အေသးစားလုပ္ငန္းဘဲ လုပ္လုပ္
စီးပြားေရးလုပ္ငန္းဘဲလုပ္လုပ္
ပဲေရာင္းတာဘဲလုပ္လုပ္
ေက်ာက္ေရာင္းဝယ္ဘဲလုပ္လုပ္
အိမ္ဆိုင္ဖြင့္တာဘဲလုပ္လုပ္
ဘယ္စီးပြားေရးအလုပ္ဘဲ
ျဖစ္ပါေစပထမေတာ့
ကိုယ့္အရင္းအႏွီးေလးနဲ႔စတင္ လုပ္ကိုင္ရပါတယ္။
ကိုယ္လုပ္တဲ့လုပ္ငန္းကို
ကၽြမ္းက်င္မူနဲ႔တတ္ကၽြမ္းမူ
အေပၚေအာင္ျမင္ဖို႔လမ္းစ
အက်ိဳးအျမတ္အမ်ားႀကီးျမင္လို႔
ကိုယ့္အျမတ္ကိုသူမ်ားနဲနဲခြဲေဝ
ေပးတဲ့သေဘာမ်ိဳး
သူမ်ားေငြကိုအတိုးေပး
ေခ်းယူလုပ္ကိုင္ၾကတယ္။
ကိုယ္လုပ္ေနတဲ့အလုပ္က
ကိုယ္ထည့္ထားတဲ့အရင္းအႏွီး
အတြက္ေတာင္အျမတ္မရွိရင္
ေခ်းေငြသြားယူၿပီး ဘာထပ္လုပ္စရာလိုမွာလဲ။
ေငြထုတ္ေပးတဲ့သူက
တကယ္ေတာ့အေသစားစားတာဘဲ၊
အတိုးတလ ႏွစ္က်ပ္ရမယ္
ဆိုရင္သူကပံုေသဝင္ေငြ ရေနေတာ့တယ္။
တႏွစ္ -၂၄ ေလးႏွစ္ျပည့္ရင္
အရင္းကႏွစ္ဆျဖစ္သြားၿပီ၊
ေငြေခ်းၿပီးအလုပ္လုပ္တဲ့သူ
ျမတ္မျမတ္ေတာ့မသိဘူး၊
အတိုးခ်တဲ့သူကျမတ္သြားၿပီ။
အစိုးရကေတာင္သူေတြကို
ႏွစ္စဥ္အမေတာ္ေၾကး
ေခ်းေငြႏွစ္စဥ္ထုတ္ေပးတယ္၊
ေတာင္သူေတာ္ေတာ္မ်ားမ်ား
ျပန္မဆပ္ႏိူင္ဘူး၊
တကယ္ေတာ့အစိုးရက
ေတာင္သူေတြအဆင္ေျပေအာင္
လိုအပ္တဲ့မ်ိဳးနဲ႔ဓါတ္ေျမၾသဇာေတြ၊
လယ္နဲ႔ပတ္သက္တဲ့ စက္ကိရိယာေတြဝယ္ဖို ႔ထုတ္ေပးတာ၊
အခုေနာက္ပိုင္းေခတ္စား
လာတာကပုဂၢလိကဘဏ္ေတြကေပးတဲ့ေခ်းေငြကို
အသဲအသန္လိုခ်င္လာၾကတယ္၊
လုပ္ငန္းႀကီးႀကီးလည္ပတ္တဲ့သူေတြကေခ်းေငြကိုမယူမျဖစ္ယူၾကရတယ္၊
အေၾကာင္းတခုခုျဖစ္ရင္ ေခ်းေငြယူထားေၾကာင္း
အေထာက္အထားျပလို႔ ရတာကတေၾကာင္း၊
ေခ်းေငြေတြအမ်ားႀကီးရယူၿပီး ေျမဝယ္ေငြဝယ္ေရႊဝယ္
ေပၚပင္အလုပ္ေတြဝင္လုပ္ၾကတယ္၊
ေငြဆိုတာကလဲအေတာင္ပ်ံ တခုလိုဘဲ၊
က်ားလိုသတၱဝါလိုမ်ိဳးမွာ အေတာင္တပ္မိရင္ ဘာျဖစ္သြားမွာလဲ၊
တခ်ိဳ ့လုပ္ငန္းရွင္ေတြက ေပးရမဲ့အတိုးကိုမေၾကာက္ဘူး၊
ဘယ္ေလာက္ေခ်းေပးမယ္လဲ၊ လာသမွ်ယူေပးတယ္၊
သစၥာတရားဆိုတဲ့ဂတိတခုဟာ ကိုယ့္မွာရွိေနတဲ့အခ်ိန္
ကိုယ္ကသူမ်ားကိုျပန္ေပးႏိူင္တဲ့ အခ်ိန္မွာအရမ္းတည္ပါတယ္၊
ကိုယ္ကသူမ်ားဆီကယူၿပီး ျပန္မေပးႏိူင္ေတာ့တဲ့အခ်ိန္က်
သစၥာတရားဟာခႏၶာကိုယ္ထဲမွာ မရွိေတာ့ဘူး၊
မုသားေတြက ေငြေခ်းယူထားတဲ့လူရဲ႕
ခႏၶာကိုယ္ထဲမွာျပည့္ျပည့္လာတယ္၊
စီးပြားေရးေလာကမွာဘာလို႔ အရမ္းေငြလိုေနၾကတာလဲ၊
ဘာေတြလုပ္လို႔မႏိူင္မနင္း ျဖစ္ေနရတာလဲ၊
ကိုယ္ေျခေထာက္ေပၚေတာင္ ကိုယ္မရပ္ႏိူင္ေတာ့ဘူးဆိုရင္
ဒီလုပ္ငန္းဒီကုမၸဏီႀကီးကေကာ ရပ္တည္လို႔ရႏိူင္ပါ့မွလား၊
အလုပ္ေတြကိုမတရားတိုးခ်ဲ႕ ေျမကြက္ေတြကိုဝယ္ထား၊
ကြန္ဒိုေတြေဆာက္ ေက်ာက္ေတြဝယ္ ပဲေတြဝယ္ကစား
စီးပြားေရးကမေကာင္းေတာ့ လုပ္ထားတဲ့လုပ္ငန္းတိုင္း အရံွဳးေပၚ
ယူထားတဲ့အတိုးေတြကတက္ အသံုးစရိတ္ေတြကမေလ်ာ့
ဟန္ကိုယ့္ဖို႔လုပ္ယင္းနဲ႔ အားလံုးဒုကၡေရာက္ေနၾကတယ္၊
အတိုးႏူန္းျမင့္လို႔ေအာ္ေနၾကတာ၊ မွန္ပါတယ္၊
အတိုးႏူန္းကအရင္ထဲကဒီအတိုင္းပါဘဲ၊
ခုမွလာေအာ္တာကလဲ မွားမေနဘူးလား၊
ပုဂၢလိကဘဏ္ေတြကလဲ ထိုနည္း၎ဘဲ၊
ေခ်းေငြထုတ္ေပးဖို႔ရာျပတ္ ေတြမတရားျမင့္ေအာင္
ေစ်းေပးၿပီးေငြထုတ္ေပးခဲ့တယ္၊ အေပါင္ထားၿပီးေငြေခ်းခဲ့တဲ့သူ
ေတြကအခုခ်ိန္မွာေခ်းေငြလဲ မဆပ္ႏိူင္ေတာ့ကိုယ့္အိမ္
ကိုယ့္တိုက္ကိုယ့္ေျမကြက္ကို အသိမ္းခံဖို႔ျပင္ေနၾကတယ္၊
အတိုးလဲမေပးႏိူင္တာၾကာၿပီ၊
အမွန္တကယ္ေတာ့ စီးပြားေရးမေကာင္းေတာ့ အားလံုးပတ္လည္ျဖစ္ကုန္တယ္၊
တကယ္ေတာ့ေလာဘသားေတြ ပါဘဲ၊ လြန္ခဲ့ေသာသံုးႏွစ္ကေျမပိုင္ထားတဲ့ သူေတြကအရမ္းခ်မ္းသာၾကတယ္၊
မုဒိတာပြားပါတယ္၊ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြလဲ အားလံုးအလုပ္ျဖစ္ၾကပါတယ္၊
ပုဂၢလိကဘဏ္ကလဲသူတို႔ကို ေငြေခ်းေပးထားေတာ့ အားလံုးအဆင္ေျပၾကတာေပါ့၊
အခုေတာ့အားလံုးအဆင္မေျပ ေတာ့အားလံုး႐ူပ္ေထြးကုန္ေရာ၊ တိုင္းျပည္မွာကေငြေခ်းတာလဲ ဖက္ရွင္လိုျဖစ္ေနတယ္၊ သူမ်ားေငြကိုယူၿပီးအလကား အတိုးေပးေနၾကၿပီး အလုပ္ကမျဖစ္ၾကဘူး၊
ေငြယူထားတဲ့သူေတြက အစထဲကေငြမရွိၾကတာလား အလုပ္ထဲမွာရံွဳးသြားတာလား လုပ္ငန္းေတြခ်ဲ႕ယင္းေငြေတြ မေပၚဘူးျဖစ္ကုန္တာလား၊ ဆိုတာသူတို႔ဘဲသိေတာ့မယ္၊
တကယ္ေတာ့စီးပြားေရး လုပ္ငန္းဟာအားလံုးေဒါက္တိုင္ ေလးေတြလိုဘဲဆက္ေနၾကတာ၊
တတိုင္တိုင္ကလဲသြားရင္ အားလံုးဆင့္ကာဆင့္ကာ ၿပိဳလွဲတတ္ပါတယ္၊ အားလံုးသတိျပဳၾကပါ၊
အလုပ္အကိုင္မေကာင္းခ်ိန္မွာ အလုပ္ကိုအတင္းလုပ္ရင္လဲ ေငြေတြကုန္ၿပီးပိုႏွစ္သြားတာဘဲ ျဖစ္မယ္၊
အလုပ္မေကာင္းခ်ိန္မွာ ေငြရလြယ္တဲ့လမ္းေတြ ေျပာၿပီးလိမ္မဲ့သူေတြက အေသကိုစားဖို႔ဝဲေနတဲ့ လင္းတဌက္ေတြလိုပိုမ်ား ေနတယ္၊
ဘာလုပ္ငန္းကိုမဆို ေခ်းေငြမပါဘဲကိုယ့္ဖာသာ ကိုယ္အရင္ရပ္တည္ႏိူင္ေအာင္ ႀကိဳးစားၾကပါ၊
ေခ်းေငြနဲ႔အလုပ္လုပ္တယ္ဆိုတာ အလုပ္အကိုင္သြက္လက္ေနရင္ ေကာင္းပါတယ္၊
ခုလိုခ်ိန္မွာေတာ့အထူးဂ႐ုစိုက္ သင့္ပါတယ္၊
ကၽြန္ေတာ္ေမာင္ဝင္းစိန္
4/1/2018, 3:22PM
ၾကာသာပေတးေန ့
Unicode
အသေးစားလုပ်ငန်းဘဲ လုပ်လုပ်
စီးပွားရေးလုပ်ငန်းဘဲလုပ်လုပ်
ပဲရောင်းတာဘဲလုပ်လုပ်
ကျောက်ရောင်းဝယ်ဘဲလုပ်လုပ်
အိမ်ဆိုင်ဖွင့်တာဘဲလုပ်လုပ်
ဘယ်စီးပွားရေးအလုပ်ဘဲ
ဖြစ်ပါစေပထမတော့
ကိုယ့်အရင်းအနှီးလေးနဲ့စတင် လုပ်ကိုင်ရပါတယ်။
ကိုယ်လုပ်တဲ့လုပ်ငန်းကို
ကျွမ်းကျင်မူနဲ့တတ်ကျွမ်းမူ
အပေါ်အောင်မြင်ဖို့လမ်းစ
အကျိုးအမြတ်အများကြီးမြင်လို့
ကိုယ့်အမြတ်ကိုသူများနဲနဲခွဲဝေ
ပေးတဲ့သဘောမျိုး
သူများငွေကိုအတိုးပေး
ချေးယူလုပ်ကိုင်ကြတယ်။
ကိုယ်လုပ်နေတဲ့အလုပ်က
ကိုယ်ထည့်ထားတဲ့အရင်းအနှီး
အတွက်တောင်အမြတ်မရှိရင်
ချေးငွေသွားယူပြီး ဘာထပ်လုပ်စရာလိုမှာလဲ။
ငွေထုတ်ပေးတဲ့သူက
တကယ်တော့အသေစားစားတာဘဲ၊
အတိုးတလ နှစ်ကျပ်ရမယ်
ဆိုရင်သူကပုံသေဝင်ငွေ ရနေတော့တယ်။
တနှစ် -၂၄ လေးနှစ်ပြည့်ရင်
အရင်းကနှစ်ဆဖြစ်သွားပြီ၊
ငွေချေးပြီးအလုပ်လုပ်တဲ့သူ
မြတ်မမြတ်တော့မသိဘူး၊
အတိုးချတဲ့သူကမြတ်သွားပြီ။
အစိုးရကတောင်သူတွေကို
နှစ်စဉ်အမတော်ကြေး
ချေးငွေနှစ်စဉ်ထုတ်ပေးတယ်၊
တောင်သူတော်တော်များများ
ပြန်မဆပ်နိူင်ဘူး၊
တကယ်တော့အစိုးရက
တောင်သူတွေအဆင်ပြေအောင်
လိုအပ်တဲ့မျိုးနဲ့ဓါတ်မြေသြဇာတွေ၊
လယ်နဲ့ပတ်သက်တဲ့ စက်ကိရိယာတွေဝယ်ဖို့ထုတ်ပေးတာ၊
အခုနောက်ပိုင်းခေတ်စား
လာတာကပုဂ္ဂလိကဘဏ်တွေကပေးတဲ့ချေးငွေကို
အသဲအသန်လိုချင်လာကြတယ်၊
လုပ်ငန်းကြီးကြီးလည်ပတ်တဲ့သူတွေကချေးငွေကိုမယူမဖြစ်ယူကြရတယ်၊
အကြောင်းတခုခုဖြစ်ရင် ချေးငွေယူထားကြောင်း
အထောက်အထားပြလို့ ရတာကတကြောင်း၊
ချေးငွေတွေအများကြီးရယူပြီး မြေဝယ်ငွေဝယ်ရွှေဝယ်
ပေါ်ပင်အလုပ်တွေဝင်လုပ်ကြတယ်၊
ငွေဆိုတာကလဲအတောင်ပျံ တခုလိုဘဲ၊
ကျားလိုသတ္တဝါလိုမျိုးမှာ အတောင်တပ်မိရင် ဘာဖြစ်သွားမှာလဲ၊
တချို့လုပ်ငန်းရှင်တွေက ပေးရမဲ့အတိုးကိုမကြောက်ဘူး၊
ဘယ်လောက်ချေးပေးမယ်လဲ၊ လာသမျှယူပေးတယ်၊
သစ္စာတရားဆိုတဲ့ဂတိတခုဟာ ကိုယ့်မှာရှိနေတဲ့အချိန်
ကိုယ်ကသူများကိုပြန်ပေးနိူင်တဲ့ အချိန်မှာအရမ်းတည်ပါတယ်၊
ကိုယ်ကသူများဆီကယူပြီး ပြန်မပေးနိူင်တော့တဲ့အချိန်ကျ
သစ္စာတရားဟာခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူး၊
မုသားတွေက ငွေချေးယူထားတဲ့လူရဲ့
ခန္ဓာကိုယ်ထဲမှာပြည့်ပြည့်လာတယ်၊
စီးပွားရေးလောကမှာဘာလို့ အရမ်းငွေလိုနေကြတာလဲ၊
ဘာတွေလုပ်လို့မနိူင်မနင်း ဖြစ်နေရတာလဲ၊
ကိုယ်ခြေထောက်ပေါ်တောင် ကိုယ်မရပ်နိူင်တော့ဘူးဆိုရင်
ဒီလုပ်ငန်းဒီကုမ္ပဏီကြီးကကော ရပ်တည်လို့ရနိူင်ပါ့မှလား၊
အလုပ်တွေကိုမတရားတိုးချဲ့ မြေကွက်တွေကိုဝယ်ထား၊
ကွန်ဒိုတွေဆောက် ကျောက်တွေဝယ် ပဲတွေဝယ်ကစား
စီးပွားရေးကမကောင်းတော့ လုပ်ထားတဲ့လုပ်ငန်းတိုင်း အရံှုးပေါ်
ယူထားတဲ့အတိုးတွေကတက် အသုံးစရိတ်တွေကမလျော့
ဟန်ကိုယ့်ဖို့လုပ်ယင်းနဲ့ အားလုံးဒုက္ခရောက်နေကြတယ်၊
အတိုးနူန်းမြင့်လို့အော်နေကြတာ၊ မှန်ပါတယ်၊
အတိုးနူန်းကအရင်ထဲကဒီအတိုင်းပါဘဲ၊
ခုမှလာအော်တာကလဲ မှားမနေဘူးလား၊
ပုဂ္ဂလိကဘဏ်တွေကလဲ ထိုနည်း၎င်းဘဲ၊
ချေးငွေထုတ်ပေးဖို့ရာပြတ် တွေမတရားမြင့်အောင်
ဈေးပေးပြီးငွေထုတ်ပေးခဲ့တယ်၊ အပေါင်ထားပြီးငွေချေးခဲ့တဲ့သူ
တွေကအခုချိန်မှာချေးငွေလဲ မဆပ်နိူင်တော့ကိုယ့်အိမ်
ကိုယ့်တိုက်ကိုယ့်မြေကွက်ကို အသိမ်းခံဖို့ပြင်နေကြတယ်၊
အတိုးလဲမပေးနိူင်တာကြာပြီ၊
အမှန်တကယ်တော့ စီးပွားရေးမကောင်းတော့ အားလုံးပတ်လည်ဖြစ်ကုန်တယ်၊
တကယ်တော့လောဘသားတွေ ပါဘဲ၊ လွန်ခဲ့သောသုံးနှစ်ကမြေပိုင်ထားတဲ့ သူတွေကအရမ်းချမ်းသာကြတယ်၊
မုဒိတာပွားပါတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလဲ အားလုံးအလုပ်ဖြစ်ကြပါတယ်၊
ပုဂ္ဂလိကဘဏ်ကလဲသူတို့ကို ငွေချေးပေးထားတော့ အားလုံးအဆင်ပြေကြတာပေါ့၊
အခုတော့အားလုံးအဆင်မပြေ တော့အားလုံးရူပ်ထွေးကုန်ရော၊ တိုင်းပြည်မှာကငွေချေးတာလဲ ဖက်ရှင်လိုဖြစ်နေတယ်၊ သူများငွေကိုယူပြီးအလကား အတိုးပေးနေကြပြီး အလုပ်ကမဖြစ်ကြဘူး၊
ငွေယူထားတဲ့သူတွေက အစထဲကငွေမရှိကြတာလား အလုပ်ထဲမှာရံှုးသွားတာလား လုပ်ငန်းတွေချဲ့ယင်းငွေတွေ မပေါ်ဘူးဖြစ်ကုန်တာလား၊ ဆိုတာသူတို့ဘဲသိတော့မယ်၊
တကယ်တော့စီးပွားရေး လုပ်ငန်းဟာအားလုံးဒေါက်တိုင် လေးတွေလိုဘဲဆက်နေကြတာ၊
တတိုင်တိုင်ကလဲသွားရင် အားလုံးဆင့်ကာဆင့်ကာ ပြိုလှဲတတ်ပါတယ်၊ အားလုံးသတိပြုကြပါ၊
အလုပ်အကိုင်မကောင်းချိန်မှာ အလုပ်ကိုအတင်းလုပ်ရင်လဲ ငွေတွေကုန်ပြီးပိုနှစ်သွားတာဘဲ ဖြစ်မယ်၊
အလုပ်မကောင်းချိန်မှာ ငွေရလွယ်တဲ့လမ်းတွေ ပြောပြီးလိမ်မဲ့သူတွေက အသေကိုစားဖို့ဝဲနေတဲ့ လင်းတဌက်တွေလိုပိုများ နေတယ်၊
ဘာလုပ်ငန်းကိုမဆို ချေးငွေမပါဘဲကိုယ့်ဖာသာ ကိုယ်အရင်ရပ်တည်နိူင်အောင် ကြိုးစားကြပါ၊
ချေးငွေနဲ့အလုပ်လုပ်တယ်ဆိုတာ အလုပ်အကိုင်သွက်လက်နေရင် ကောင်းပါတယ်၊
ခုလိုချိန်မှာတော့အထူးဂရုစိုက် သင့်ပါတယ်၊
ကျွန်တော်မောင်ဝင်းစိန်
4/1/2018, 3:22PM
ကြာသာပတေးနေ့