31.12.2017
#ZPLစာစုများ
Unicode
စိတ်မကောင်းပါဘူး SME တို့ –
SME တွေအတွက် သိန်း ၁ ထောင် အနဲဆုံးချေးပေးမယ် ဆိုလို့ဝမ်း မသာနဲ့ဦး …
SMEအသင်းဝင်သွားလျှောက် မိမိလုပ်ငန်း ၂ နှစ်အထက်ရှိမှ အသင်းဝင်ဖြစ်ဖို့ အမြန်ဆုံး ၂ လ ကြာမယ်
SME အစစ်တွေက အပေါင်ပစ္စည်းကတော့ ရှိကြမှာမဟုတ်တော့ သိန်း၂၀၀ က အများဆုံး အာမခံက ကြားထဲက ချေးငွေ အာမခံ လက်မှတ်ထုတ်ပေးမယ် အဲ့လက်မှတ်အတွက် တစ်နှစ် အတိုးနှုန်းရှိပါတယ် 2 % လား 2.5%လားး မသိဘူး
ချေးငွေအမခံလက်မှတ် က SME လုပ်ငန်းတိုင်းကိုမပေးဘူး တင်ထားတဲ့လူတွေလည်းများတယ် စစ်တဲ့အခါ ၁နှစ် စာ ငွေရှင်းတမ်း လုပ်ငန်းလိုင်စင် ၂နှစ် သက်တမ်း အခွန်ဆောင်မှတ်တမ်း နေ့စဉ်ဝင်ငွေ မှတ်တမ်း ရှုံးအမြတ်စာရင်း ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေ တင်ထားလျောက်ထားရတယ် ကိုယ့်အလှည့်ရောက်ဖို့… ဆိုတာ..ထားပါတော့ ရောက်လာပြီဆိုရင် သူတို့ လာစစ်မယ် သူတို့ကကြိုက်ပြီဆိုရင် ကိုယ်တင်ထားတာ ၂၀၀ သူတို့တန်ဖိုးဖြတ်ရင်တော့ ၅၀ ကနေ ၈၀ ကြား… အဲ ဒီတော့ ..ရတယ်ပဲထားပါအုံး… အာမခံက ချေးငွေ အာမခံ လက်မှတ်ရပြီဆိုတဲ့နေ့ကနေ သူ့ကိုပေးရမယ့် အတိုးနှုန်းစပါတယ် အဲ့ဒါရပြီဆို ဘဏ်ပြေးပေါ့ အစိုးရဘဏ်တော့မပြောတတ် ပုပ္ပလိက ဘဏ် ကတော့ ပြန်စစ်သေးတယ် စာရင်းတွေ အကုန် အာမခံက စစ်ခဲ့သလို သူတို့ ကြိုက်ပြီဆိုရင် ငွေထုတ်ပေးပါပြီ …
ကဲ.. ငမွဲ SME လေးတွေရေ …ကျော်ဖြတ်နိုင်ပါ့မလား ….
အပေါင်ပစ္စည်းမြေတွေ အဆောက်အဦတွေ ပိုင် တဲ့လူတွေဆိုတာ ဒီနေ့ ဘယ်လိုလူတွေများသလဲ….
ဘာအလုပ်မှမရှိ မြေဝယ်ထား အခန်းဝယ်ထားသူတွေ
ဘဏ်ပေါင်ထားပြီး ဂျမ်းဖြစ်နေတဲ့လူ မြေဈေးအိမ်ဈေးကျလို့ ဂန့်နေတဲ့လူတွေ များမှများ.. အဲ့ဒီလူမျိုးတွေဆိုတာ အဘ တို့ အမတို့ ကွီးတို့ခရိုတို့ ဘဏ်တို့ရဲ့သားသမီးဆွေမျိုးမိတ်ဆွေဘောစွဲဘောမထမိန်ခြုံကပ်ဖားတွေ ကအများစု ….
ခုတော့ထပ်ထောပြီး ကြပ်နေတာတွေ ချောင်တော့မယ် ရောင်းမရတဲ့မြေတွေအိမ်ခန်းတွေကို ဟိုမရောက်ဒီမရောက် သားသမီးဆွေမျိုးတွေထည့်ထားတဲ့ ကုပဏီ လုပ်ငန်းတွေထဲထည့်ပြီး SME ဆိုပြီးငွေချေးမယ် မြေပါတော့ ချေးငွေရဖို့ မြန်လည်းမြန် ထောင်ချီပြီး ရကြတော့မှာပေါ့ ချောင်လည်သွားကြမှာပါ
ဘာဆက်ဖြစ်မလဲ ဂျာအေး သူ့အမေရိုက်ပဲပေါ့ ချေးသွားတဲ့ငွေက လုပ်ငန်းပြန်မဖြစ်လာဘူး ကားဝယ် မြေဝယ် အခန်းဝယ် ငွေတိုးပြန်ချ ဒါတွေပဲ လုပ်ကြမယ်လေ
ငွေချေးတယ်ဆိုတာ risk factorများတယ်လေ လို့ပြောမ လို့လား… ခင်ဗျားတို့ချေးငွေ ကိုက်ထားတဲ့လူတွေ က ethic ရှိလို့လား ပြန်မေးလိုက်ချင်တယ်
SME တိုးတက်စေချင်လား … တကယ်လုပ်နေတဲ့လုပ်ငန်း ဆိုတာနဲ့ ချေးငွေ ကို ကြိုးနီ စနစ်မပါပဲမြန်မြန်ဆန်ဆန်ချပေးပါ ငါတို့အတွက်ဆိုတာတွေတော်ကြပါတော့
လူကိုတန်ဖိုးထားရမယ် လူရဲ့သိက္ခာကို အပေါင်ပစ္စည်းအဖြစ် လက်ခံနိုင်ရမယ် လူကို ယုံရမယ်
သန်း ၅၀ လုံး နီးပါး ဟာ ခင်ဗျားတို့ကိုယုံလို့ ပုံအပ်ခဲ့လို ခင်ဗျားတို့ လက်ထက် ရောက်လာပြီပဲ ခင်ဗျားတို့ ဒီဘဝရောက်အောင် လုပ်ပေးခဲ့တဲ့ လူတွေကို မယုံဘူးလား လို့မေးချင်ပါ တယ်
အခုလိုချေးတယ်ဆိုတာခုမှမဟုတ်ပါဘူး နှစ်တိုင်းရှိပါတယ် ခေတ်တိုင်းမှာလည်းရှိခဲ့တယ်
31.12.2017
#ZPLစာစုများ
Hi, very nice website, cheers!
——————————————————
Need cheap and reliable hosting? Our shared plans start at $10 for an year and VPS plans for $6/Mo.
——————————————————
Check here: https://www.good-webhosting.com/