စံျပဳ ခံရမယ့္ ေစ်းကြက္ ျဖစ္လာဖို႔ တ႐ုတ္ ရည္ရြယ္

တ႐ုတ္အစိုးရဟာ နိုင္ငံရဲ့ အေနာက္ေတာင္ပိုင္းက အဓိကၿမိဳ႕ႀကီး တစ္ၿမိဳ႕ ျဖစ္တဲ့ ခ်ဳံကင္းမွာ ေရနံနဲ႔ သဘာဝ ဓာတ္ေငြ႕ ေရာင္းဝယ္ေရး ေစ်းကြက္ကို အခု ၂ဝ၁၈ ခုႏွစ္ အေစာပိုင္းမွာ ဖြင့္လွစ္နိုင္ဖို႔ ျပင္ဆင္ ေနပါတယ္။

ဗဟိုအာရွေဒသနဲ႔ ျမန္မာနိုင္ငံကေန သြယ္တန္းထားတဲ့ ပိုက္လိုင္းေတြက ရရွိလာတဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ေတြ၊ တျခား ျပည္ပက တင္သြင္းတဲ့ ဓာတ္ေငြ႕ရည္ LNG ေတြ ေရာင္းဝယ္ ၾကဖို႔ ေစ်းကြက္ ေဖာ္ေဆာင္မွာ ျဖစ္ပါတယ္။

ချုံကင်း

 

တ႐ုတ္ အစိုးရပိုင္ စြမ္းအင္ ကုမၸဏီႀကီးေတြနဲ႔ ပုဂၢလိကပိုင္ ကုမၸဏီေတြကလည္း အခုလို ခ်ဳံကင္း အိတ္ဇ္ခ်ိန္း ေစ်းကြက္ ေဖာ္ေဆာင္ဖို႔ အားေပး ေနၾကပါတယ္။

တျခား အာရွ ေစ်းကြက္ေတြကပါ ရည္ညႊန္း စံထားရမယ့္ ေရနံနဲ႔ သဘာဝ ဓာတ္ေငြ႕ ေစ်းကြက္ ျဖစ္လာဖို႔ ရည္ရြယ္တာ ျဖစ္တယ္ ဆိုၿပီး ခ်ဳံကင္း အိတ္ဇ္ခ်ိန္းရဲ့ ဥကၠဌ က်န္ဘိုဝမ္က ေျပာပါတယ္။

တ႐ုတ္ျပည္တြင္းမွာလည္း ေက်ာက္မီးေသြးကို ေလာင္စာ အျဖစ္ အသုံးျပဳမွုကေန ေလၽွာ့ခ် ေနတဲ့ အတြက္ ေရနံနဲ႔ သဘာဝ ဓာတ္ေငြ႕ သုံးစြဲမွု အလၽွင္အျမန္ တိုးျမင့္ လာေနပါတယ္။

Credit – BBC Burmese

Unicode

တရုတ်အစိုးရဟာ နိုင်ငံရဲ့ အနောက်တောင်ပိုင်းက အဓိကမြို့ကြီး တစ်မြို့ ဖြစ်တဲ့ ချုံကင်းမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်ရေး ဈေးကွက်ကို အခု ၂ဝ၁၈ ခုနှစ် အစောပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင် နေပါတယ်။

ဗဟိုအာရှဒေသနဲ့ မြန်မာနိုင်ငံကနေ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေက ရရှိလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ၊ တခြား ပြည်ပက တင်သွင်းတဲ့ ဓာတ်ငွေ့ရည် LNG တွေ ရောင်းဝယ် ကြဖို့ ဈေးကွက် ဖော်ဆောင်မှာ ဖြစ်ပါတယ်။

တရုတ် အစိုးရပိုင် စွမ်းအင် ကုမ္ပဏီကြီးတွေနဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကလည်း အခုလို ချုံကင်း အိတ်ဇ်ချိန်း ဈေးကွက် ဖော်ဆောင်ဖို့ အားပေး နေကြပါတယ်။

တခြား အာရှ ဈေးကွက်တွေကပါ ရည်ညွှန်း စံထားရမယ့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဈေးကွက် ဖြစ်လာဖို့ ရည်ရွယ်တာ ဖြစ်တယ် ဆိုပြီး ချုံကင်း အိတ်ဇ်ချိန်းရဲ့ ဥက္ကဌ ကျန်ဘိုဝမ်က ပြောပါတယ်။

တရုတ်ပြည်တွင်းမှာလည်း ကျောက်မီးသွေးကို လောင်စာ အဖြစ် အသုံးပြုမှုကနေ လျှော့ချ နေတဲ့ အတွက် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ သုံးစွဲမှု အလျှင်အမြန် တိုးမြင့် လာနေပါတယ်။

Credit – BBC Burmese

 

Leave a Reply

Your email address will not be published.