင်ဒါ အောင်သော ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အာမခံပစ္စည်းမယူဘဲ အတိုး ၁၃ % နှုန်းနဲ့ CHD Bank က ချေးငွေ ထုတ်ပေးမယ် ဆိုတယ်။

ဒါ နိုင်ငံတကာက ကျင့်သုံးနေတဲ့ Project Loan ပုံစံပါ။ ကြိုဆိုရပါမယ်။ CHD ဘဏ်မှ မဟုတ်ပါဘူး။ ပုဂ္ဂလိက ဘဏ်အားလုံး လိုက်လုပ်ဖို့ လိုပါတယ်။ ၁၃% အတိုး တစ်ခုနဲ့ တင်ဒါအလုပ် အနည်းဆုံး ၁၀ ရာခိုင်နှုန်း ပြီးနေရမယ် ဆိုတာလေးဘဲ ပြောစရာရှိတယ်။ နောက်တော့ တဖြည်းဖြည်း ပုံစံပြောင်းလာမယ် ထင်ပါတယ်။ တရုတ်နိုင်ငံ လျင်လျင်မြန်မြန်တိုးတက်သွားတာ အဲ့ဒီလို Project Loan တွေကြောင့်ဘဲ။

အခုအချိန်မှာ ရပ်နေတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် အစိုးရက အားသွန်ခွန်စိုက်လုပ်ပေးဖို့ လိုတယ်။ စီးပွားရေးကို နိုင်နိုင် နင်းနင်း လုပ်နိုင်လို့ နိုင်ငံစီးပွားရေး ကောင်းလာရင် စစ်တိုက်ဖို့ ဘယ်သူမှ စိတ်မဝင်စားတော့ဘူးဆိုတာ ချမ်းသာတဲ့ နိုင်ငံတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ငြိမ်းချမ်းရေး မရှိလို့ စီးပွားရေး မကောင်းဘူး။ စီးပွားရေး မကောင်းလို့ လက်နက်ကိုင်ရတယ်ဆိုပြီး ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ဇာတ်လမ်းရိုက်နေတာ အဖြေမှန် မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမယ့်သူတွေက နယ်စွန်နယ်ဖျားမှာ ရင်းနှီးကြဖို့ စိတ်ဝင်စားကြတာ မဟုတ်ဘူး။

စီးပွားရေးကောင်းနေရင် အသက်က တန်ဘိုးရှိလာတယ်။ ကမ္ဘာပေါ်မှာ လူ့အသက်ကို တန်ဘိုးမထားဆုံး နိုင်ငံတွေကလည်း အဆင်းရဲ ဆုံးနိုင်ငံတွေဘဲ။ ချမ်းသာလာလေလေ သေမှာကြောက်လေလေ၊ ဆင်းရဲလာလေလေ သေမထူးနေမထူး လို့ ခံယူလာလေလေဘဲ။ ဒီတော့ နိုင်ငံစီးပွားရေး ကကောင်းနေဖို့ လုပ်ကို လုပ်ရပါမယ်။

အခုက စီးပွားရေးသမားတွေ လက်ညှိုးအထိုးဆုံးက ဘဏ်ရယ်၊ ဥပဒေတွေရယ်ကိုဘဲ။ တစ်လောက စီးပွားရေး စစ်တမ်းကောက်တော့ မြန်မာနိုင်ငံကို ယုံကြည်မှုအဆင့်တွေ လျော့ကျလာစေတာက ဘာကြောင်းတွေကြောင့်လဲလို့ မေးမြန်းတဲ့အခါ မမျှော်မှန်းနိုင်တဲ့ ဥပဒေတွေ ထွက်လာမှာကို ကြောက်လို့ဆိုတဲ့ အချက်လဲပါတယ်။

ဒါ ဘာကိုဆိုလိုသလဲဆိုရင် စီးပွားရေး မူဝါဒ ခိုင်ခိုင်မာမာမရှိသေးဘူးဆိုတာကို ပြတာဘဲ။ ဘယ်လောက်အခြေအနေမှာဖြစ်ဖြစ် လွှတ်တော်က ပယ်ချတယ်၊ ရုတ်သိမ်းတယ်၊ ဖျက်သိမ်းတယ်ဆိုတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေ ထွက်လာမှာကို ကြောက်ကြတာဘဲ။ အဲ့ဒီလို ကြောက်နေအောင် မြန်မာနိုင်ငံက ကောင်းကောင်းပြသပေးခဲ့တာ လက်ရှိအချိန်ထိဘဲဆိုတာ လွှတ်တော် အမတ်တွေ ဆွေးနွေးကြ၊ အဆိုတင်ကြရင် သိနိုင်ကြားနိုင်ပါတယ်။ ပြန်သိမ်းမယ်ဆိုတာတွေ များလှပါတယ်။

တွေးမိတာ ဒီ ၅ နှစ်ကတော့ ပြန်သိမ်းတာနဲ့ဘဲ အချိန်ကုန်သွားမယ်လို့ ယူဆတယ်။

ဒီလို ပြင်ဆင်ထားရင်လဲ နောက်တစ်ချိန်အတွက် အခြေခံ အုပ်မြစ်တွေ ချထားဖို့ အရေးကြီးပါတယ်။ လျှပ်စစ်ကို ဘယ်ကထုတ်မယ်၊ ဘယ်လို ထုတ်မယ်မျိုးပေ့ါ။ တစ်နေ့က ရန်ကုန်မြို့ကို ၂၀၁၈ မှ ၂၀၄၀ ပြည့်နှစ်အထိ မဂါ္ဂဝပ် ၄၇၀၀ ထုတ်လုပ်နိုင်မယ့် လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်း ၁၁ ခု ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ဖတ်လိုက်ရတယ်။

ဒီလို Infrastructure တွေကို ပွင့်လင်းမြင်သာအောင်နဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ တွက်ချက်လို့ ရအောင် ထုတ်ပြန်ပေးထားတာ ကောင်းပါတယ်။ ဒါမှ အလုပ်လုပ်မယ့်သူက ဘယ်အချိန် ဘာလုပ်မယ် အကွက်ချထားလို့ ရတာပေါ့။

လျှပ်စစ်ဓါတ်အားပေးစက်ရုံ ဆောက်မယ်တော့ ပြောပေမယ့် ဘယ်နည်းနဲ့ လျှပ်စစ်ထုတ်မှာလဲဆိုတာတော့ မပါဘူး။ ဒါလည်း လိုအပ် ပါတယ်။ Gas နဲ့ ထုတ်မှာလား၊ ရေအားနဲ့လား၊ ကျောက်မီးသွေးနဲ့လား အစရှိသဖြင့်ပေါ့။

မြန်မာနိုင်ငံက ဒို့အရေးတွေကြောင့် ရပ်ရပ်သွားတတ်တယ်လေ။

တွေးမိတာတော့ Gas ကနေ ထုတ်ယူမယ်လို့ ထင်တယ်။ မြန်မာနိုင်ငံမှာ Gas က ၂၀၄၀ အထိ လုံလုံလောက်လောက်ထွက်ရဲ့လား ဆိုတာရယ် ၂၀၄၀ နောက်ပိုင်းမှာကော Gas က ဆက်ထွက်မှာလားဆိုတာရယ်ကို ရင်းနှီးမြှုပ်နံှမယ့်သူတွေ ထည့်စဉ်းစားကြလိမ့်မယ်။

ပြောချင်တာက သတင်းအတိအကျနဲ့ သတင်းအချက်အလက် အပြည့်အစုံလိုအပ်တယ်။ ဒါတွေက တကယ်ရင်းနှီးမြှုပ်နှံမယ့်သူတွေ ဂရုစိုက်တဲ့ ကိစ္စတွေဘဲ။ နိုင်ငံတကာမှာ အလုပ်လုပ်နေတဲ့လူတွေတွေကို တိကျတဲ့အချက်အလက်တွေ ထုတ်ပြန်ပေးဖို့လဲလိုတယ်။ အဲ့တော့ ဘဏ်တွေဘက်ကစပြီး ပြုပြင်ပေးနေပြီ။ ပြီးရင် အပေါ်ကပြောခဲ့သလိုဘဲ အသေအချာဆက်လုပ်ရမယ့် အရာတွေ ဆက်တိုက် ရှိနေသေးတယ်။

လုပ်တာမလုပ်တာကတော့ လုပ်ရမယ့် သူတွေ သဘောပါ။

မိုးတင့် (ရန်ကုန်တက္ကသိုလ်)

၂၅.၁၂.၂၀၁၇

 

5 thoughts on “ဘဏ္နဲ႔ အတူ ဆက္တိုက္လုပ္ရမယ့္အရာေတြ”

  1. Wow that was unusual. I just wrote an really long comment but after I clicked submit my comment didn’t appear. Grrrr… well I’m not writing all that over again. Regardless, just wanted to say wonderful blog!|

  2. Hi! This is kind of off topic but I need some help from an established blog. Is it very difficult to set up your own blog? I’m not very techincal but I can figure things out pretty quick. I’m thinking about making my own but I’m not sure where to begin. Do you have any ideas or suggestions? With thanks|

Leave a Reply

Your email address will not be published.