Credit – BBC Burmese
Unicode
အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ အိမ်ဖြူတော် အစိုးရအကြောင်း အချေအတင် အငြင်းပွားစရာ စာအုပ် မထုတ်ဝေနိုင်အောင် သမ္မတထရမ့်ရဲ့ ရှေ့နေတွေက ပိတ်ပင်ဖို့ ကြိုးစားနေတာကို တုံ့ပြန်တဲ့အနေနဲ့ စာအုပ်ထုတ်ဝေသူတွေက သူတို့ စာအုပ် ထုတ်ဝေမယ့်နေ့ကို အချိန်စောပြီး ဒီကနေ့ သောကြာနေ့မှာ ထုတ်ဝေမယ်လို့ ပြောပါတယ်။
စာရေးဆရာ Michael Wolff ရေးသားတဲ့ အဲဒီ Fire and Fury စာအုပ်ကို ၄၇က်စောပြီး သောကြာနေ့မှာ ထုတ်ဝေဖြန့်ချိမှာ ဖြစ်ပါတယ်။
ကဲ ကျနော်တို့ စာအုပ်တော့ ထွက်လာတော့မယ်နော်။ ဝယ်နိုင်ကြပါပြီ။ ကျေးဇူးပါ သမ္မတကြီး ဆိုပြီး စာရေးဆရာက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ အတည်ပြု ရေးသားထားပါတယ်။
သမ္မတ ထရမ့်ရဲ့ ရှေ့နေတွေကတော့ အဲဒီစာအုပ်ထဲမှာ မဟုတ်မမှန် ရေးသား ဖေါ်ပြချက်တွေ အများအပြား ပါနေတယ် ဆိုပြီး အဲဒါတွေကို စိစစ် သုံးသပ်သွားမယ်လို့ ပြောပါတယ်။
အဲဒီ စာအုပ်ထဲမှာ သမ္မတ ထရမ့်ရဲ့ သားနဲ့ ရုရှား ရှေ့နေ တဦးရဲ့ တွေ့ဆုံမှုဟာ နိုင်ငံတော် သစ္စာ ဖောက်ရာ ကျပြီး မျိုးချစ်စိတ် ကင်းမဲ့တယ် ဆိုပြီး သမ္မတ ထရမ့်ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အကြီးအကဲဟောင်း Steve Bannon က စွပ်စွဲ ပြောဆိုထားတာတွေ ပါ၀င်ပါတယ်။
Credit – BBC Burmese
Hi, very nice website, cheers!
——————————————————
Need cheap and reliable hosting? Our shared plans start at $10 for an year and VPS plans for $6/Mo.
——————————————————
Check here: https://www.good-webhosting.com/